Monday, October 28, 2013

နယူးဒေလီတွင် မြန်မာနိုင်ငံသား ဒုက္ခသည် တစ်သောင်းကျော် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေ

အိန္ဒိ ယနိုင်ငံ နယူးဒေလီမြို့တွင် မြန်မာ နိုင်ငံသား ဒုက္ခသည် တစ်သောင်း ကျော်ခန့် စားဝတ်နေရေး အခက် အခဲ များ ကြုံတွေ့နေရကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီအခြေစိုက် Pann Nu ဖောင်ဒေးရှင်း ၏ အကြံပေး  Ko Kim ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာသို့ ပြောသည်။ ''အဓိက က မြန်မာနိုင်ငံက လာတဲ့ ဒုက္ခသည် အများစု က ပညာ မတတ်ကြဘူး။ လက်မှုပညာလဲ မတတ်တော့ အလုပ်ရုံတွေမှာ အလုပ်လုပ် တဲ့အ ခါမှာ အနည်း ဆုံး လစာဖြစ် တဲ့ ရူပီး ၃ဝဝဝပဲရ တယ်။ အများဆုံးက ၄၅ဝဝ ပေါ့။ အိမ်ငှားခက ၂၅၀၀ အနည်း ဆုံး ပေးရတယ်ဆိုတော့ စားဝတ်နေ ရေးအတွက် ခက်ခဲလာကြတာပါ။ စားဝတ်နေ ရေးခက်ခဲ လာတော့ ညဈေးတွေ မှာ ဟင်းသီးဟင်းရွက် အကြွင်း အကျန် တွေ ကိုလိုက်ရှာပြီး စား သောက် နေကြ ရတာ တွေ တောင် ရှိနေပါပြီ''ဟု ပြောသည်။

ချင်းပြည်နယ် နှင့် ကဘော် ချိုင့်ဝှမ်း ဒေသမှပြည်သူများ ၁၉၈၈ ခုနှစ်မှစပြီး စားဝတ်နေရေးခက် ခဲလာ မှုကြောင့် အိန္ဒိယနိုင်ငံသို့ သွားရောက်ခုံလှုံမှုများ များပြား လာကြောင်း ဒေသခံများပြော ကြားချက်အရ သိရ သည်။ ထန်တလန်မြို့မှ မကင်းပီး က ''၁၉၈၈ကစပြီး ကျွန်မတို့ချင်း ပြည်နယ်က လူငယ်အများစုက ဒေလီကို သွားပြီး အလုပ်လုပ်လာ တာများလာပါတယ်။ အဓိကက တော့ ချင်းပြည်နယ်မှာ စားဝတ် နေရေး တော်တော်ခက် ခဲလာကြ တဲ့အတွက်ပါပဲ''ဟု ပြောသည်။

Pann Nu  ဖောင်ဒေးရှင်း သည် အောက်တိုဘာ၁၄ရက်တွင် လည်း နယူးဒေလီတွင်ခိုလှုံနေကြ ရသော ချင်း အမျိုး သမီးများ၏ ဘဝဒုက္ခအခြေအနေများကို တင် ပြထားသော အစီရင်ခံစာတစ် စောင်ကို နယူးဒေလီ တွင်ဖြန့်ဝေ ခဲ့ကြောင်း သိရ သည်။ ''ဒုက္ခသည် တွေ ထဲမှာ အမျိုး သမီးတွေက ပိုပြီးလူ့ အခွင့် အရေး ချိုးဖောက်ခံရတာများတယ်။ အ လုပ်ခွင်တွေမှာရော၊ နေအိမ်တွေ မှာရော လိင်ပိုင်းဆိုင်ရာ စော် ကားမှုတွေ ရှိ လာတယ်။ ဒီလိုလူ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ကို UN  နဲ့ နိုင်ငံ တကာက သိပြီး ကာကွယ် မှု များများလုပ်ပေးနိုင်ဖို့ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ပါ''ဟု Ko Kim ကပြောသည်။

Pann Nu  ဖောင်ဒေးရှင်း အဖွဲ့သည် အိန္ဒိယနိုင်ငံ နယူးဒေ လီမြို့တွင် တရားဝင်မှတ်ပုံတင် ထားသည့် အဖွဲ့ဖြစ်ပြီး အိန္ဒိယအ ရှေ့မြောက်ဒေသနှင့် မြန်မာနိုင်ငံ မှ အမျိုးသမီးများ၏အခွင့်အရေး ကာကွယ်ရေးနှင့် အမျိုးသမီးဖွံ့ ဖြိုးရေး လုပ်ငန်း များ ကို တက်ကြွ စွာလုပ်ဆောင်နေသည့် အဖွဲ့အ စည်းတစ်ခုဖြစ်သည်။

ငယ်ထွေး (ကလေး)
Yangon Media Gruop

No comments:

Post a Comment