Thursday, October 3, 2013

လက်ပံတောင်း သိမ်းဆည်းမြေ လျော်ကြေးထုတ်ဖို့ သတ်မှတ်ရက်တိုးပြီ


လက်ပံတောင်းတောင် ဒေသက သိမ်းဆည်းထားတဲ့ မြေယာလျော်ကြေးတွေ ကို စက်တင်ဘာလ ၃၀ နောက်ဆုံးထား ထုတ်ယူဖို့ သက်ဆိုင်ရာက ကြေညာ ခဲ့ပေမယ့် သတ်မှတ် ရက်ထက် နောက်ဆုတ်ပေးမှာဖြစ်ပြီး စီမံကိန်းနဲ့ လွတ်ကင်းတဲ့ နေရာတွေမှာ တစ်နှစ်တစ်ရာသီစာ စိုက်ပျိုးခွင့် ပေးမယ်လို့ လက်ပံတောင်းတောင် ဒေသခံတွေက ပြောပါတယ်။
အစပိုင်းမှာတော့ လျော်ကြေးငွေကို သတ်မှတ်ချိန်အထိ မထုတ်ယူရင် အဲဒီငွေတွေကို ဒေသဖွံ့ဖြိုးရေး အတွက် အသုံးပြုမယ်လို့ ပြောခဲ့ပြီးနောက် ခုအခါမှာ သတ် မှတ် ရက် ကို နောက် ဆုတ် ပေး လိုက်တယ်လို့ သိရပေမယ့် ဘယ်အချိန်ထိ နောက်ဆုံး ပေးတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

လက် ပံ တောင်း တောင် ဒေသတွင်းက ဒေသခံ အချို့က ရက်နောက် ဆုတ်ပေးဖို့ တောင်းဆို ခဲ့တဲ့အတွက် နောက် ဆုတ် ပေးလိုက်တာ ဖြစ် တယ်လို့ တုံကျေးရွာ ဒေသခံ ကိုမင်းမင်းက ပြောပါတယ်။

“ဒေသခံတောင်သူ ၇ ဦးကနေပြီးတော့ ရက်နောက်ဆုတ်ပေးပါလို့ မေတ္တာ ရပ်ခံထားတဲ့ အတွက် နောက် ဆုတ်ပေးမယ်။ ရက်အတိ အကျတော့ ဘယ်လောက် နောက်ဆုတ်ပေးမယ်ဆိုတာတော့ မသိသေးဘူးလို့ သူတို့အနေနဲ့ ပြောခဲ့တယ်။ သူတို့အနေနဲ့ ဒီ တစ်နှစ်တစ်ရာသီ အနေနဲ့ လွတ်ကင်းတဲ့ နေရာတွေကိုတော့ စိုက်ပျိုးတာ၊ စိုက်ပျိုးပြီးသား သီးနှံတွေ၊ စိုက်ပျိုးနေတဲ့ လူတွေကို အနှောက်အယှက် မပေးဘူး။ ခိုက်ရန် ဒေါသ မဖြစ်ဘူးလို့ ပြောတယ်ခင်ဗျ”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ရှိသူတွေက လိုက်လျောမှုတွေ လုပ်လာပေမယ့် ရွာသားတွေက လက်မခံပဲ သူတို့ပိုင်မြေမှာ ရာသက်ပန် လုပ်စားဖို့သာ လိုလားကြောင်း ကိုမင်းမင်းက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ ဒေသခံတွေကတော့ ဒီလျော်ကြေးကိုလည်း မထုတ်ယူဘူး။ တစ်နှစ်တစ်ရာသီမဟုတ်ဘဲနဲ့ ကျွန်တော်တို့ကဖြင့် လျော်ကြေးငွေကို ရာသက်ပန် မထုတ်ဘဲနဲ့ ရာသက်ပန် လုပ်ကိုင်စားသောက်ချင် တယ်လို့ ကျွန်တော်တို့တင်ပြခဲ့တယ်။ အဲဒီ ကိစ္စ အပေါ်ကိုတော့ သူတို့အနေနဲ့ အထက်ကိုထပ်ဆင့် တင်ပြပေးမယ်လို့ဘဲ ပြန်ပြောခဲ့တယ်ခင်ဗျ။”

လျော်ကြေးငွေ ထုတ်ယူနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ ရက်နောက် ဆုတ်ဖို့ကိစ္စကို ဒေသခံတွေ တောင်း ဆို တာမဟုတ်ပဲ လုပ်ကြံဖန်တီးတာ ဖြစ်တယ်လို့လည်း လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြန်လည် စတင်ပြီဖြစ်ကြောင်း တရားဝင်ကြေညာတာတွေ မရှိပေမယ့် အဆောက်အဦးတည်ဆောက် တာတွေ လုပ်ကွက်အတွင်း လမ်းပြင်တာတွေစတဲ့ အခြေခံ လုပ်ငန်းတွေ တော့ ပြုလုပ်နေကြကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio

No comments:

Post a Comment