Sunday, October 6, 2013

ကမန်တိုင်းရင်းသား နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်း ကွဲများ တွေ့ ရှိ ရသဖြင့် ဖမ်းဆီးစစ်ဆေးနေ

သံတွဲမြို့နယ်၊ ရွှေလှေ (လင်းသည်)ကျေးရွာတွင် ကမန်တိုင်းရင်း သား နေထိုင်သည့် နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်းကွဲ များ ရောနှောထည့်ထားသည့် ပုလင်းများကို စစ်ဆေးတွေ့ရှိ ရသဖြင့် ပေါက်ကွဲစေတတ်သော အရာဝတ္တုပစ္စည်းများ ဥပဒေပုဒ်မ (၅)ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၅ ရက်က သတင်းရရှိသည်။
ရဲတပ်ဖွဲ့မှ နေအိမ်များအတွင်း ၀င်ရောက် စစ်ဆေး ခဲ့ရာ အောက်တိုဘာ ၁ ရက်က အဆိုပါ ကမန်လင်မယားနှစ် ဦး နေထိုင်သည့် နေအိမ်အတွင်း၌ ယင်းပစ္စည်းများ ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရွှေလှေကျေးရွာဘက်မှာ လက်ပစ်ဗုံး မိတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ဆီမှာလည်း လက်ပစ်ဗုံး မရှိပါဘူး။ ဓာတ်ဆီရယ်၊ အခြား ပစ္စည်းတွေနဲ့ ရောထည့်ထားတဲ့ မီးလောင်တဲ့ ပစ္စည်းမျိုးတွေ စစ်ဆေးတွေ့ရှိ ခဲ့တာပါ။ ဒီပစ္စည်းတွေ ထားရှိတာနဲ့ ပတ်သက်ပြီး စစ်ဆေးနေပါတယ်" ဟု သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့် က ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေလှေ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးကလည်း "ဆူပူမှုတွေ ဖြစ်နေချိန်မှာ လုံခြုံရေး အဖွဲ့တွေက နယ်မြေရှင်းလင်း စုံစမ်းရင်းနဲ့ ဖမ်းမိတာပါ။ အဲဒီမှာ တွေ့ခဲ့တဲ့ ပုလင်းကိုးလုံးထဲမှာ သံမှိုစ၊ ဆန်ကွဲစေ့၊ ဖန်ပုလင်းစ အကွဲစတာတွေ ရောနှောထည့်ထားပြီး ဓာတ်ဆီလည်း ထည့်ထားပါတယ်။ ဖမ်းဆီးထားတဲ့ သူ နှစ်ဦးကို ရမန်ယူထားပြီ" ဟု ပြောကြားခဲ့သည်။

ရွှေလှေ ရဲစခန်းမှ (ပ) ၃၁/၂၀၁၃၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော အရာဝတ္တု ပစ္စည်းများ ပုဒ်မ (၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းနှင့် ဖမ်းဆီးခံရသူ နှစ်ဦးမှာ တင်နောင်ထွန်းနှင့် ဒေါ်ခင်မေသန်း တို့ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment