Thursday, October 3, 2013

ပင်လယ်ထဲ မျောပါခဲ့သော ရေလုပ်သားများ ပြန်လည် ရောက်ရှိလာပြီဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ ရေလုပ်သားအချို့သည် ပြီးခဲ့သည့်သြဂုတ် လ နော က် ဆုံးပတ်အတွင်းက ပင်လယ်တွင်း မုန်တိုင်းမိပြီး မျောနေခဲ့ရာ ပျောက်ဆုံး နေသည့် ရေလုပ် သား များ အနက် ကျန်ရှိသည့် ခြောက်ဦးပြန်လည် ရောက်ရှိလာပြီ ဖြစ် သည်ဟု ရေလုပ်သား များ အရေး ကူညီ ဆောင် ရွက်နေသော ဧရာဝတီတိုင်း ၊ တောင်သူလယ်သမား သမဂ္ဂ အတွင်းရေးမှုး ဦးသန့်ဇော်ဦး က မဇ္စျိမကို အောက်တိုဘာ ၃ ရက်တွင် ပြောသည်။
ပျောက်ဆုံးခဲ့သည်မှာ ဆယ်ဦးဖြစ်ပြီး လေးဦးမှာ ပြီးခဲ့သည့် စက်တင်ဘာလကုန်ကပင် ပြန်လည် ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။

ပင်လယ်ထဲ မျောပါသွားသည့် ရေလုပ်သားများသည် ဖျာပုံမှ မော်လမြိုင်၊ ကုလားကုတ်ကျွန်း ဘက် သို့ရောက်ရှိသွားကြပြီး ကုလားကုတ် ကျေးရွာ အုပ်ချုပ်ရေမှုးနှင့် ရွာသူရွာသားများကယ်ဆယ်မှုဖြင့် ဒေသ သို့ ပြန်ရောက် လာကြခြင်းဖြစ်သည်။ ရေလုပ်သားခြောက်ဦးသည် အောက်တိုဘာ ၂ရက်တွင် ၎င်းတို့ အလုပ်လုပ်ကိုင်ရာ အဏ္ဏ၀ါချစ်ကောင်း ရေလုပ်ငန်း သို့ ပြန်လည်ရောက်ရှိ လာခဲ့ ခြင်း ဖြစ်သည်။

တောင်သူလယ်သမား သမဂ္ဂ အတွင်းရေးမှုး ဦးသန့်ဇော်ဦးက “ရေလုပ် သားတွေဘက်ကတော့ ပင်လယ် ထဲ ပြန်မထွက်လိုကြဘူးလို့ ပြော တယ်၊ ရေလုပ်သားတွေရဲ့မိသားစုတွေ အဏ္ဏ၀ါ ချစ်ကောင်း ကိုလိုက် သွားကြ တယ်၊ လုပ်ငန်းရှင်နဲ့ ညှိုနှိုင်းဖို့အတွက်ပါ ”ဟု အောက်တို ဘာ ၃ ရက်တွင် ပြောသည်။

မြောင်းမြမြို့နယ်မှ ရေလုပ်သားများသည် ဖျာပုံမြို့နယ်ရှိ ရေလုပ်ငန်းများ တွင် ရေလုပ်သား အဖြစ် အသက်မွေးဝမ်း ကျောင်းပြုခြင်းများရှိနေသော်လည်း ယခုကဲ့သို့ပင်လယ်အတွင်း မုန်တိုင်းေ ကြာင့် ပျော က် ဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ပင်လယ်အတွင်း ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သူ ယင်းရေလုပ်သား ၁၀ ဦး၏ ထိခိုက် ဒဏ်ရာ ရမှုများအတွက် ဖြေရှင်းပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) နှင့် မြို့နယ် အုပ်ချုပ်ရေးမှုးများထံသို့ အကူအညီ တောင်းထားသည်ဟုလည်း ဦးသန့်ဇော်ဦးက ပြောသည်။

အဆိုပါ ရေလုပ်သားများသည် ပင်လယ်ထဲတွင် ဆယ်ရက်ကြာခန့် မျောနေကြသည် ဟု လည်း ပြန် လည် ရောက်ရှိလာသည့် ရေလုပ်သားများထံမှ သိရသည်။

ပြန်လည် ရောက်ရှိလာသူ ရေလုပ်သား ကိုအောင်မျိုးဝင်းက“ ပင်လယ်ထဲ မှာ ဖောင်ဦးစီးတွေရဲ့ မတရား အလုပ်စေခိုင်းမှုတွေကြောင့် ရေလုပ်သားတွေ က ပင်လယ်ထဲကို ငါးဖမ်းတဲ့ အလုပ် မလုပ်လိုတော့ဘူး၊ ကျန်တဲ့ ရေလုပ်သားတွေကို ပြန်ခေါ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှုးတွေဆီ အကူအညီ တောင်းထားတယ်” ဟုပြော သည်။

Mizzima - News in Burmese

No comments:

Post a Comment