Monday, October 28, 2013

ဖခင်၏ မီးရှို့သတ်ခြင်း ခံခဲ့ရသည့် အသက် ၁၅ နှစ်အရွယ် ယီမင်အမျိုးသမီးငယ် တစ်ဦး

စေ့စပ်ထားသူနဲ့ အဆက်အသွယ် လုပ်တာကြောင့် အသက် ၁၅ နှစ်အရွယ် ယီမင် အမျိုးသမီးငယ် တစ်ဦးကို သူမရဲ့ဖခင်က မီးရှို့ သတ်ပစ်ခဲ့ကြောင်းယီမင်ပြည် ထဲရေး ၀န်ကြီးဌာနက ပြောကြား ပါတယ်။ အသတ်ခံရသူရဲ့ အသက် ၃၅ နှစ်အရွယ်ရှိ ဖခင်ကို တိုင်ဖ်စီရင်စု အနီးရှိ ရွာတစ်ရွာမှာ ဖမ်းမိ ခဲ့ပါတယ်။ အမျိုးသမီးငယ် အသတ်ခံရတဲ့ အချိန်ကိုတော့ ပြောကြားခြင်း မရှိပါဘူး။ ဒီလို လူသတ်မှုမျိုးကို ကျူးလွန်သူတွေ ကတော့ ဒါဟာ ဂုဏ်တက်ဖွယ် ရာဇ၀တ်မှုလို့ ယုံကြည် နေကြပါတယ်။

ဒီရာဇ၀တ်မှုမျိုး တွေဟာ ကလေးငယ်များကို လက်ထပ် ပေးခြင်းနဲ့ ဂုဏ်ယူဖွယ် လူသတ်တယ် ဆိုတဲ့ ဓလေ့ က ယီမင်နိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေကြောင်းလည်း ဖော်ပြနေ ပါတယ်။ ကလေး အခွင့်အရေး ဦးဆောင် လှုပ် ရှားသူ ရှေ့နေ အာမက်အယ်လ်ကွာရှီနဲ့ သူ့အဖွဲ့ဟာ ဒီမတော်တဆမှုကို စုံစမ်း စစ်ဆေး သွား မှာဖြစ်ပြီး သူကတော့ ဒါဟာ ဂုဏ်တက်စေတဲ့ လူသတ်မှုလို့ ယူဆ ထားပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ အလီအယ်လ်ဘာရီက ဒီလိုဂုဏ်တက် အောင်လုပ်တဲ့ လူသတ်မှုတွေကို အစိုးရက ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့ လိုနေပြီး ဒီလိုမျိုး လူသတ်မှု တွေဟာ မထင်မရှားနဲ့ ပြီးဆုံးသွားလို့ သံသယရှိတဲ့ လူတွေဟာ အပြစ်ပေး မခံရဘဲ ရှိနေကြောင်း ကိုလည်း ပြောကြား ပါတယ်။ ရဲတွေက ၀န်ကြီးဌာနကို တင်ပြတဲ့ တင်ပြချက် မှာတော့ ဖခင်ဟာ သူ့သမီးက သူမနဲ့ စေ့စပ်ထား တဲ့လူနဲ့ ပြောဆို ဆက်သွယ်တယ် ဆိုတဲ့ အကြောင်းပြချက်ပေးကာ ဒီလို လူသတ်မှုကို ကျူးလွန် ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

From: MRTV 4

No comments:

Post a Comment