Thursday, October 3, 2013

စက်မှုကုန်ထုတ်သမဝါယမအသင်းလီမိတက်နှင့်ဂျီအီးစီပညာရေးသမဝါယမအသင်းစုချုပ်တို့မှ ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိ


သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မရမ်းကုန်း မြို့နယ်ရှိ စိန်နဂါး ကြွေမြေဖန်ထည် စက်မှုကုန်ထုတ် သမဝါယမအသင်း လီမိတက်ရုံးခန်း၌ ရန်ကုန်
တိုင်းဒေသကြီး မြို့နယ်နှင့် အခြေခံအသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ စိန်နဂါးကြွေမြေဖန်ထည် စက်မှုကုန်ထုတ်သမဝါယမအသင်းလီမိတက် အုပ်ချုပ်မှုဒါရိုက်တာက သ/မစက်ရုံမှ မီးခံအုပ်အမျိုးမျိုး၊ လျှပ်စစ်ကြွေသီးအမျိုးမျိုး၊ ဖန်ထည်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ယနေ့ဈေးကွက် စီးပွားရေးစနစ်ကို အကောင်အထည်ဖော် နေချိန်တွင် သမဝါယမကဏ္ဍ သည် ဒုတိယမဏ္ဍိုင်ဖြစ်ကြောင်း၊ ဤအသင်း တွင် နိုင်ငံတော်မှ Gas ဝယ်ယူခွင့် ရရှိခြင်း၊ ထိုက်သင့်သည့်လူ့အရင်းအမြစ်နှင့် နည်းပညာရှိခြင်း၊ ဈေးကွက်ရှိခြင်းနှင့် မြေ(၄)ဧကကျော်ပိုင်ဆိုင် ထားခြင်း စသည့်အခြေ ခံကောင်း များ ရှိထားပြီဖြစ်ကြောင်း၊ သို့ပါ၍ ၎င်းအခြေခံကောင်း များကို အခြေခံပြီး အသင်းကို အဆင့်မြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ အဆင့်မြှင့် တင်ရန် အတွက် အမှုဆောင်အဖွဲ့ကို ပြန်လည် အင်အားဖြည့် ဖွဲ့စည်းခြင်း၊ စက်ပစ္စည်းအသစ်များတပ်ဆင်၍ နည်းပညာသစ်များအသုံးပြုခြင်း၊ ပြည် ပသို့ သွားရောက်လေ့လာခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ထားရှိခြင်း၊ ပစ္စည်းအရည်အသွေးမြင့် မားပြီး ဈေးနှုန်းသက်သာအောင် ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ သို့မှသာ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အကူအညီချေးငွေနှင့် နည်းပညာများ ရရှိအောင် ပေါင်း စပ်ညှိနှိုင်းကူညီပေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြော ကြားသည်။

ထို့နောက် ကမာရွတ်မြို့နယ် ဂျီအီးစီပညာရေးသမဝါယမအသင်းစုချုပ်ရုံး ခန်း ၌ အသင်းစုချုပ် ဥက္ကဋ္ဌနှင့်  တာဝန်ရှိသူ များအားတွေ့ဆုံ၍ လုပ်ငန်းများတိုးချဲ့နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရေး အကြံပြုမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment