Saturday, October 5, 2013

ရတနာပုံ နည်းပညာ တက္ကသိုလ်သို့ ကန်ဒေါ်လာ လေးသောင်းကျော်ရှိ အီလက်ထရွန်နစ် သင်ထောက်ကူ ပစ္စည်းများ ဂျာမနီ ကုမ္ပဏီလှူ

Photo: ရတနာပုံ နည်းပညာ တက္ကသိုလ်သို့ ကန်ဒေါ်လာ လေးသောင်းကျော်ရှိ အီလက်ထရွန်နစ် သင်ထောက်ကူ ပစ္စည်းများ ဂျာမနီ ကုမ္ပဏီလှူ
Saturday, October 5, 2013

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ လေးသောင်းကျော် တန်ဖိုးရှိ စက်မှု အီလက်ထရွန်နစ် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများကို ဂျာမနီနိုင်ငံ အခြေစိုက် Festo Didactic ကုမ္ပဏီနှင့် ၎င်း၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Sea Lion ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) ၌ ပေးအပ်လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံရှိ လူငယ်များ ကုန်ထုတ်စနစ်ဆိုင်ရာ နည်းပညာများ လေ့ကျင့် သင်ကြားမှု ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ Festo Didactic ကုမ္ပဏီနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အနာဂတ်ကို ရည်မျှော်သည့် ပညာရေးနှင့် လေ့ကျင့် သင်ကြားရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲ (Symposium on Education and Training for the Future) ကို စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း ကောင်း၊ အလိုအလျောက် စက်မှုကုန်ထုတ် စနစ်ဆိုင်ရာ လက်တွေ့အသုံးချ အလုပ်ရုံ ဆွေးနွေးပွဲ (Workshop on Industrial Automotion) ကို စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် လည်းကောင်း နေပြည်တော် MICC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းသို့ ပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်များနှင့် စက်မှုလက်မှု သိပ္ပံများမှ ပါမောက္ခ၊ ဆရာ၊ ဆရာမ ၁၄ ဦးတို့သည် Festo Didactic ကုမ္ပဏီမှ အင်ဂျင်နီယာ Mr. Wolfgang Eckart နှင့်အတူ အလိုအလျောက် စက်မှုကုန်ထုတ်စနစ် ((Industrial Automation) နှင့် သက်ဆိုင်သော သင်ထောက်ကူ စက်ပစ္စည်းများနှင့် ပရိုဂရမ်များကို လက်တွေ့လေ့လာခဲ့ကြကြောင်း Sea Lion ကုမ္ပဏီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံတွင်မဆို စက်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်မှုကဏ္ဍ သင်ကြားရေးနှင့် လေ့ကျင့်ရေးတို့မှာ အရေးကြီးကြောင်း၊ မြန်မာနိုင်ငံမှ လူငယ်များ အိမ်နီးချင်း နိုင်ငံများနှင့် စက်မှုကဏ္ဍ ကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရင်ပေါင်တန်း နိုင်အောင် သင်ထောက်ကူ ပစ္စည်းများသာမက နည်းပညာများကိုပါ မျှဝေပေးသွားမည် ဖြစ်ကြောင်း Festo Didactic ကုမ္ပဏီမှ နိုင်ငံတကာ ပညာရေး ဌာန အကြီးအကဲ Dr. Nader Imani က ပြောကြားသည်။

Festo Didactic ကုမ္ပဏီသည် စက်မှုပညာရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများနှင့် လိုအပ်သော နည်းပညာများကို ထုတ်လုပ်ရောင်းချ လေ့ကျင့်သင်ကြား ဝန်ဆောင်မှု ပေးနေသော ဂျာမနီနိုင်ငံ အခြေစိုက် ကမ္ဘာ့ထိပ်တန်းစက်မှု ကုမ္ပဏီတစ်ခုဖြစ်ပြီး ယမန်နှစ်က ကုမ္ပဏီ၏ ရောင်းအားမှာ ယူရို ၂ ဒသမ ၂ ဘီလီယံကျော် ရှိကြောင်း ယင်းကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

နည်းပညာ တက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ကို ၂၀၁၀ ပြည့်နှစ် အောက်ဆိုဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology)၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ (Electronic Engineering)၊ အဆင့်မြင့် ဒြပ်ပစ္စည်း အင်ဂျင်နီယာ (Advanced Materials Engineering)၊ တိကျ စက်ပစ္စည်း ထုတ်လုပ်မှု အင်ဂျင်နီယာ (Precision Engineering) အင်ဂျင်နီယာ ဘွဲ့သင်တန်း လေးမျိုးကို သင်ကြား ပို့ချပေးလျက် ရှိသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ လေးသောင်းကျော် တန်ဖိုးရှိ စက်မှု အီလက်ထရွန်နစ် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများကို ဂျာမနီနိုင်ငံ အခြေစိုက် Festo Didactic ကုမ္ပဏီနှင့် ၎င်း၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Sea Lion ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) ၌ ပေးအပ်လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံရှိ လူငယ်များ ကုန်ထုတ်စနစ်ဆိုင်ရာ နည်းပညာများ လေ့ကျင့် သင်ကြားမှု ကျယ်ပြန့်လာစေ ရန် ရည်ရွယ်၍ Festo Didactic ကုမ္ပဏီနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အနာဂတ်ကို ရည်မျှော်သည့် ပညာရေးနှင့် လေ့ကျင့် သင်ကြားရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲ (Symposium on Education and Training for the Future) ကို စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း ကောင်း၊ အလိုအလျောက် စက်မှုကုန်ထုတ် စနစ်ဆိုင်ရာ လက်တွေ့အသုံးချ အလုပ်ရုံ ဆွေးနွေးပွဲ (Workshop on Industrial Automotion) ကို စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် လည်းကောင်း နေပြည်တော် MICC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းသို့ ပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်များနှင့် စက်မှုလက်မှု သိပ္ပံများမှ ပါမောက္ခ၊ ဆရာ၊ ဆရာမ ၁၄ ဦးတို့သည် Festo Didactic ကုမ္ပဏီမှ အင်ဂျင်နီယာ Mr. Wolfgang Eckart နှင့်အတူ အလိုအလျောက် စက်မှုကုန်ထုတ်စနစ် ((Industrial Automation) နှင့် သက်ဆိုင်သော သင်ထောက်ကူ စက်ပစ္စည်းများနှင့် ပရိုဂရမ်များကို လက်တွေ့လေ့လာခဲ့ကြကြောင်း Sea Lion ကုမ္ပဏီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံတွင်မဆို စက်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်မှုကဏ္ဍ သင်ကြားရေးနှင့် လေ့ကျင့်ရေးတို့မှာ အရေးကြီးကြောင်း၊ မြန်မာနိုင်ငံမှ လူငယ်များ အိမ်နီးချင်း နိုင်ငံများနှင့် စက်မှုကဏ္ဍ ကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရင်ပေါင်တန်း နိုင်အောင် သင်ထောက်ကူ ပစ္စည်းများသာမက နည်းပညာများကိုပါ မျှဝေပေးသွားမည် ဖြစ်ကြောင်း Festo Didactic ကုမ္ပဏီမှ နိုင်ငံတကာ ပညာရေး ဌာန အကြီးအကဲ Dr. Nader Imani က ပြောကြားသည်။

Festo Didactic ကုမ္ပဏီသည် စက်မှုပညာရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများနှင့် လိုအပ်သော နည်းပညာများကို ထုတ်လုပ်ရောင်းချ လေ့ကျင့်သင်ကြား ဝန်ဆောင်မှု ပေးနေသော ဂျာမနီနိုင်ငံ အခြေစိုက် ကမ္ဘာ့ထိပ်တန်းစက်မှု ကုမ္ပဏီတစ်ခုဖြစ်ပြီး ယမန်နှစ်က ကုမ္ပဏီ၏ ရောင်းအားမှာ ယူရို ၂ ဒသမ ၂ ဘီလီယံကျော် ရှိကြောင်း ယင်းကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

နည်းပညာ တက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ကို ၂၀၁၀ ပြည့်နှစ် အောက်ဆိုဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology)၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ (Electronic Engineering)၊ အဆင့်မြင့် ဒြပ်ပစ္စည်း အင်ဂျင်နီယာ (Advanced Materials Engineering)၊ တိကျ စက်ပစ္စည်း ထုတ်လုပ်မှု အင်ဂျင်နီယာ (Precision Engineering) အင်ဂျင်နီယာ ဘွဲ့သင်တန်း လေးမျိုးကို သင်ကြား ပို့ချပေးလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment