Thursday, October 10, 2013

ဂျရတ် အသင်းခေါင်းဆောင်ဖြစ်တာ နည်းနည်း နောက်ကျခဲ့တယ်။(ဝိန်း ရူနီ)


မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဖြစ်သူ ဝိန်းရူနီက သူ၏ နိုင်ငံအသင်းဖော် အသင်းခေါင်းဆောင် စတီဗင် ဂျရတ်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး အသင်းခေါင်းဆောင် လက်ပါတ်ကို ယခုထက် ပိုမိုပြီး စောစီးစွာ ရရှိခဲ့သင့်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ရူနီက “စတီဗင်ဟာ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ် ခဲ့ပါတယ်။ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေကို လှုံ့ဆော်ပေးနိုင်မယ့်သူ အဖြစ် သူ့ကို ကျနော် တို့ မြင်ကြပါတယ်။ ကျနော်အမြင်အရတော့ သူ အသင်းခေါင်းဆောင် လက်ပါတ်ကို ရရှိခဲ့တဲ့ အချိန်ထက် နည်းနည်း နောက်ကျမှ ရခဲ့တယ်လို့ ထင်ပါတယ်။ ဒီထက် စောစော အသင်းခေါင်းဆောင် ဖြစ်ခဲ့သင့်တာပါ။”

“ခုဆိုရင် သူ့ကစားဟန် နည်းနည်း ပြောင်းလာပါတယ်။ ဟိုတုန်းက သူတိုက်စစ်ပိုင်းမှာ လိုက်ခဲ့သလောက် အခု သူ မလိုက်တော့ပါဘူး။ နည်းနည်း နောက်ချန်ပြီးတော့ ဘောလုံးဖြန့်ဝေဖို့ အဲဒီအပိုင်းကို လုပ်ဆောင်နိုင်ဖို့ အစွမ်းတွေ သူ့မှာ ရှိနေခဲ့ပါတယ်။ သူဟာ ကျနော်တို့ရဲ့ ခေါင်းဆောင်ပါ။ ပြီးတော့ ကျနော်တို့အတွက် သိပ်ကို အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်လာမှာပါ။”
ဟု ပြောဆို ချီးမွမ်းသွားခဲ့ခြင်း ဖြစ်သည်။

စတီဗင် ဂျရတ်ဟာ လာမည့် သောကြာနေ့ညမှာ ကစားမည့် မွန်တီနီဂရိုးအသင်းနှင့် ဝင်ဘလေမှာ ယှဉ်ပြိုင်မည့် ပွဲစဉ်မှာ နိုင်ငံ လက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် ၃၂ ကြိမ်မြောက် ပါဝင် လာမည် ဖြစ်သည်။
Written by အောင်စိုးမိုး(နတ်ရွာ)

No comments:

Post a Comment