Wednesday, October 30, 2013

လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်




Photo: လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်
 Wednesday, October 30, 2013

လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်
လိုင်ဇာမြို့မှာ ဒီနေ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အကြို ညှိနှိုင်းဆွေးနွေး ပွဲကို စတင်ပြုလုပ်နေပြီဖြစ် ပါတယ်။ UNFC အဖွဲ့အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ပိုင်းတွေ လည်းလာပြီးး တက်ရောက်တာတွေ့ရပါတယ်။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေ အတွက်တော့ မျှော်လင့်စောင့်စားရတဲ့ ငြိမ်းချမ်းရေး အိပ်မက်ဟာ တကယ်အကောင်အထည်ပေါ်လာပြီလို့ ပြောရင်း ၀မ်းသာ နေကြပါတယ်။

ဒီတစ်ကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးဟာ တစ်နိုင်ငံလုံး အပစ်အ ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လက်ခံမလား လက်မခံဘူးလားဆိုတဲ့ အဖြေနှစ်ခုကို အဓိကထားပြောဆိုကြမယ်လို့ သိရပါတယ်။ အောက်တို ဘာလထဲမှာ အစိုးရဘက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်မယ် ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နိုဝင်ဘာလထဲမှာ ကျင်းပမယ် ဆိုပြီး ပြောင်းသွားပြန်ပါတယ်။ အောက်တိုဘာ (၈၊၉၊၁၀) ရက်နေ့တွေ တုန်းက အစိုးရနဲ့ KIO တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့လို့ ဒေသခံအားလုံး ပျော်ခဲ့ ကြတယ်။ KIO ပါတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်ဖို့ UNFC ကမျှော်လင့်စောင့်စားခဲ့တယ်နဲ့ တူပါ တယ်။

အခုလိုင်ဇာမှာ ထိပ်သီးအစည်းအဝေး ကျင်းပတာက သက်သေပြနေ ပါတယ်။ ဒီအစည်းအဝေးကနေ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ် စဲရေး ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးနေကြပါတယ်။ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေကို မမြင်ချင်တော့သလို သေနတ်သံ၊ ဗုံးသံ၊ မိုင်းကွဲသံတွေကို လည်း မကြားချင်တော့ပါဘူး။ ငြိမ်းချမ်းချင်ပါပြီ။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားအားလုံးရဲ့ အနာဂတ်အတွက် လူနေမှုဘ၀လုံခြုံရေး အာမခံချက် ရချင်လှပါပြီ။ ဒီတော့အဲဒီအစည်းအဝေးက ထွက်ပေါ်လာမယ့် အဖြေကို ကျွန်တော်တို့အနေနဲ့ အကောင်းဘက်ကိုပဲ တွေးထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC အနေနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး အပေါ် သဘောထားအမြင်အမျိုးမျိုးတွေ ထွက်ပေါ်ခဲ့တာ ရှိပါတယ်။ တစ်ဖွဲ့တစ်မျိုး မရိုးအောင်ပြောနေကြမယ့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော် ကိစ္စတွေကြောင့် ဒီတစ်ကြိမ်ပြုလုပ်မယ့် အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲကို မပျက်စေချင်တော့ပါဘူး။ ဒီတော့ အစိုးရက လက်သင့်ခံနိုင်တဲ့ တောင်း ဆိုမှုမျိုးတွေကိုသာ UNFC အနေနဲ့ ပြုလုပ်ဖို့ လိုသလို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ထိုနည်းတူစွာ လုပ်ရမှာပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သမျှ တိုက်ပွဲတွေလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်နကြတယ်၊ ဒေသခံတွေက မြေဇာပင်ဖြစ်ရတာပါ၊ အလားတူ အခြားတိုင်းရင်းသားဒေသတွေမှာလည်း တိုက်ပွဲတွေ မဖြစ်စေချင်တော့ပါဘူး။ တိုက်ပွဲတွေ မဖြစ်အောင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး အပစ်အခတ်ရပ်စဲပြီး တိတိကျကျ လိုက်နာဖို့လိုအပ်တယ်လို့ မြင်မိပါတယ်။ဥပမာ ပြောရရင် လိုင်ဇာ မှာ ပြုလုပ်နေတဲ့ အပစ်အခတ်ရပ်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဇာတ်အဖွဲ့ တစ်ဖွဲ့ဟု သဘောထားပါစို့။ ဇာတ်အဖွဲ့မှာပါဝင်ရတဲ့ သဘင်ပညာရှင်အားလုံး စည်းလုံညီညွတ်မှသာ ဇာတ်နာမည် ထွက်လာမှာဖြစ်သလို ပရိတ်သတ်ကလည်း လက်ခံမှာ ဖြစ်ပါတယ်။ 

