Saturday, October 5, 2013

အိုဘားမား၏ အာရှခရီးစဉ် ဖျက်သိမ်းလိုက်ပြီးနောက် သမ္မတ ဦးသိန်းစိန်နှင့် ဘရူနိုင်းတွင် တွေ့ဆုံရန် အစီအစဉ် မရှိတော့

Photo: အိုဘားမား၏ အာရှခရီးစဉ် ဖျက်သိမ်းလိုက်ပြီးနောက် သမ္မတ ဦးသိန်းစိန်နှင့် ဘရူနိုင်းတွင် တွေ့ဆုံရန် အစီအစဉ် မရှိတော့
Saturday, October 5, 2013

အမေရိကန် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းမှုကြောင့် သမ္မတ အိုဘားမား၏ အာရှခရီးစဉ်ကို ဖျက်သိမ်း ခဲ့ရကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။

အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒတွင် အာရှကို အဓိကထားရန် ရည်ရွယ် သည့် ခရီးစဉ်တွင် အာရှထိပ်သီး ညီလာခံနှစ်ခုကို တက်ရောက်ရန် စီစဉ်ထားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပမည့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး အေပက်ထိပ် သီးနှင့် ဘရူနိုင်းတွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး တို့ကို သမ္မတအိုဘားမား တက်ရောက် နိုင်တော့မည် မဟုတ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၃ ရက် နှောင်းပိုင်းတွင် ကြေညာခဲ့သည်။

သမ္မတ အိုဘားမားသည် မလေးရှားနှင့် ဖိလစ်ပိုင် ခရီးစဉ်များကို ဖျက်သိမ်း ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အာရှတွင် သူ၏ နိုင်ငံခြားရေးမူဝါဒကို တင်ပြရန် အခွင့်အရေးအဖြစ် သတ်မှတ်ခံရသည့် ထိပ်သီးဆွေးနွေး ပွဲ နှစ်ခုကို တက်ရောက်ရန် အတွက် အိုဘားမားက ဆုံးဖြတ်ချမှတ် ရန် နှောင့်နှေးနေခဲ့သည်။ အမေရိကန် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းထားမှု တတိယမြောက်နေ့တွင် သမ္မတ၏ အာရှခရီးစဉ် ဖျက်သိမ်းမှု ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

လာမည့် တစ်ပတ်တွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး ပွဲကို တက်ရောက်မည့် ခရီးစဉ်အား ဖျက်သိမ်းသည့် ဆုံးဖြတ်ချက်ကို ဘရူနိုင်းက စိတ်ပျက်မိကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၄ ရက်တွင် ပြောကြားသည်။ ဘရူနိုင်းသည် ၂၀၁၃ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူထားပြီး လာမည့်တစ်ပတ်တွင် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် အမေရိကန်၊ တရုတ်နှင့် အခြားနိုင်ငံများ ပါဝင်သော အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပမည် ဖြစ်သည်။

အိုဘားမားသည် အာရှခရီးစဉ် ဖျက်သိမ်းခဲ့မှုကြောင့် ဆီးရီးယား အရေးမှ သည် မြောက်ကိုရီးယား အရေးအထိ ကမ္ဘာ့နိုင်ငံရေး အကျပ်အတည်း များကို ဆွေးနွေးကြမည့် ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ကို လွဲချော်မည်ဖြစ်သည်။ အိုဘားမားသည် သမ္မတ ပထမသက်တမ်းတွင် အရှေ့တောင်အာရှ နိုင်ငံများနှင့် ဆက်ဆံရေး တိုးချဲ့ခဲ့ပြီး ဒေသတွင်း အငြင်းပွားမှုများတွင် တက်ကြွစွာ ပါဝင်လာခဲ့သည်။

သမ္မတ အိုဘားမားက အာရှခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း အားဖြင့် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည့် ဘရူနိုင်းနိုင်ငံ၌ သမ္မတ ဦးသိန်းစိန်နှင့် သီခြားတွေ့ဆုံနိုင်မည့် အစီအစဉ်မှာ ပျက်ပြယ် သွားပြီ ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ အိုဘားမားတို့သည် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည့် ကမ္ဘော ဒီးယားနိုင်ငံ၌ တစ်ကြိမ် တွေ့ဆုံခဲ့သည့်အပြင် အဆိုပါ အစည်းအဝေး ကာလ အတွင်းမှာပင် သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး သမ္မတ ဦးသိန်းစိန်နှင့် ရန်ကုန်မြို့၌ သီးခြားတွေ့ဆုံခဲ့သည်။

Eleven Media Group
အမေရိကန် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းမှုကြောင့် သမ္မတ အိုဘားမား၏ အာရှခရီးစဉ်ကို ဖျက်သိမ်း ခဲ့ရကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်း တစ်ရပ် အရ သိရသည်။
အိုဘားမား၏ နိုင်ငံခြားရေးမူဝါဒတွင် အာရှကို အဓိကထားရန် ရည်ရွယ်သည့် ခရီးစဉ်တွင် အာရှထိပ်သီး ညီလာခံနှစ်ခုကို တက်ရောက်ရန် စီစဉ်ထားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပမည့် အာရှ ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး အေပက်ထိပ်သီးနှင့် ဘရူနိုင်းတွင် ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးတို့ကို သမ္မတအိုဘားမား တက်ရောက် နိုင်တော့မည် မဟုတ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၃ ရက် နှောင်းပိုင်းတွင် ကြေညာခဲ့သည်။

သမ္မတ အိုဘားမားသည် မလေးရှားနှင့် ဖိလစ်ပိုင် ခရီးစဉ်များကို ဖျက်သိမ်း ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အာရှတွင် သူ၏ နိုင်ငံခြားရေးမူဝါဒကို တင်ပြရန် အခွင့်အရေးအဖြစ် သတ်မှတ်ခံရသည့် ထိပ်သီးဆွေးနွေး ပွဲ နှစ်ခုကို တက်ရောက်ရန် အတွက် အိုဘားမားက ဆုံးဖြတ်ချမှတ် ရန် နှောင့်နှေးနေခဲ့သည်။ အမေရိကန် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းထားမှု တတိယမြောက်နေ့တွင် သမ္မတ၏ အာရှခရီးစဉ် ဖျက်သိမ်းမှု ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

လာမည့် တစ်ပတ်တွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး ပွဲကို တက်ရောက်မည့် ခရီးစဉ်အား ဖျက်သိမ်းသည့် ဆုံးဖြတ်ချက်ကို ဘရူနိုင်းက စိတ်ပျက်မိကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၄ ရက်တွင် ပြောကြားသည်။ ဘရူနိုင်းသည် ၂၀၁၃ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူထားပြီး လာမည့်တစ်ပတ်တွင် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် အမေရိကန်၊ တရုတ်နှင့် အခြားနိုင်ငံများ ပါဝင်သော အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်း ပမည် ဖြစ် သည်။

အိုဘားမားသည် အာရှခရီးစဉ် ဖျက်သိမ်းခဲ့မှုကြောင့် ဆီးရီးယားအရေးမှသည် မြောက်ကိုရီးယား အရေး အထိ ကမ္ဘာ့နိုင်ငံရေး အကျပ်အတည်းများကို ဆွေးနွေးကြမည့် ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင် များနှင့် တွေ့ဆုံခွင့်ကို လွဲချော်မည်ဖြစ်သည်။ အိုဘားမားသည် သမ္မတ ပထမသက်တမ်းတွင် အရှေ့တောင်အာရှ နိုင်ငံများနှင့် ဆက်ဆံရေး တိုးချဲ့ခဲ့ပြီး ဒေသတွင်း အငြင်းပွားမှုများတွင် တက်ကြွစွာ ပါဝင်လာခဲ့သည်။

သမ္မတ အိုဘားမားက အာရှခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း အားဖြင့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကျင်းပမည့် ဘရူနိုင်းနိုင်ငံ၌ သမ္မတ ဦးသိန်းစိန်နှင့် သီခြားတွေ့ဆုံနိုင်မည့် အစီအစဉ် မှာ ပျက်ပြယ် သွားပြီ ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ အိုဘားမားတို့သည် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည့် ကမ္ဘော ဒီးယားနိုင်ငံ၌ တစ်ကြိမ် တွေ့ဆုံခဲ့သည့်အပြင် အဆိုပါ အစည်းအဝေး ကာလ အတွင်းမှာပင် သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး သမ္မတ ဦးသိန်းစိန်နှင့် ရန်ကုန်မြို့၌ သီးခြားတွေ့ဆုံခဲ့သည်။

Eleven Media Group

No comments:

Post a Comment