Saturday, October 5, 2013

တန်းတူဆက်ဆံမှု မရှိသောကြောင့် အမျိုးသမီးများ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်များတွင် ပါဝင်ခွင့် နည်းပါးနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: တန်းတူဆက်ဆံမှု မရှိသောကြောင့် အမျိုးသမီးများ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်များတွင် ပါဝင်ခွင့် နည်းပါးနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Saturday, October 5, 2013

အမျိုးသား-အမျိုးသမီး တန်းတူရည်တူ မရှိခြင်း၊ ဒုတိယ လူတန်းစားအဖြစ် သတ်မှတ်ထားခြင်းကြောင့် ဥပဒေပြုရေး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တို့တွင် အမျိုးသမီးများ အနေဖြင့် ပါဝင်ခွင့် နည်းပါးနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသား-အမျိုးသမီး တန်းတူရည်တူ အခွင့်အရေး ရရှိရေးအတွက် ဖွဲ့စည်းပုံကို ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ ထိုသို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရာတွင်လည်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ အတည်ဖြစ်သည့် အတွက် ၂၅ ရာခိုင်နှုန်း ဖြစ်သည့် တပ်မတော် သားများတွင် အမျိုးသမီး မပါဝင်ခြင်းမှာ အမျိုးသားများကို ပိုမိုအခွင့်အရေး ပေးထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အပြင် အမျိုးသမီးများ၏ အခွင့်အရေးများ ကာကွယ်ရန်နှင့် အမျိုးသား များ နည်းတူ အခွင့်အရေး တန်းတူရရှိရေး အတွက် ဥပဒေတစ်ခု ရေးဆွဲရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

အမျိုးသမီးများ အနေဖြင့်လည်း ရှေးရိုးဆွဲ မထားဘဲ မိမိကိုယ်မိမိ ယုံကြည်မှုရှိရန်၊ အရည်အချင်း ပြည့်ဝစေရန် အတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ ဗိုလ်ချုပ်အောင်ဆန်းအား ဇနီးကောင်းအဖြစ် ထောက်ပံ့ပေးခဲ့သူ၊ သားသမီးများကိုလည်း မိခင်ကောင်း တစ်ဦးအဖြစ် ပြုစုပျိုးထောင် ပေးခဲ့သူတစ်ဦး ဖြစ်ကြောင်း အမျိုးသမီးများ အနေဖြင့် စံပြနမူနာယူရန် ၎င်း၏ မိခင်ကို ဥပမာပေး ပြောကြားသည်။

''ကျွန်မအနေနဲ့ တိုက်တွန်းချင်တာက မြန်မာနိုင်ငံအတွက် အဖြေတွေကို ရှာပါ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်နိုင်ခွင့် တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံရေး ယဉ်ကျေးမှု ပို့ချပေးနိုင်ဖို့ပါ စဉ်းစားစေချင်ပါတယ်။ ယဉ်ကျေးမှုပုံစံ ဖြစ်လာတဲ့ အခါမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းစဉ်ကို လုံလုံလောက်လောက် လုံခြုံစွာ ရောက်နေပြီလို့ ထင်ရအောင် အောင်မြင် ဖို့ အဖြေတွေကို ရှာပေးပါ။ ကြိုးစားပြီး ဆောင်ရွက်မယ်'' ဟု ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်း ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် နှစ်ရက် ကြာပြု လုပ်မည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ၊ အီးယူပါလီမန်မှ ကိုယ်စားလှယ်များ၊ လက်ရှိတွင် ၀န်ကြီးချုပ်အဖြစ် အမျိုးသမီးက ထမ်းဆောင်နေသော ဂျာမနီနိုင်ငံ၊ ထိုင်းနိုင်ငံ အပါအ၀င် နိုင်ငံ ၂၀ မှ နိုင်ငံတကာမှ အမျိုးသမီးလွှတ်တော် အမတ်များ၊ အမျိုးသမီး အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်ကြောင့် အမျိုးသမီးကဏ္ဍတွင် အပြောင်းအလဲကြီးမားစွာ ဖြစ်ပေါ်လာနိုင်ကြောင်း အီးယူပါလီမန် ကိုယ်စားလှယ် Edit BAUER က မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် ပတ်သက်၍ The Daily Eleven သို့ ပြောကြားသည်။

Eleven Media Group

နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်း ပြောကြားနေစဉ်
နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်း ပြောကြားနေစဉ်
အမျိုးသား-အမျိုးသမီး တန်းတူရည်တူ မရှိခြင်း၊ ဒုတိယ လူတန်းစားအဖြစ် သတ်မှတ်ထားခြင်းကြောင့် ဥပဒေပြုရေး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တို့တွင် အမျိုးသမီးများ အနေဖြင့် ပါဝင်ခွင့် နည်းပါးနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။


အမျိုးသား-အမျိုးသမီး တန်းတူရည်တူ အခွင့်အရေး ရရှိရေးအတွက် ဖွဲ့စည်းပုံကို ပြင်ဆင် ရ မည် ဖြစ်ကြောင်း၊ ထိုသို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရာတွင်လည်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ အတည်ဖြစ်သည့် အတွက် ၂၅ ရာခိုင်နှုန်း ဖြစ်သည့် တပ်မတော် သားများတွင် အမျိုးသမီး မပါဝင်ခြင်းမှာ အမျိုးသားများကို ပိုမိုအခွင့်အရေး ပေးထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အပြင် အမျိုးသမီးများ၏ အခွင့်အရေးများ ကာကွယ်ရန်နှင့် အမျိုးသား များ နည်းတူ အခွင့်အရေး တန်းတူရရှိရေး အတွက် ဥပဒေတစ်ခု ရေးဆွဲရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

အမျိုးသမီးများ အနေဖြင့်လည်း ရှေးရိုးဆွဲ မထားဘဲ မိမိကိုယ်မိမိ ယုံကြည်မှုရှိရန်၊ အရည်အချင်း ပြည့်ဝစေ ရန် အတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ ဗိုလ်ချုပ်အောင်ဆန်းအား ဇနီးကောင်း အဖြစ် ထောက် ပံ့ပေးခဲ့သူ၊ သားသမီးများကိုလည်း မိခင်ကောင်း တစ်ဦးအဖြစ် ပြုစု ပျိုးထောင် ပေးခဲ့သူ တစ်ဦး ဖြစ်ကြောင်း အမျိုးသမီးများ အနေဖြင့် စံပြနမူနာယူရန် ၎င်း၏ မိခင်ကို ဥပမာပေး ပြောကြားသည်။

''ကျွန်မအနေနဲ့ တိုက်တွန်းချင်တာက မြန်မာနိုင်ငံအတွက် အဖြေတွေကို ရှာပါ။ အမျိုးသမီးတွေ နိုင်ငံရေး မှာ ပါဝင်နိုင်ခွင့် တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံရေး ယဉ်ကျေးမှု ပို့ချပေးနိုင်ဖို့ပါ စဉ်းစားစေချင်ပါတယ်။ ယဉ်ကျေးမှုပုံစံ ဖြစ်လာတဲ့ အခါမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းစဉ်ကို လုံလုံလောက်လောက် လုံခြုံစွာ ရောက်နေပြီလို့ ထင်ရအောင် အောင်မြင် ဖို့ အဖြေတွေကို ရှာပေးပါ။ ကြိုးစားပြီး ဆောင်ရွက်မယ်'' ဟု ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်း ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် နှစ်ရက် ကြာပြု လုပ်မည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ၊ အီးယူပါလီမန်မှ ကိုယ်စားလှယ်များ၊ လက်ရှိတွင် ၀န်ကြီးချုပ်အဖြစ် အမျိုးသမီးက ထမ်းဆောင်နေသော ဂျာမနီနိုင်ငံ၊ ထိုင်းနိုင်ငံ အပါအ၀င် နိုင်ငံ ၂၀ မှ နိုင်ငံတကာမှ အမျိုးသမီးလွှတ်တော် အမတ်များ၊ အမျိုးသမီး အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်ကြောင့် အမျိုးသမီးကဏ္ဍတွင် အပြောင်းအလဲကြီးမားစွာ ဖြစ်ပေါ် လာနိုင်ကြောင်း အီးယူပါလီမန် ကိုယ်စားလှယ် Edit BAUER က မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် ပတ်သက်၍ The Daily Eleven သို့ ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment