Thursday, October 10, 2013

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ယခုလအတွင်း မှတ်ပုံတင်မည်

ရှစ်လေးလုံး အရေးတော်ပုံတွင် ဦးဆောင် ပါဝင်ခဲ့သူများဖြင့် ဖွဲ့စည်းထားသော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ကို အောက်တိုဘာလအတွင်း မှတ်ပုံတင်မည်ဖြစ်ကြောင်း အဆိုပါပါတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ပြောကြား သည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင်ရေးအတွက် အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ ပါတီတွင် ညှိနှိုင်းနေကြောင်း ၎င်းကဆိုသည်။ “ပါတီဝင်တွေ မှတ်ပုံတင်ရဖို့ အရင်လုပ်နေပါတယ်။ ကျန်တာတွေက အဆင်သင့် ဖြစ်နေပါပြီ” ဟု ၎င်းကဆို သည်။

ပါတီမှတ်ပုံတင်ပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပါတီ၏လုပ်ဆောင်နိုင်မှု အရည်အသွေး ကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲအပြီးတွင် တပ်မတော်အစိုးရ၏ ဖမ်းဆီးမှုများကြောင့် ပြည်ပသို့ တိမ်းရှောင် ထွက်ပြေးနေရကာ နိုင်ငံတော်သမ္မတ  ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရသစ် လက်ထက် ၂၀၁၃ ခုနှစ် ဇွန်လ အတွင်း ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကို ၁၉၈၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့တွင် (၂၅) နှစ် ပြည့် ငွေရတု အခမ်းအနားကို ကျင်းပမည် ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment