Monday, October 7, 2013

ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်လာဖို့ ဆက်လက်အားပျိုးနေပါတယ်။

ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်လာဖို့ ဆက်လက်အားပျိုးနေပါတယ်။
Weather News Update
7-10-2013
7:05 am

(၁) (၇-၁၀-၂၀၁၃)ရက် နံနက်(၄)နာရီခွဲအချိန် ဂြိုဟ်တုတိမ်ပုံတိုင်းတာချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ လေထုမငြိမ်မသက်မှုဟာ ဆက်လက်အားကောင်းနေပြီး ကမ်းမှဝေးရာ ပင်လယ်ပြင်ဖက်ကို တရွေ့ရွေ့ နဲ့ တိုးထွက်နေပါတယ်။ ပင်လယ်ပြင်ကျယ်ထဲရောက်လေ၊ မြောက်ဖက်ကိုမြင့်တက်လေ ပိုမိုအားကောင်းလာစေလေ ဖြစ်ပါတယ်။ ဂြိုဟ်တုတိမ်ပုံတိုင်းတာချက်များအရ မိုးတိမ်တောင်များဖြစ်ပေါ်နေပြီး တိမ်ထိပ်အပူချိန်(Cloud Top Temperature-CTT) -60°C အထိ ကျဆင်းအောင် တိမ်ထိပ်များ မြင့်မားနေတာကိုတွေ့ရပါတယ်။(၂) အိန္ဒိယမိုးလေ၀သဌာနရဲ့ IMD New Dehli GFS(T574) MODEL ခန့်မှန်းချက် အရ အောက်တိုဘာလ (၉)ရက်မှ(၁၁)၇က်အတွင်း ဖြစ်ပေါ်လာနှိုင်တဲ့ မုန်တိုင်း အခြေအနေခန့်မှန်းချက်အရ မုန်တိုင်းငယ်အဆင့် ရောက်ရှိလာပြီးနောက် အနောက်မြောက်ဖက်ကိုဘဲ ဆက်လက်ရွေ့လျှားနှိုင်ပါတယ်။ တနင်္သာရီ-မွန်-မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ လေဒဏ် နဲ့ လှိုင်းဒဏ်ကို သတိထားဖို့ လိုအပ်ပါတယ်။ လေတိုက်ခတ်မှု တစ်နာရီ မိုင်(၄၀-၄၅) နှုန်းနဲ့ လှိုင်းအမြင့် (၇)ပေမှ (၁၀)ပေခန့်အထိရှိနှိုင်ပါတယ်။
အောက်တိုဘာလ (၇)ရက်မှ(၁၁)ရက်အထိကာလအတွင်း မြန်မာ့ပင်လယ်ပြင်အတွင်း နဲ့ ကမ်းရိုးတန်းဒေသများ အားလုံး လေဒဏ် နဲ့ လှိုင်းဒဏ်တွေကို သတိထားဖို့ လိုအပ်ပါတယ်။ 

ဒေါက်တာထွန်းလွင်
ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်လာဖို့ ဆက်လက်အားပျိုးနေပါတယ်။
Weather News Update
7-10-2013
7:05 am

(၁) (၇-၁၀-၂၀၁၃)ရက် နံနက်(၄)နာရီခွဲအချိန် ဂြိုဟ်တုတိမ်ပုံတိုင်းတာချက်အရ ကပ္ပလီ ပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ လေထုမငြိမ်မသက်မှုဟာ ဆက်လက်အားကောင်းနေပြီး ကမ်းမှဝေးရာ ပင်လယ်ပြင်ဖက်ကို တရွေ့ရွေ့ နဲ့ တိုးထွက်နေပါတယ်။ ပင်လယ်ပြင်ကျယ် ထဲရောက်လေ၊ မြောက်ဖက်ကိုမြင့်တက်လေ ပိုမိုအားကောင်းလာစေလေ ဖြစ်ပါ တယ်။ ဂြိုဟ်တု တိမ်ပုံ တိုင်းတာချက်များအရ မိုးတိမ်တောင်များဖြစ်ပေါ်နေပြီး တိမ်ထိပ်အပူချိန်(Cloud Top Temperature-CTT) -60°C အထိ ကျဆင်းအောင် တိမ်ထိပ်များ မြင့်မားနေတာကိုတွေ့ရပါတယ်။(၂) အိန္ဒိယမိုးလေ၀သဌာနရဲ့ IMD New Dehli GFS(T574) MODEL ခန့်မှန်းချက် အရ အောက်တိုဘာလ (၉)ရက်မှ(၁၁)၇က် အတွင်း ဖြစ်ပေါ်လာနှိုင်တဲ့ မုန်တိုင်း အခြေအနေခန့်မှန်းချက်အရ မုန်တိုင်းငယ် အဆင့် ရောက်ရှိ လာပြီးနောက် အနောက်မြောက်ဖက်ကိုဘဲ ဆက်လက်ရွေ့လျှားနှိုင်ပါတယ်။ တနင်္သာရီ-မွန်-မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ လေဒဏ် နဲ့ လှိုင်းဒဏ်ကို သတိထားဖို့ လိုအပ်ပါတယ်။ လေတိုက်ခတ်မှု တစ်နာရီ မိုင်(၄၀-၄၅) နှုန်းနဲ့ လှိုင်းအမြင့် (၇)ပေမှ (၁၀)ပေခန့်အထိရှိနှိုင်ပါတယ်။
အောက်တိုဘာလ (၇)ရက်မှ(၁၁)ရက်အထိကာလအတွင်း မြန်မာ့ပင်လယ်ပြင်အတွင်း နဲ့ ကမ်းရိုးတန်းဒေသ များ အားလုံး လေဒဏ် နဲ့ လှိုင်းဒဏ်တွေကို သတိထားဖို့ လိုအပ်ပါတယ်။

ဒေါက်တာထွန်းလွင်

No comments:

Post a Comment