Thursday, October 3, 2013

ဟန်းဆက်များကို ဝန်ထမ်းများအား လက်ငင်းဈေးအတိုင်း အရစ်ကျ (၄) ရစ်စနစ်ဖြင့် ရောင်းချမည်

နေပြည်တော် သပြေကုန်း ဈေးပွဲရုံတန်းအတွင်း ဖွင့်လှစ်ထားသည့် ရွှေမိုး Mobile နှင့် ALCATEL တို့ပူးပေါင်းပြီး ပြင်သစ်နိုင်ငံထုတ် အဆင့်မြင့် ဟန်းဆက်များကို နေပြည်တော်ဒေသရှိ ဝန်ထမ်းများအား လက်ငင်းဈေး အတိုင်း အရစ်ကျ (၄) ရစ်စနစ်ဖြင့် စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ရောင်းချမည့် ဟန်းဆက်အ မျိုးအစားများမှာ ALCATEL OneTouch အမှတ်တံဆိပ် စမတ်ဖုန်းမော်ဒယ်သုံးမျိုး ဖြစ်သည့် OT-918, OT-990 နှင့် OT-995 တို့ဖြစ်သည်။
အဆိုပါ ဟန်းဆက်များကို ၄ ရစ်ဖြင့် အရစ်ကျရောင်းချပေးမည်ဖြစ်ပြီး ဝန်ကြီး ဌာန အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ ဝန်ထမ်း များကို ပံ့ပိုးကူညီသည့်အနေဖြင့် ပုံမှန်ရောင်းဈေးအောက် (18 % to 27%) အထိဖြစ်သော လက်ငင်းဈေး အတိုင်း (၄) ကြိမ်သွင်း အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝယ်ယူရာတွင် ဌာနမှ ဒုညွှန်မှူးအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး၏ သတ်မှတ် ရက်အတွင်း သတ်မှတ်နှုန်းထားအတိုင်း၊ မပျက်မကွက်ပေးချေ ပါမည်ဆို သော ထောက်ခံချက်၊ ဝယ်ယူမည့်သူ၏ မှတ်ပုံတင်အမှတ်၊ မှတ်ပုံတင် မိတ္တူ၊ရုံးတံဆိပ်တို့လိုအပ်ပြီး နောက်ရက်ပိုင်းများတွင် ငွေလာသွင်းရန် လိုအပ်ကြောင်း သိရသည်။

“လာဝယ်ယူတဲ့ အကြိမ်မှာပထမအရစ်ကို ပေးသွင်းရမှာဖြစ်ပေမယ့် လစာ ထုတ်ရက်နဲ့ ရက်အနည်းငယ်ဟတဲ့ ရက်တွေမှာလာဝယ်တဲ့ ဝန်ထမ်း တွေကို လည်းအဆင်ပြေအောင်လို့ ပထမ အရစ်မပါ လည်း ထောက်ခံစာနဲ့ ပုံစံပြည့် စုံရင် ရောင်းချပေးပါတယ်” ဟုရွှေမိုး Mobile မှ တာဝန်ရှိသူ တစ်ဦး ကပြော သည်။ အသေးစိတ်အချက်အလက်များကို ရွှေမိုး Mobile ဖုန်း-၀၆၇-၄၂၂၃၃၄ သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

Internet Journal

No comments:

Post a Comment