Tuesday, October 22, 2013

လူသတ်စက်ရုပ် ခြိမ်းခြောက်မှုရန်မှ ဖယ်ရှားပစ်ရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးက တိုက်တွန်း

Photo: လူသတ်စက်ရုပ် ခြိမ်းခြောက်မှုရန်မှ ဖယ်ရှားပစ်ရန် လူ့အခွင့်အရေး
စောင့်ကြည့်ရေးက တိုက်တွန်း
Tuesday, October 22, 2013

အောက်တိုဘာ ၂၁ရက်က ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများသည် လူသတ်
စက်ရုပ်ဟု တင်စားခေါ်ဝေါ်သည့် အလိုအလျောက် ပစ်ခတ်ခြေမှုန်းနိုင်
သည့် စက်လက်နက်များကို ဖယ်ရှားပစ်ရန် လူ့အခွင့်အရေး စောင့်ကြည်ရေး
အဖွဲ့က တိုက်တွန်း လိုက်သည်။

ယင်းနေ့က နယူးယောက်မြို့ရှိ ကုလမဂ္ဂတွင်ကျင်းသော လူ့အခွင့်အရေး
 စောင့်ကြည့်ရေးအဖွဲ့နှင့် နိုင်ငံတကာလူ့ အခွင့်အရေး ဥပဒေပြုကျောင်းတို့ ပူးပေါင်းပြုလုပ်သည့် လူသားစက်ရုပ်နှင့် ပတ်သတ်သည့် အမေးအဖြေ ကဏ္ဍတွင် အကျေအလည် မဖြေရှင်းနိုင်သေးသော ယင်းပြဿာနာကို တင်သွင်းခဲ့သည်။ လူအစုလိုက် အပြုံလိုက် သေဆုံးစေသော စိတ်ကူးယဉ် သိပ္ပံလက်နက်ဆန်းများ၏ ခြောက်အိပ်မက်ကို နိုင်ငံတကာမှ အရေးစိုက်ရန် လိုအပ်ပြီ ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ စစ်လက်နက်ဆိုင်ရာ ဒါရိုက်တာ စတိဗ်ဂုစ်က ဆိုသည်။

လူသတ်စက်ရုပ်များတွင် drone ဟုခေါ်သော မောင်းသူမဲ့လေယာဉ်များ၊ အခြားလက်နက် တပ်စင်ထားသည့် ရွေ့လျားယဉ်ငယ်များ ပါဝင်သည်။ နည်းပညာ တိုးတက်မှု၏ နောက်ဆက်တွဲ ဘေးထွက် ဆိုးကျိုးသဖွယ်
 ဖြစ်သော ယင်းလက်နက်များသည် ကမ္ဘာ့လူသားတို့ကို များစွာ ခြိမ်းခြောက်
လျှက်ရှိကြောင်း၊ လွန်ခဲ့သောလက ကမ္ဘာ့နိုင်ငံကြီးများ စုပေါင်းကျင်းပသည့်
 ဆွေးနွေးပွဲတွင်လည်း ယင်းသို့သော လက်နက်များအတွက် တိကျသေ
ချာသည့် အဖြေမ ထွက်ခဲ့ကြောင်းလည်း ဆိုသည်။

လာမည့်ဆွေးနွေးပွဲတွင် ပြင်သစ်နိုင်ငံက ဥက္ကဌနေရာမှ ဆောင်ရွက်မည့်
 နျူမဟုတ်သော စစ်လက်နက်များနှင့် ပတ်သတ်သည့် ညီလာခံတွင် ထိရောက်သော ညှိနှိုင်းမှုများထွက်ရန် တိုက်တွန်းထားသည်။ အောက်တိုဘာ ၁၆ရက်က ကွန်ပျူတာနှင့် စက်ရုပ်များဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၂၇၂ဦး ကလည်း လူသားမဲ့ အလိုအလျှောက်စစ်လက်နက်များ အပြည့်အ၀ တားဆီးရန် ဆုံးဖြတ်ချက်တစ်စောင် ထုတ်ခဲ့ဖူးသည်။

Ref: AP
The Myanma Age
အောက်တိုဘာ ၂၁ရက်က ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများသည် လူသတ် စက်ရုပ်ဟု တင်စားခေါ်ဝေါ်သည့် အလို အလျောက် ပစ်ခတ်ခြေမှုန်းနိုင် သည့် စက်လက်နက်များကို ဖယ်ရှားပစ်ရန် လူ့အခွင့် အရေး စောင့်ကြည်ရေးအဖွဲ့က တိုက်တွန်း လိုက်သည်။

ယင်းနေ့က နယူးယောက်မြို့ရှိ ကုလမဂ္ဂတွင်ကျင်းသော လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့နှင့် နိုင်ငံ တကာလူ့ အခွင့်အရေး ဥပဒေပြုကျောင်းတို့ ပူးပေါင်းပြုလုပ်သည့် လူသားစက်ရုပ်နှင့် ပတ်သတ်သည့် အမေးအဖြေ ကဏ္ဍတွင် အကျေအလည် မဖြေရှင်းနိုင်သေးသော ယင်းပြဿာနာကို တင်သွင်းခဲ့သည်။ လူအစုလိုက် အပြုံလိုက် သေဆုံးစေသော စိတ်ကူးယဉ် သိပ္ပံလက်နက် ဆန်းများ၏ ခြောက် အိပ်မက်ကို နိုင်ငံတကာမှ အရေးစိုက်ရန် လိုအပ်ပြီ ဖြစ်ကြောင်း လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့မှ စစ်လက်နက်ဆိုင်ရာ ဒါရိုက်တာ စတိဗ်ဂုစ်က ဆိုသည်။

လူသတ်စက်ရုပ်များတွင် drone ဟုခေါ်သော မောင်းသူမဲ့လေယာဉ်များ၊ အခြားလက်နက် တပ်စင် ထားသည့် ရွေ့လျားယဉ်ငယ်များ ပါဝင်သည်။ နည်းပညာ တိုးတက်မှု၏ နောက်ဆက်တွဲ ဘေးထွက် ဆိုးကျိုးသဖွယ်
ဖြစ်သော ယင်းလက်နက်များသည် ကမ္ဘာ့လူသားတို့ကို များစွာ ခြိမ်းခြောက်လျှက်ရှိကြောင်း၊ လွန်ခဲ့သော လက ကမ္ဘာ့နိုင်ငံကြီးများ စုပေါင်းကျင်းပသည့်ဆွေးနွေးပွဲတွင်လည်း ယင်းသို့သော လက်နက်များ အတွက် တိကျသေချာသည့် အဖြေမ ထွက်ခဲ့ကြောင်းလည်း ဆိုသည်။

လာမည့်ဆွေးနွေးပွဲတွင် ပြင်သစ်နိုင်ငံက ဥက္ကဌနေရာမှ ဆောင်ရွက်မည့်နျူမဟုတ်သော စစ်လက်နက် များနှင့် ပတ်သတ်သည့် ညီလာခံတွင် ထိရောက်သော ညှိနှိုင်းမှုများထွက်ရန် တိုက်တွန်း ထားသည်။ အောက်တိုဘာ ၁၆ရက်က ကွန်ပျူတာနှင့် စက်ရုပ်များဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၂၇၂ဦး ကလည်း လူသားမဲ့ အလိုအလျှောက်စစ်လက်နက်များ အပြည့်အ၀ တားဆီးရန် ဆုံးဖြတ်ချက် တစ်စောင် ထုတ်ခဲ့ဖူးသည်။

Ref: AP
The Myanma Age

No comments:

Post a Comment