Friday, October 25, 2013

တက္ကသိုလ်တက်ရန် အခက်အခဲရှိသည့် လယ်သမားသားသမီး အယောက် ၁၀၀ ကို ဆန်စပါးအသင်းချုပ်က ပညာသင်စရိတ် ထောက်ပံ့

တောင်သူလယ်သမား သားသမီးများထဲမှ အထက်တန်းအောင်သော်လည်း တက္ကသိုလ် ဆက်တက်ရန် အခက်အခဲဖြစ်နေသူများကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစကာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အထောက်အပံ့ပေးရန် အယောက် ၁၀၀ ကို အောက်တိုဘာလ၂၃ ရက်က ရွေးချယ်ပြီးဖြစ်ကြောင်း ဆန် စပါးလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက ဆက်လက်၍ “အစတည်းက လျာထားတာ အယောက် ၁၀၀ ပါပဲ။ အဲ့ထဲကမှ ပြန်ပြီး ဟုတ်လား၊ မှန်ကန်လား မမှန်ကန်လားဆိုတာ ပြန်စိစစ်မယ်။ အယောက် ၁၀၀ ရွေးဖို့ စီစဉ်ထားပါတယ်၊ ဒီနှစ်မှစပြီး လုပ်တာပါ။ ငွေကြေးလား၊ ဘယ်လို ထောက်ပံ့မလဲဆိုတာတော့ မပြောနိုင်သေးပါဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထောက်ပံ့မှုများပြုလုပ်ရာတွင် တက္ကသိုလ် အမျိုးအစားခွဲခြားထားမှုမရှိဘဲ အမှန်တကယ် မတတ်နိုင်သူ ဖြစ်လျှင် ကျောင်းပြီးသည်အထိ ထောက်ပံ့ပေးမည်ဖြစ်သည်။ ဘွဲ့ရပြီးပါက အလုပ်အကိုင် ရရှိစေရန် အတွက်ပါ ဆက်လက် ထောက်ပံ့မည်ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ ဆန်စပါးအသင်းချုပ်က ညီနောင်အသင်းတွေရှိတယ်။ နယ်က ညီနောင်အသင်းတွေ၊ဆန် စပါးအသင်းတွေကို တစ်ဆင့် ဆက်သွယ်ခိုင်းတယ်။ အဲ့ကနေတစ်ဆင့် ကျောင်းသားစာရင်းတွေ ရလာပါ တယ်။ ကျွန်တော်တို့ အသင်းချုပ်က မှန်ကန်တယ်ထောက်ခံပြီး၊ သေချာစိစစ်ပြီး ရွေးချယ်သွားမှာပါ”ဟု ဦးစိန်ဝင်းလှိုင်က ပြောသည်။

ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာတင်ရာတွင် ကိုယ်ရေးအချက်အလက်၊ မှတ်ပုံတင်မိတ္တူများ၊ သန်းကောင်စာရင်း၊ သက်ဆိုင်ရာရပ်ကွက်၊ ဆရာ၊ ဆရာမများ၏ ထောက်ခံ များနှင့် လျှောက် ရခြင်းဖြစ် ကြောင်း ရွေးချယ်ခံထားသူ မဖြူဖြူသန့်က ပြောသည်။

ကျောင်းထားရန် အခက်အခဲဖြစ်သော လယ်သမားမိသားစုများက ပညာသင်ထောက်ပံ့ကြေး လျှောက် ထားပါက သက်ဆိုင်ရာဒေသရှိ ဆန်စပါးအသင်းချုပ်၏ ညီနောင်အသင်းများမှတစ်ဆင့် ဆက်သွယ်ရ မည်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက်မူ ရွေးချယ်ပြီးဖြစ်၍ လျှောက်လွှာများ လက်ခံခြင်း မရှိ တော့ပေ။

“တင်တုန်းကတော့ မြို့နယ်ရုံးက လာပြောလို့ တင်လိုက်တာပဲ။ ဒီနှစ်မှ တက္ကသိုလ် စတက်မှာ၊ အင်ဂျင်နီ ယာလိုင်း လျှောက်ထားတယ်၊ ရွေးခံရတယ်။ အကြောင်းပြန်တာလည်း အိမ်ကလူကြီးတွေကတစ်ဆင့် သိရတာပဲ၊ တင်တုန်းကတော့ လိုအပ်တယ်ဆိုတဲ့ ထောက်ခံစာတွေ ကိုယ်ရေးအချက်အလက်တွေ၊ စာ သင်ဖို့ခက်ခဲတယ်ဆိုတဲ့ ဆရာမတွေရဲ့ ထောက်ခံချက်တွေနဲ့ လျှောက်လိုက်တာပါ”ဟု မဖြူဖြူသန့် က ပြောသည်။
Mizzima

No comments:

Post a Comment