Sunday, October 6, 2013

တိုက်ခန်း လှေကားအတွင်း ဓားဖြင့်ထောက်ကာ ရွှေဆွဲကြိုး လုယူမှု ဖြစ်ပွား

တိုက်ခန်း လှေကားအတွင်း ဓားဖြင့် ထောက်ပြီး ဆွဲကြိုးလုယူမှု ရန်ကုန် တိုင်း ဒေသကြီး လှိုင်မြို့နယ် ၁၁ ရပ်ကွက်၊ အင်းစိန်လမ်း တွင် ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၄ ရက်၊ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လှိုင်မြို့နယ်၊ ၁၁ ရပ် ကွက်၊ အင်းစိန်လမ်း တွင် နေထိုင်သူ ဒေါ် ---- (၄၅)နှစ်မှာ နေအိမ် တိုက် ခန်း ၆ လွှာ သို့ အတက်တွင် တိုက်ခန်းလှေကား၏ သုံးလွှာ အရောက်တွင် အသက်(၂၀)အရွယ် လူငယ်တစ်ဦးက နောက်မှသိုင်းဖက်ကာ ၀မ်းဗိုက် အား ဓားဖြင့်ထောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်က ၎င်း၏ ပုလဲ နှစ်လုံးဆွဲသီးပါ အလေးချိန် တစ်ကျပ် သား ကျော်ခန့်ရှိ ရွှေဆွဲကြိုးအား လုယူပြီး ထွက်ပြေးသွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ထားချက်အရ သိရပါသည်။

ထို့နောက် ဒေါ်----မှ ''ဆွဲကြိုး လုတယ်''ဟု အော်ဟစ်သဖြင့် နေ အိမ် အောက် လမ်းမ အရောက်တွင် အဆိုပါ လူငယ်က အသင့်ပါလာသော ဓားဖြင့် ထိုးသဖြင့် ၀မ်းဗိုက်နှင့် လက်တို့တွင် ဓားဒဏ်ရာများ ရရှိပြီး ရန်ကုန် ဆေးရုံကြီးတွင် (မစိုးရိမ်ရ) တက်ရောက် ကုသနေရကြောင်း သိရသည်။

ယင်းကြောင့် ဒေါ်----မှ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရဲစခန်းသို့ တိုင်ကြား အမှုဖွင့်ခဲ့ပြီး လှိုင်ရဲစခန်းမှ လည်း အဆိုပါ ဖြစ်စဉ်အပေါ် (ပ)၄၀၃/ ၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူအား ဖမ်းဆီးရမိရန် သက်ဆိုင်ရာက စုံစမ်းနေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment