Monday, October 14, 2013

အဆောက်အအုံ ငှားရမ်းခ၊ စားသောက်ကုန်နှင့် ခရီးစရိတ် မြင့်တက်မှုကြောင့် လူထု၏ စားဝတ်နေရေး နှစ်နှစ်အတွင်း ပိုမိုကျပ်တည်းလာ

Photo: အဆောက်အအုံ ငှားရမ်းခ၊ စားသောက်ကုန်နှင့် ခရီးစရိတ် မြင့်တက်မှုကြောင့် လူထု၏ စားဝတ်နေရေး နှစ်နှစ်အတွင်း ပိုမိုကျပ်တည်းလာ
Monday, October 14, 2013

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်တွင် ဈေးကစားမှုများကြောင့် အလွန်အမင်း ဈေးမြင့်တက် လာခဲ့သည့်အတွက် ပြီးခဲ့သည့် တစ်နှစ်ကျော် နှစ်နှစ်အတွင်း အဆောက်အအုံ ငှားရမ်းခများပါ လိုက်ပါမြင့်တက် လာခဲ့ကြောင်း၊ ထို့အပြင် စားသောက်ကုန်နှင့် ခရီးစရိတ် မြင့်တက်မှုများကြောင့် လူလတ်တန်းစားများ အပါအ၀င် အခြေခံ လူတန်းစားတို့၏ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြောင်း သိရသည်။

 မကြာခင်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ ၂၀၁၃-၁၄ ခုနှစ် နှစ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ယခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းကို ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိလာမည်ဟု ခန့်မှန်းထားပြီး ပြီးခဲ့သည့် သြဂုတ်လတွင်မူ ခုနစ်ရာခိုင်နှုန်းလောက်အထိ ရှိလာခဲ့သည်ဟု ဖေါ်ပြထားသည်။

"ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရဆိုရင် မြန်မာနိုင်ငံရဲ့ ၂၀၁၃-၁၄ ခုနှစ်ရဲ့ ပျှမ်းမျှငွေကြေး ဖောင်းပွနှုန်းက ၅ ဒသမ ၆ ရာခိုင်နှုန်းပဲ ရှိတယ်။ ဆိုတော့ စင်ကာပူလို ဖွံ့ဖြိုးပြီး နိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း နှစ်ရာခိုင်နှုန်း ရှိတဲ့အချိန်မှာ မြန်မာက ခြောက်ရာခိုင်နှုန်းနီးပါး ဖြစ်နေတယ်ဆိုတာ ဘာမှပြောပလောက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ပြည်သူလူထု ခံစားနေရတာကတော့ အဲဒါမဟုတ်ဘူး။ ကုန်ကျစရိတ်တွေက တစ်ရက်ထက်တစ်ရက် ကြီးမြင့်လာတယ်။ ဥပမာ ကားခဆိုရင်လည်း ဒီလိုပဲ ဟိုတုန်းက ဘတ်စ်ကားစီးပြီး ရုံးလာလို့ ရတယ်။ အခု ကားတွေအရမ်း ပိတ်သိပ်နေတယ်။ တက္ကစီ ငှားစီးရတယ်။ အပြန်ဆိုရင်လည်း တော်တော်နဲ့ မရောက်ဘူး။ တစ်ရက်တစ်ရက် တက္ကစီခတင် ၅၀၀၀ ကျပ်လောက် ကုန်နေတယ်။ ထမင်းစရိတ် မပါသေးဘူး။ ဆိုတော့ ရတဲ့ဝင်ငွေနဲ့ ဘယ်လိုမှ မကာမိတော့ဘူး" ဟု စီးပွားရေး ပညာရှင် တစ်ဦးက ပြောကြားသည်။
တချို့လည်း ဟုတ်ပါတယ်။ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းတွေ ခြေလှမ်းစလာတော့ ပြည်တွင်းထက် လစာလေးတွေ ပိုပေးပြီး ခေါ်တာရှိတယ်။ ဒါကလည်း လူနည်းစုလောက်ပဲ။ လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လမ်းလာတယ် ဆိုတာလည်း လူနည်းစုလောက်ပဲ။ အများစုက ပိုကျပ်သွားတယ်။ ဥပမာ အထွေထွေ အသုံးစရိတ် တက်လာတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဒေါ်လာဈေးလေး တက်သွားတော့ ဆီဈေးလည်း လိုက်တက်သွားတယ် . . . . .

အလားတူ အိမ်ခြံမြေ ဈေးနှုန်းများ ကြီးမြင့်မှုမှာလည်း နောက်ထပ်အကြောင်းရင်းတစ်ခု ဖြစ်နေကြောင်း။ အိမ်ခြံမြေ ဈေးနှုန်းများ ကြီးမြင့်မှုနှင့် တိုက်ခန်းဈေးနှင့် တိုက်ခန်းအငှားဈေးများပါ ကြီးမြင့်လာသောကြောင့် နေ့စဉ်လူနေမှု ဘ၀ကို များစွာထိခိုက် နေကြောင်းလည်း သိရသည်။  

"အဆောက်အအုံ ငှားရမ်းခ ဈေးတက်တာ တစ်နှစ်ကျော်လောက် ရှိပြီ။ အရင်နှစ်က ၁၅ သိန်း၊ သိန်း ၂၀ လောက်နဲ့ငှားတဲ့ အငှားတွေက အခုအချိန်မှာတော့ သိန်း ၃၀၊ ၄၀ ဖြစ်သွားတယ်။ ၂၀၁၁ ခုနှစ် ကတည်းက အတက်ဈေးနဲ့ ဖြစ်လာတာ။ အနည်းဆုံးတော့ ရာခိုင်နှုန်း ၂၀ လောက်တော့ တက်တယ်။ အခု လောလောဆယ် အရောင်းအ၀ယ်က အေးသွားတယ်။ ရာခိုင်နှုန်း ၃၇ အပါအ၀င် မြေဈေးတော်တော်လေး မြင့်သွားတော့ အရောင်းအ၀ယ် အေးသွားတဲ့ သဘောပါ။ အသင့်အတင့်လောက်ဖြစ်ပြီး သိပ်ပြီးတော့ အကြီးကြီးတွေတော့ မဖြစ်တော့ဘူး။ အိမ်အပါအ၀င် သောင်းဂဏန်းလောက်တော့ အရောင်းအ၀ယ် ဖြစ်နေတယ်။ အငှားတွေကတော့ ရှိနေတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်နဲ့ နှိုင်းယှဉ်ရင် ရာခိုင်နှုန်း ၂၀ လောက် ဈေးတက်တယ်လို့ ပြောလို့ရပါတယ်" ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ အဆောက်အအုံ ငှားရမ်းခ ဈေးမြင့်တက်မှုမှာ ရန်ကုန်မြို့တွင်းနှင့် အချက်အချာကျသည့် နေရာများတွင်သာမက ဆင်ခြေဖုံး ဒေသများတွင်ပါ လိုက်ပါမြင့်တက်နေကြောင်း သိရသည်။  

"ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေး ကြီးမြင့်လာမှုက ဈေးကစားရာက စခဲ့တာပဲ။ အခုမှ ရာခိုင်နှုန်း ၃၇ ဆောင်ခိုင်းတာ။ တချို့က များတယ်လို့ မြင်တယ်။ ဟိုအရင်တုန်းကဆိုရင် ရာခိုင်နှုန်း ၅၇ တောင် ကောက်ခဲ့တဲ့ ကာလရှိတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ ၂၀၀၅ နောက်ပိုင်းလောက်က စပြီးတော့ ရာခိုင်နှုန်း ၁၅  အခွန်ဆောင်ရင် ၀င်ငွေရလမ်း ဖော်ပြစရာ မလိုဘူးဆိုတော့ ငွေမည်းတွေလည်း ၀င်လာတာပေါ့။ ပြီးတော့ ကျောက်မြူးရင်လည်း အိမ်ခြံမြေ မြူးတယ်လေ။ ကျောက်ပွဲတွေက လည်းနှစ်စဉ်လိုလို ရှိတာကိုး။ အိမ်ခြံမြေက ၀င်ကစားတဲ့ သူတွေလက်ထဲ အကုန်လုံး ရောက်တာပေါ့။ တချို့လည်း အမည်မပေါက်ဘဲ ၀ယ်တာတွေလည်း ရှိတယ်" ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။

"တကယ်တော့ mismanagement ပေါ့။ ၂၀၀၅ ပတ်ဝန်းကျင်လောက်အထိ ရာခိုင်နှုန်း ၅၇ ကောက်တယ်။ နောက်ပိုင်း ၁၅ ရာခိုင်နှုန်းပဲ ကောက်တယ်။ နောက်ပိုင်း တစစ ဈေးကစားမှုတွေ ရှိလာတယ်။ ပိုပြီး ဈေးတက်လာလာတော့ ဒီနှစ်နှစ် အတွင်းမှာ နှစ်ဆလောက် တက်သွားတာ။ စီးပွားရေးအရ ပွင့်လမ်းလာနိုင်တဲ့ အနေအထားတွေပေါ်မှာ သတင်းအချက်အလက် ဦးတဲ့သူတွေက ၀င်မြှုပ်နှံထားတာပေါ့။ ဒီအထဲမှာ သာမန်လူလတ်တန်းစားတွေ မပါပါဘူး။ ၀ယ်လည်း မ၀ယ်နိုင်ကြပါဘူး။ ငွေကြေး လွယ်လွယ်ကူကူ ရနေတဲ့ သူတွေလောက်ပါပဲ။ ဥပမာ တိုက်ခန်းတွေ သိန်း ၂၀၀ လောက် တိုက်ခန်းတွေက အခုနှစ်နှစ်ခွဲ အတွင်းမှာ သိန်း ၃၅၀ လောက် ဖြစ်သွားပြီ။ ဒါကြောင့် လူလတ်တန်းစားတွေတောင် တိုက်ခန်းတစ်ခန်း ပိုင်ဖို့ဆိုတာ လိုက်လေဝေးလေ လိုက်လေဝေးလေပါပဲ" ဟု ရန်ကုန်မြို့ခံ အသေးစား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

"သာမန်အားဖြင့်ကြည့်ရင် အခုနှစ်ပိုင်းမှာ ပိုချောင်သယောင် ထင်ရတယ်။ ဒါကလည်း နိုင်ငံရေးအရ ပွင့်လမ်းလာလို့ လူတွေက အရင်လို အကြောက်တရားကြီးနဲ့ နေစရာ မလိုဘဲ ကိုယ်ပြောချင်တာလေးတွေ ပြောလို့ရတော့ အနေချောင်သယောင် ထင်လာကြတယ်။ တချို့လည်း ဟုတ်ပါတယ်။ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းတွေ ခြေလှမ်းစလာတော့ ပြည်တွင်းထက် လစာလေးတွေ ပိုပေးပြီး ခေါ်တာရှိတယ်။ ဒါကလည်း လူနည်းစုလောက်ပဲ။ လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လမ်းလာတယ် ဆိုတာလည်း လူနည်းစုလောက်ပဲ။ အများစုက ပိုကျပ်သွားတယ်။ ဥပမာ အထွေထွေ အသုံးစရိတ် တက်လာတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဒေါ်လာဈေးလေး တက်သွားတော့ ဆီဈေးလည်း လိုက်တက်သွားတယ်။ စားသောက်ကုန် အချို့လည်း တက်လာတယ်။ ဒါပေမဲ့ အဓိကကတော့ နေရေးထိုင်ရေးနဲ့ ခရီးစရိတ် ဖြစ်နေတယ်။ ဥပမာ လစာငါးသိန်းလောက် ရတဲ့သူတောင် မိသားစုနဲ့ဆိုရင် သူ့ဝင်ငွေရဲ့ ရာခိုင်နှုန်း ၂၀ ကို နေရေးအတွက် ပေးလိုက်ရတယ်။ အနည်းဆုံးရာ ခိုင်နှုန်း ၁၀ ကို ခရီးစရိတ်အတွက် ပေးလိုက်ရတယ်ဆိုရင် ဘာမှမကျန်ဘူး။ ဘယ်တော့မှ အိမ်ပိုင်ရာပိုင် မဖြစ်တော့ဘူး" ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောပြခဲ့သည်။

