Monday, October 21, 2013

စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်သား ရှားပါးနေ


စင်ကာပူနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြင့်မားလာသော်လည်း အလုပ်သမား လုံလောက်မှုမရှိခြင်း ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟုသိရသည်။ဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက် လာခဲ့ပြီး အလုပ်သမားမလုံလောက်မှုကြောင့် စင်ကာပူဆောက်လုပ်ရေး လုပ်ငန်းများသည် ကုန်ကျ စရိတ်မြင့်မားခြင်းနှင့် လုပ်ငန်းပြီးဆုံးရန်အတွက် အချိန်ကြာမြင့်စွာယူနေရသည့် အခြေအနေတွင် ဆိုက်ရော က် နေ သည်။
ကျွမ်းကျင်သူများကဆောက် လုပ်ရေးလုပ်ငန်း လိုအပ်ချက်မှာ မြင့်မား လာခြင်းကြောင့် ဆောက် လုပ်ရေး ကန် ထရိုက်တာများအတွက် သတင်းကောင်းဖြစ်သော်လည်း အခြားတစ်ဖက်တွင် အလုပ်သမား အင်အားပြတ်တောက် မှုပြဿနာများနှင့် ရင်ဆိုင်နေရ သည်ဟုဆိုသည်။ စင်ကာပူနိုင်ငံ၌ လွန်ခဲ့ သောနှစ် က ဆောက်လုပ်ရေးစီမံ ကိန်းတွင် အသုံးပြုသည့် ဒေါ်လာ ၃၀ ဒသမ ရ ဘီလီယံရှိခဲ့ပြီး ယခု နှစ် တွင် ဒေါ်လာ ၂၈ ဘီလီယံမှ ဒေါ်လာ ၃၄ ဘီလီယံအထိ မြင့် တက်လာခဲ့သည်ဟု သိရသည်။

ထို့အပြင် ၂၀၀ရ ခုနှစ်အ ကုန်တွင် ဆောက်လုပ်ရေး ပါမစ် ချထားမှုသည် ၁၈၀၀၀၀ မှ ယခု နှစ် ဇွန်လတွင် ၃၀၆၅၀၀ အထိ ရှိလာခဲ့သည်ဟု သိရ သည်။ သို့သော် စီမံကိန်းတစ်ခုစီ တွင် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ အလုပ် သမား အင်အားမှာ ထက် ဝက်နီးပါး ကျဆင်းခဲ့သည်ဟု သိ ရသည်။ ကျွမ်းကျင် သူများက စင် ကာပူရှိ ရေနံပိုက်လိုင်း၊ အိမ်ရာ စီမံကိန်းနှင့် အခြားဆောက်လုပ် ရေးစီမံကိန်းများမှာ ဆက်လက် မြင့်တက် လာဖွယ်ရှိသည်ဟု ဆို သည်။

Yangon Media Group

No comments:

Post a Comment