Tuesday, October 22, 2013

ဗိုက်ထဲက ကလေးကို စနိုက်ပါဖြင့် မပစ်ဟု ဆီးရီးယားငြင်း

အောက်တိုဘာ ၂၂။

ဆီးရီးယားက သူတို့၏ လက်ဖြောင့်တပ်သားများသည် ကိုယ်ဝန်ဆောင်မိခင်ကို စနိုက်ပါနှင့် ပစ်သတ်ပြီး ဗိုက်ထဲက ကလေး၏ ဦးခေါင်းထဲတွင် သေနတ်ကျည်ဆန် ၀င်စေခဲ့သော လုပ်ရပ်မျိုး မလုပ်ခဲ့ပါဟု တရားဝင် ငြင်းဆိုလိုက်သည်။

အောက်တိုဘာ ၁၉ ရက်က Daily Telegraph ၀က်ဘ်ဆိုဒ်တွင် ကလေးတစ်ဦး၏ ဦးခေါင်းအတွင်း ကျည်ဆန်ရှိနေ သည့် အနေအထားကို ဓာတ်မှန်ရိုက်ထားသော ဗီဒီယိုဖိုင်နှင့် သတင်းများ ထွက်လာခြင်း အပေါ် ဆီရီးယားပြန်ကြား ရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ အခြေအမြစ် မရှိသည့် စွပ်စွဲချက်ဟု တရားဝင် ငြင်းဆိုခဲ့ခြင်ဖြစ်သည်။ ဝက်ဘ်ဆိုဒ်တွင် ဆီးရီးယားဆေးရုံတွင် ငါးပါတ်ကြာ စေတနာ့ ၀န်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗြိတိန်ခွဲစိတ်ဆရာဝန် တစ်ဦး၏ ပြောကြားချက်အပေါ် အခြေခံ ၍ ရေးသားထားခြင်း ဖြစ်သည်။

ဆီရီးယားက ထိုသတင်းမှားသည်   ဆီးရီးယားကို ဆန်ကျင်သည့် နိုင်ငံများနှင့် အနောက်အုပ်စု၏ မီဒီယာ ထိုးစစ်သာ ဖြစ်သည်ဟု တုံ့ပြန်ထားသည်။

Ref: Xinhua
မြန်မာ့ခေတ်

No comments:

Post a Comment