"ကျွန်မ မနှစ်က စက်တင်ဘာလတုန်းက ရန်ကုန်ကို စရောက်တယ်။ ရောက်ရောက်ချင်း ကြက်သားဈေးက အရိုးအသားရောနေရင် တစ်ဆယ်သား ၅၀၀ ကျပ်၊ အသားသီးသန့်က ၈၀၀ ကျပ်ပါ။ ဗမာကြက်က အရိုးအသားရောနေရင် တစ်ဆယ်သား ၇၀၀၊ အခုတော့ ၁၀၀၀ ကျပ်လောက် ရှိတယ်။ ၀က်သားက နံရိုးဆို တစ်ဆယ်သား ၄၀၀ ကျပ်၊ အခုတော့ ၆၀၀ ကျပ်ပါ။ အသားက မနှစ်က ၈၅၀ ကျပ်၊ အခု ၁၁၀၀ ဆိုတော့ စားသောက်ကုန်ဈေးက တက်တော့တက်တယ်။ ဒီလောက် အများကြီး မဟုတ်ဘူး။ သိသိသာသာ တက်သွားတာတော့ ကျွန်မငှားနေတဲ့ တိုက်ခန်းဈေးပဲ။ ကျွန်မငှားတုန်းက ၁၂၀၀၀၀ ကျပ်၊ အခု ၁၈၀၀၀၀ ကျပ် ပေးရတယ်။ တစ်လတစ်လ ရှာသမျှ နေစရိတ်နဲ့ ကုန်သွားတယ်" ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မ တစ်ဦးက ဆိုသည်။   

နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများက ငွေကြေးဖေါင်းပွမှုနှုန်းကို တွက်ရာတွင် စားသုံးသူ အညွှန်းကိန်းပေါ်တွင်သာ မူတည်၍ တွက်ချက်ရသောကြောင့် အဓိကအားဖြင့် အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းပေါ်တွင်သာ မူတည်ပြီး တွက်ခဲ့သည့်အတွက် ပြီးခဲတဲ့ နှစ်နှစ်အတွင်း အိမ်ခြံမြေဈေး မြင့်တက်မှုများကို ထည့်သွင်းတွက်ချက်နိုင်ခြင်း မရှိဟု စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

"အိမ်ခြံမြေဈေး ကြီးမြင့်တာကျတော့ Consumer price Index မှာ ထည့်တွက်လို့ မရဘူး။ ကုန်ဈေးနှုန်း ကြီးမြင့်တာနဲ့တွက်တော့ Consumer price Index မှာကျတော့ ကုန်ပစ္စည်း ၁၂၅ မျိုးလောက် ပါတယ်။ အဲဒီအထဲမှာ အိမ်ငှားခပါတယ်။ အိမ်ရောင်းခ မပါဘူး။ တကယ့် Consumer တွေစားတဲ့ အခြေခံ ကုန်တွေပဲ ထည့်တာ။ ရွေဈေးတို့ ဒေါ်လာဈေးတို့လည်း မပါဘူး။ အစားအသောက်စရိတ်၊ ခရီးသွားလာစရိတ် ပါမယ်။ ကျန်းမာရေးစရိတ် ပါမယ်။ ပညာရေးစရိတ် ပါမယ်။ Inflation ကို တွက်တဲ့အခါ အိမ်ဈေးတို့ ရွေဈေးတို့ကို ထည့်တွက်လေ့ မရှိဘူး" စီးပွားရေး ပညာရှင် တစ်ဦးက ဆိုသည်။

အခြေခံအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ရာတွင် စားသုံးသူ အညွှန်းကိန်းပေါ်တွင်သာ မူတည်၍ တွက်သောကြောင့် လက်တွေ့လူထု ရင်ဆိုင်နေရသော အခြေအနေကို အမှန်တိုင်း သိရှိနိုင်ရန် မဖြစ်နိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှုတွင် တွက်ချက်၍ရသော မူမှန်အကြောင်းတရားများကြောင့် ငွေကြေးဖောင်းပွမှု ရှိသကဲ့သို့ မူမမှန်သော အကြောင်းများကြောင့် ငွေကြေးဖောင်းပွမှုများလည်း ရှိကြောင်း။ ဥပမာ ငွေမည်းများ ဈေးကွက်တွင်း ၀င်ရောက်လာပါကလည်း ငွေကြေးဖောင်းပွမှုကို ဖြစ်စေကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံ၏ လက်ရှိငွေကြေး ဖောင်းပွမှုမှာ ပြည်တွင်းရှိ စီးပွားရေး ပညာရှင် အချို့၏ သုံးသပ်ချက်အရ ရာခိုင်နှုန်း ၂၀ ၀န်းကျင်လောက် ရှိနိုင်ကြောင်း သိရသည်။ 