အဲဒီလို မဟုတ်ဘဲ ကိုယ်ထင်ရာကိုယ်ပြော ကိုယ်လုပ်တာမှ အမှန်ထင်ပြီး တစ်ဖို့တည်းဇွတ်လုပ်နေရင်တော့ ဇာတ်ခေါင်းကွဲသွားမှာ သေချာပါတယ်။ လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့အနေနဲ့ကလည်း ကိုယ့် လူမျိုး ကိုယ့်တိုင်းရင်းသားတွေအတွက် ရှေ့ရှု့ပြီး အစိုးရနဲ့ အပေးအယူသင့်မြတ်နိုင်တဲ့ တောင်းဆိုမှုတွေ ချမှတ်ဖို့ အရေးကြီးပါတယ်။ မဖြစ်နိုင်တဲ့ဟာကို သွားတောင်းရင်တော့ ဇာတ်ခေါင်းကွဲသွားပြီ တစ်ယောက်တစ် ပေါက် ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်အနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာရှိတဲ့ တိုင်းရင်းသားများအတွက် တောင်းဆိုမှုတစ်ခုလောက် ပြောချင်ပါတယ်။ လိုင်ဇာမှာ ကတဲ့ အပစ်ရပ်ရေး အကြို ဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့ လိုပါတယ်။

နော်မိုင် ( မြစ်ကြီးနား)
မြန်မာပြည်သား
လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်
လိုင်ဇာမြို့မှာ ဒီနေ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အကြို ညှိနှိုင်းဆွေးနွေး ပွဲကို စတင်ပြုလုပ်နေပြီဖြစ် ပါတယ်။ UNFC အဖွဲ့အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင် ပိုင်းတွေ လည်းလာပြီးး တက်ရောက်တာတွေ့ရပါတယ်။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေ အတွက်တော့ မျှော်လင့်စောင့်စားရတဲ့ ငြိမ်းချမ်းရေး အိပ်မက်ဟာ တကယ်အကောင်အထည်ပေါ် လာပြီလို့ ပြောရင်း ၀မ်းသာ နေကြပါတယ်။


ဒီတစ်ကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးဟာ တစ်နိုင်ငံလုံး အပစ်အ ခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲကို လက်ခံမလား လက်မခံဘူးလားဆိုတဲ့ အဖြေနှစ်ခုကို အဓိကထားပြောဆိုကြမယ်လို့ သိရပါ တယ်။ အောက်တို ဘာလထဲမှာ အစိုးရဘက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်မယ် ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နိုဝင်ဘာလထဲမှာ ကျင်းပမယ် ဆိုပြီး ပြောင်းသွားပြန် ပါတယ်။ အောက် တိုဘာ (၈၊၉၊၁၀) ရက်နေ့တွေ တုန်းက အစိုးရနဲ့ KIO တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့လို့ ဒေသခံအားလုံး ပျော်ခဲ့ ကြတယ်။ KIO ပါတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ ပါဝင်ဖို့ UNFC ကမျှော်လင့်စောင့်စားခဲ့တယ်နဲ့ တူပါ တယ်။

အခုလိုင်ဇာမှာ ထိပ်သီးအစည်းအဝေး ကျင်းပတာက သက်သေပြနေ ပါတယ်။ ဒီအစည်းအဝေးကနေ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ် စဲရေး ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးနေကြပါတယ်။ ကချင်ပြည်နယ် ထဲမှာ တိုက်ပွဲတွေကို မမြင်ချင်တော့သလို သေနတ်သံ၊ ဗုံးသံ၊ မိုင်းကွဲသံတွေကို လည်း မကြားချင်တော့ ပါဘူး။ ငြိမ်းချမ်းချင်ပါပြီ။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားအားလုံးရဲ့ အနာဂတ်အတွက် လူနေမှုဘ၀လုံခြုံရေး အာမခံချက် ရချင်လှပါပြီ။ ဒီတော့အဲဒီအစည်းအဝေးက ထွက်ပေါ်လာမယ့် အဖြေကို ကျွန်တော်တို့အနေနဲ့ အကောင်းဘက်ကိုပဲ တွေးထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC အနေနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး အပေါ် သဘောထားအမြင်အမျိုးမျိုးတွေ ထွက်ပေါ်ခဲ့တာ ရှိပါတယ်။ တစ်ဖွဲ့တစ်မျိုး မရိုးအောင်ပြောနေကြမယ့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော် ကိစ္စတွေကြောင့် ဒီတစ်ကြိမ်ပြုလုပ်မယ့် အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲကို မပျက်စေချင်တော့ပါဘူး။ ဒီတော့ အစိုးရက လက်သင့်ခံနိုင်တဲ့ တောင်း ဆိုမှုမျိုးတွေကိုသာ UNFC အနေနဲ့ ပြုလုပ်ဖို့ လိုသလို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ထိုနည်းတူစွာ လုပ်ရမှာပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သမျှ တိုက်ပွဲတွေလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်နကြတယ်၊ ဒေသခံတွေက မြေဇာပင်ဖြစ်ရတာပါ၊ အလားတူ အခြားတိုင်းရင်းသားဒေသတွေမှာလည်း တိုက်ပွဲတွေ မဖြစ်စေချင်တော့ပါဘူး။ တိုက်ပွဲတွေ မဖြစ်အောင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး အပစ်အခတ်ရပ်စဲပြီး တိတိကျကျ လိုက်နာဖို့လိုအပ်တယ်လို့ မြင်မိပါတယ်။ဥပမာ ပြောရရင် လိုင်ဇာ မှာ ပြုလုပ်နေတဲ့ အပစ်အခတ်ရပ်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဇာတ်အဖွဲ့ တစ်ဖွဲ့ဟု သဘောထားပါစို့။ ဇာတ်အဖွဲ့မှာပါဝင်ရတဲ့ သဘင်ပညာရှင်အားလုံး စည်းလုံညီညွတ်မှသာ ဇာတ်နာမည် ထွက်လာမှာဖြစ်သလို ပရိတ်သတ်ကလည်း လက်ခံမှာ ဖြစ်ပါတယ်။

အဲဒီလို မဟုတ်ဘဲ ကိုယ်ထင်ရာကိုယ်ပြော ကိုယ်လုပ်တာမှ အမှန်ထင်ပြီး တစ်ဖို့တည်းဇွတ်လုပ်နေ ရင်တော့ ဇာတ်ခေါင်းကွဲသွားမှာ သေချာပါတယ်။ လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ အနေနဲ့ကလည်း ကိုယ့် လူမျိုး ကိုယ့်တိုင်းရင်းသားတွေအတွက် ရှေ့ရှု့ပြီး အစိုးရနဲ့ အပေးအယူ သင့်မြတ်နိုင်တဲ့ တောင်းဆိုမှုတွေ ချမှတ်ဖို့ အရေးကြီးပါတယ်။ မဖြစ်နိုင်တဲ့ဟာကို သွားတောင်းရင်တော့ ဇာတ်ခေါင်းကွဲသွားပြီ တစ်ယောက်တစ် ပေါက် ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်အနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာရှိတဲ့ တိုင်းရင်းသားများအတွက် တောင်းဆိုမှုတစ်ခုလောက် ပြောချင်ပါတယ်။ လိုင်ဇာမှာ ကတဲ့ အပစ်ရပ်ရေး အကြို ဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့ လိုပါတယ်။

နော်မိုင် ( မြစ်ကြီးနား)
မြန်မာပြည်သား

No comments:

Post a Comment