Eleven Media Group


တညင်းကုန်း ဘူတာဈေး မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်တွင် ဈေးကစားမှုများကြောင့် အလွန်အမင်း ဈေးမြင့်တက် လာခဲ့သည့် အတွက် ပြီးခဲ့သည့် တစ်နှစ်ကျော် နှစ်နှစ်အတွင်း အဆောက်အအုံ ငှားရမ်းခများပါ လိုက်ပါမြင့်တက် လာခဲ့ကြောင်း၊ ထို့အပြင် စားသောက်ကုန်နှင့် ခရီးစရိတ် မြင့်တက်မှုများကြောင့် လူလတ်တန်းစားများ အပါအ၀င် အခြေခံ လူတန်းစားတို့၏ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြောင်း သိရသည်။

မကြာခင်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ ၂၀၁၃-၁၄ ခုနှစ် နှစ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ယခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းကို ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိလာမည်ဟု ခန့်မှန်းထားပြီး ပြီးခဲ့သည့် သြဂုတ်လတွင်မူ ခုနစ်ရာခိုင်နှုန်းလောက်အထိ ရှိလာခဲ့သည်ဟု ဖေါ်ပြထားသည်။

"ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရဆိုရင် မြန်မာနိုင်ငံရဲ့ ၂၀၁၃-၁၄ ခုနှစ်ရဲ့ ပျှမ်းမျှငွေကြေး ဖောင်းပွနှုန်းက ၅ ဒသမ ၆ ရာခိုင်နှုန်းပဲ ရှိတယ်။ ဆိုတော့ စင်ကာပူလို ဖွံ့ဖြိုးပြီး နိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း နှစ်ရာခိုင်နှုန်း ရှိတဲ့အချိန်မှာ မြန်မာက ခြောက်ရာခိုင်နှုန်းနီးပါး ဖြစ်နေတယ်ဆိုတာ ဘာမှပြောပလောက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ပြည်သူလူထု ခံစားနေရတာကတော့ အဲဒါမဟုတ်ဘူး။ ကုန်ကျစရိတ်တွေက တစ်ရက်ထက်တစ်ရက် ကြီးမြင့်လာတယ်။ ဥပမာ ကားခဆိုရင်လည်း ဒီလိုပဲ ဟိုတုန်းက ဘတ်စ်ကားစီးပြီး ရုံးလာလို့ ရတယ်။ အခု ကားတွေအရမ်း ပိတ်သိပ်နေတယ်။ တက္ကစီ ငှားစီးရတယ်။ အပြန်ဆိုရင် လည်း တော်တော်နဲ့ မရောက်ဘူး။ တစ်ရက်တစ်ရက် တက္ကစီခတင် ၅၀၀၀ ကျပ်လောက် ကုန်နေတယ်။ ထမင်းစရိတ် မပါသေးဘူး။ ဆိုတော့ ရတဲ့ဝင်ငွေနဲ့ ဘယ်လိုမှ မကာမိတော့ဘူး" ဟု စီးပွားရေး ပညာရှင် တစ်ဦးက ပြောကြားသည်။
တချို့လည်း ဟုတ်ပါတယ်။ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းတွေ ခြေလှမ်းစလာတော့ ပြည်တွင်းထက် လစာလေးတွေ ပိုပေးပြီး ခေါ်တာရှိတယ်။ ဒါကလည်း လူနည်းစုလောက်ပဲ။ လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လမ်းလာတယ် ဆိုတာလည်း လူနည်းစုလောက်ပဲ။ အများစုက ပိုကျပ်သွားတယ်။ ဥပမာ အထွေထွေ အသုံးစရိတ် တက်လာတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဒေါ်လာဈေးလေး တက်သွားတော့ ဆီဈေးလည်း လိုက်တက်သွားတယ် . . . . .

အလားတူ အိမ်ခြံမြေ ဈေးနှုန်းများ ကြီးမြင့်မှုမှာလည်း နောက်ထပ်အကြောင်းရင်းတစ်ခု ဖြစ်နေကြောင်း။ အိမ်ခြံမြေ ဈေးနှုန်းများ ကြီးမြင့်မှုနှင့် တိုက်ခန်းဈေးနှင့် တိုက်ခန်းအငှားဈေးများပါ ကြီးမြင့် လာသောကြောင့် နေ့စဉ် လူနေမှု ဘ၀ကို များစွာထိခိုက် နေကြောင်းလည်း သိရသည်။

"အဆောက်အအုံ ငှားရမ်းခ ဈေးတက်တာ တစ်နှစ်ကျော်လောက် ရှိပြီ။ အရင်နှစ်က ၁၅ သိန်း၊ သိန်း ၂၀ လောက်နဲ့ငှားတဲ့ အငှားတွေက အခုအချိန်မှာတော့ သိန်း ၃၀၊ ၄၀ ဖြစ်သွားတယ်။ ၂၀၁၁ ခုနှစ် ကတည်းက အတက်ဈေးနဲ့ ဖြစ်လာတာ။ အနည်းဆုံးတော့ ရာခိုင်နှုန်း ၂၀ လောက်တော့ တက်တယ်။ အခု လောလောဆယ် အရောင်းအ၀ယ်က အေးသွားတယ်။ ရာခိုင်နှုန်း ၃၇ အပါအ၀င် မြေဈေးတော်တော်လေး မြင့်သွားတော့ အရောင်းအ၀ယ် အေးသွားတဲ့ သဘောပါ။ အသင့် အတင့်လောက်ဖြစ်ပြီး သိပ်ပြီးတော့ အကြီးကြီးတွေတော့ မဖြစ်တော့ဘူး။ အိမ်အပါအ၀င် သောင်း ဂဏန်းလောက်တော့ အရောင်းအ၀ယ် ဖြစ်နေတယ်။ အငှားတွေကတော့ ရှိနေတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်နဲ့ နှိုင်းယှဉ်ရင် ရာခိုင်နှုန်း ၂၀ လောက် ဈေးတက်တယ်လို့ ပြောလို့ရပါတယ်" ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ အဆောက်အအုံ ငှားရမ်းခ ဈေးမြင့်တက်မှုမှာ ရန်ကုန်မြို့တွင်းနှင့် အချက်အချာကျ သည့် နေရာများတွင်သာမက ဆင်ခြေဖုံး ဒေသများတွင်ပါ လိုက်ပါမြင့်တက်နေကြောင်း သိရသည်။

"ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေး ကြီးမြင့်လာမှုက ဈေးကစားရာက စခဲ့တာပဲ။ အခုမှ ရာခိုင်နှုန်း ၃၇ ဆောင်ခိုင်းတာ။ တချို့က များတယ်လို့ မြင်တယ်။ ဟိုအရင်တုန်းကဆိုရင် ရာခိုင်နှုန်း ၅၇ တောင် ကောက်ခဲ့တဲ့ ကာလရှိတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ ၂၀၀၅ နောက်ပိုင်းလောက်က စပြီးတော့ ရာခိုင်နှုန်း ၁၅ အခွန်ဆောင်ရင် ၀င်ငွေရလမ်း ဖော်ပြစရာ မလိုဘူးဆိုတော့ ငွေမည်းတွေလည်း ၀င်လာ တာပေါ့။ ပြီးတော့ ကျောက်မြူးရင်လည်း အိမ်ခြံမြေ မြူးတယ်လေ။ ကျောက်ပွဲတွေက လည်းနှစ်စဉ်လိုလို ရှိတာကိုး။ အိမ်ခြံမြေက ၀င်ကစားတဲ့ သူတွေလက်ထဲ အကုန်လုံး ရောက်တာပေါ့။ တချို့လည်း အမည်မပေါက်ဘဲ ၀ယ်တာတွေလည်း ရှိတယ်" ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။

"တကယ်တော့ mismanagement ပေါ့။ ၂၀၀၅ ပတ်ဝန်းကျင်လောက်အထိ ရာခိုင်နှုန်း ၅၇ ကောက်တယ်။ နောက်ပိုင်း ၁၅ ရာခိုင်နှုန်းပဲ ကောက်တယ်။ နောက်ပိုင်း တစစ ဈေးကစားမှုတွေ ရှိလာတယ်။ ပိုပြီး ဈေးတက်လာလာတော့ ဒီနှစ်နှစ် အတွင်းမှာ နှစ်ဆလောက် တက်သွားတာ။ စီးပွားရေးအရ ပွင့်လမ်းလာနိုင်တဲ့ အနေအထားတွေပေါ်မှာ သတင်းအချက်အလက် ဦးတဲ့သူတွေက ၀င်မြှုပ်နှံထားတာပေါ့။ ဒီအထဲမှာ သာမန်လူလတ်တန်းစားတွေ မပါပါဘူး။ ၀ယ်လည်း မ၀ယ်နိုင်ကြ ပါဘူး။ ငွေကြေး လွယ်လွယ်ကူကူ ရနေတဲ့ သူတွေလောက်ပါပဲ။ ဥပမာ တိုက်ခန်းတွေ သိန်း ၂၀၀ လောက် တိုက်ခန်းတွေက အခုနှစ်နှစ်ခွဲ အတွင်းမှာ သိန်း ၃၅၀ လောက် ဖြစ်သွားပြီ။ ဒါကြောင့် လူလတ်တန်းစားတွေတောင် တိုက်ခန်းတစ်ခန်း ပိုင်ဖို့ဆိုတာ လိုက်လေဝေးလေ လိုက်လေဝေးလေပါပဲ" ဟု ရန်ကုန်မြို့ခံ အသေးစား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

"သာမန်အားဖြင့်ကြည့်ရင် အခုနှစ်ပိုင်းမှာ ပိုချောင်သယောင် ထင်ရတယ်။ ဒါကလည်း နိုင်ငံရေးအရ ပွင့်လမ်းလာလို့ လူတွေက အရင်လို အကြောက်တရားကြီးနဲ့ နေစရာ မလိုဘဲ ကိုယ်ပြောချင် တာလေးတွေ ပြောလို့ရတော့ အနေချောင်သယောင် ထင်လာကြတယ်။ တချို့လည်း ဟုတ်ပါ တယ်။ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းတွေ ခြေလှမ်းစလာတော့ ပြည်တွင်းထက် လစာလေးတွေ ပိုပေးပြီး ခေါ်တာ ရှိတယ်။ ဒါကလည်း လူနည်းစုလောက်ပဲ။ လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လမ်းလာတယ် ဆိုတာလည်း လူနည်းစုလောက်ပဲ။ အများစုက ပိုကျပ်သွားတယ်။ ဥပမာ အထွေထွေ အသုံးစရိတ် တက်လာတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဒေါ်လာဈေးလေး တက်သွားတော့ ဆီဈေးလည်း လိုက်တက်သွားတယ်။ စားသောက်ကုန် အချို့လည်း တက်လာတယ်။ ဒါပေမဲ့ အဓိကကတော့ နေရေး ထိုင်ရေးနဲ့ ခရီးစရိတ် ဖြစ်နေတယ်။ ဥပမာ လစာငါးသိန်းလောက် ရတဲ့သူတောင် မိသားစုနဲ့ဆိုရင် သူ့ဝင်ငွေရဲ့ ရာခိုင်နှုန်း ၂၀ ကို နေရေးအတွက် ပေးလိုက်ရတယ်။ အနည်းဆုံးရာ ခိုင်နှုန်း ၁၀ ကို ခရီးစရိတ်အတွက် ပေးလိုက်ရတယ်ဆိုရင် ဘာမှမကျန်ဘူး။ ဘယ်တော့မှ အိမ်ပိုင်ရာပိုင် မဖြစ်တော့ဘူး" ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောပြခဲ့သည်။

"ကျွန်မ မနှစ်က စက်တင်ဘာလတုန်းက ရန်ကုန်ကို စရောက်တယ်။ ရောက်ရောက်ချင်း ကြက်သားဈေး က အရိုးအသားရောနေရင် တစ်ဆယ်သား ၅၀၀ ကျပ်၊ အသားသီးသန့်က ၈၀၀ ကျပ်ပါ။ ဗမာကြက်က အရိုးအသားရောနေရင် တစ်ဆယ်သား ၇၀၀၊ အခုတော့ ၁၀၀၀ ကျပ်လောက် ရှိတယ်။ ၀က်သားက နံရိုးဆို တစ်ဆယ်သား ၄၀၀ ကျပ်၊ အခုတော့ ၆၀၀ ကျပ်ပါ။ အသားက မနှစ်က ၈၅၀ ကျပ်၊ အခု ၁၁၀၀ ဆိုတော့ စားသောက်ကုန်ဈေးက တက်တော့တက်တယ်။ ဒီလောက် အများကြီး မဟုတ်ဘူး။ သိသိသာသာ တက်သွားတာတော့ ကျွန်မငှားနေတဲ့ တိုက်ခန်းဈေးပဲ။ ကျွန်မငှားတုန်းက ၁၂၀၀၀၀ ကျပ်၊ အခု ၁၈၀၀၀၀ ကျပ် ပေးရတယ်။ တစ်လတစ်လ ရှာသမျှ နေစရိတ်နဲ့ ကုန်သွားတယ်" ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မ တစ်ဦးက ဆိုသည်။

နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများက ငွေကြေးဖေါင်းပွမှုနှုန်းကို တွက်ရာတွင် စားသုံးသူ အညွှန်းကိန်းပေါ်တွင်သာ မူတည်၍ တွက်ချက်ရသောကြောင့် အဓိကအားဖြင့် အခြေခံ စားသောက်ကုန် များ၏ ဈေးနှုန်းပေါ်တွင်သာ မူတည်ပြီး တွက်ခဲ့သည့်အတွက် ပြီးခဲတဲ့ နှစ်နှစ်အတွင်း အိမ်ခြံမြေဈေး မြင့်တက်မှုများကို ထည့်သွင်းတွက်ချက်နိုင်ခြင်း မရှိဟု စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

"အိမ်ခြံမြေဈေး ကြီးမြင့်တာကျတော့ Consumer price Index မှာ ထည့်တွက်လို့ မရဘူး။ ကုန်ဈေးနှုန်း ကြီးမြင့်တာနဲ့တွက်တော့ Consumer price Index မှာကျတော့ ကုန်ပစ္စည်း ၁၂၅ မျိုးလောက် ပါတယ်။ အဲဒီအထဲမှာ အိမ်ငှားခပါတယ်။ အိမ်ရောင်းခ မပါဘူး။ တကယ့် Consumer တွေစားတဲ့ အခြေခံ ကုန်တွေပဲ ထည့်တာ။ ရွေဈေးတို့ ဒေါ်လာဈေးတို့လည်း မပါဘူး။ အစားအသောက်စရိတ်၊ ခရီးသွားလာစရိတ် ပါမယ်။ ကျန်းမာရေးစရိတ် ပါမယ်။ ပညာရေးစရိတ် ပါမယ်။ Inflation ကို တွက်တဲ့အခါ အိမ်ဈေးတို့ ရွေဈေးတို့ကို ထည့်တွက်လေ့ မရှိဘူး" စီးပွားရေး ပညာရှင် တစ်ဦးက ဆိုသည်။

အခြေခံအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ရာတွင် စားသုံးသူ အညွှန်းကိန်းပေါ်တွင်သာ မူတည်၍ တွက်သောကြောင့် လက်တွေ့လူထု ရင်ဆိုင်နေရသော အခြေအနေကို အမှန်တိုင်း သိရှိနိုင်ရန် မဖြစ်နိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှုတွင် တွက်ချက်၍ရသော မူမှန်အကြောင်းတရား များကြောင့် ငွေကြေးဖောင်းပွမှု ရှိသကဲ့သို့ မူမမှန်သော အကြောင်းများကြောင့် ငွေကြေးဖောင်း ပွမှုများလည်း ရှိကြောင်း။ ဥပမာ ငွေမည်းများ ဈေးကွက်တွင်း ၀င်ရောက်လာပါ ကလည်း ငွေကြေးဖောင်းပွ မှုကို ဖြစ်စေကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံ၏ လက်ရှိငွေကြေး ဖောင်းပွမှုမှာ ပြည်တွင်းရှိ စီးပွားရေး ပညာရှင် အချို့၏ သုံးသပ်ချက်အရ ရာခိုင်နှုန်း ၂၀ ၀န်းကျင်လောက် ရှိနိုင်ကြောင်း သိရသည်။

Eleven Media Group


တညင်းကုန်း ဘူတာဈေး မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

No comments:

Post a Comment