မွန်ပြည်နယ်မှ အကြောင်းအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပရောက် ရွှေ့လျားလုပ်သားများသည် သန်းခေါင်စာရင်း ကောက်ယူမည့် ကာလတွင် သန်းခေါင်စာရင်းမ၀င်မှာ စိုးရိမ် စိတ်ဖြင့် ပြည်တွင်း သို့  ပြန် လာ စရာ မလိုသည့်ပြင် အရေးယူခံရမည်ကို စိုးရိမ်စိတ်ဖြင့် ဒေသခံမိသားစုများကလည်း လိမ်လည်ပြီး မဖြေဘဲ အမှန်တိုင်းဖြေဆိုရန် လိုအပ်ကြောင်း၊ အမှန်အတိုင်း ဖြေသည့်အတွက် မည်သို့မျှ အရေးယူမည် မဟုတ်ကြောင်း၊ မော်လမြိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
''သန်းကောင်စာရင်းကောက်ယူတဲ့နေရာမှာ အိမ်ထောင်စုဝင်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်၊ လူမျိုး တို့ အပေါ် အခြေမခံပါဘူး၊ အဲဒီအတွက် တရားဝင်၊ တရားမ၀င် ပြည်ပကို သွားနေတာကိုပဲ အိမ်မှာရှိတဲ့ ၁၈ နှစ်ပြည့် သူတစ်ဦးက ပြောဆိုရင် လုံလောက်ပါတယ်၊ မှန်ကန်ဖို့ တော့လိုပါတယ်။ သန်းခေါင်စာရင်း မ၀င်မှာစိုးလို့ မိမိမြို့ရွာကို ပြန်လာဖို့  လည်းမလိုပါဘူး။ အိမ်မှာရှိနေတဲ့ သူကသာ ထိုင်း၊ မလေးရှား၊ စင်ကာပူ ရောက်နေတာကို မှန်မှန်ကန်ကန် ပြောဖို့ ပဲလိုပါတယ်။ သူက အောက်လမ်းကသွားလို့ လ၀က၊ အခွန်၊ စည်ပင် စတဲ့ ဘယ်သူကမှ အရေးမယူပါဘူး။ အရေးယူဖို့  သန်းခေါင်စာရင်းကောက်တာမ ဟုတ်ပါဘူး။ ဟိုကပို့ တဲ့ငွေနဲ့ အိမ်ဆောက်တာလည်း အရေးမယူပါဘူး။ သန်းခေါင်စာရင်းယူတဲ့ ရည်ရွယ်ချက်က စီမံခန့် ခွဲရေး ကိစ္စတွေအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲတဲ့အခါ အခြေခံ ထားရမယ့် လူဦးရေ အချက်အလက်တွေ ရဖို့ဖြစ်ပါတယ်။ ဒါကြောင့် သန်းခေါင်စာရင်းကောက်သူ ဆရာမတစ်ဦးပဲ အိမ်ကိုလာခွင့်ရှိပြီး သူနဲ့ အတူ ဘယ်တာဝန်ရှိသူကမှ လိုက်လာလို့ မရပါဘူး''ဟု မြို့နယ်လ၀ကမှူးက ပြောကြားသည်။
သန်းခေါင်စာရင်း ကောက်ယူခြင်း လက်ကမ်းစာစောင်တွင်လည်း သန်းခေါင်စာရင်း မေးခွန်းတွင် မေးမြန်း ထားသော နိုင်ငံခြား သို့ ရောက်ရှိနေသည့် အိမ်ထောင်စု ၀င်များအတွက် စိုးရိမ်ရန်မလိုပါ။ မည်သို့မျှ အရေး ယူမည် မဟုတ်ပါဟု ဖော်ပြပြီး ဖြစ်ပါသည်။
ရွေ့လျားလုပ်သား အခွင့်အရေးများကို လေ့လာနေသူ Mon and Thamakron Group Co.Ltd မန်နေဂျာ နိုင်ကောင်းရွက်က ''မွန်ပြည်နယ်ကနေ တစ်ဖက်နိုင်ငံတွေကို အလုပ်လုပ်နေ တဲ့သူ နှစ် သန်းလောက် ရှိပါတယ်။ သူတို့ တွေအတွက် ဒီမှာရှိတဲ့ မိသားစုတွေက မှန်မှန်ကန်ကန် ဖြေပေးဖို့  အမှန်ပြောရင် တစ်ခုခုနဲ့ အရေးယူမယ် စိုးရိမ်စိတ်နဲ့ လိမ်ပြီးမပြောဖို့  သန်းခေါင်စာရင်း မ၀င်မှာ စိုးလို့ လည်း ပြန်လာပြီး လူပြဖို့  မလိုတာတွေကို ကျေးရွာတွေမှာ လိုက်ပြောပြနေ ပါတယ်။ ကျေးရွာ အချို့တော့ ကျန်သေးတာပေါ့'' ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အတွင်း ၁၂ ရက်ကြာ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရန်ရှိပြီး အကြိုပညာပေးကာလ အဖြစ် ရပ်ကွက်ကျေးရွာများသို့  တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြောကြားလျက်ရှိသည်။
Eleven Media Group
မော်လမြိုင်မြို့နယ်အတွင်း ရပ်ကွက်တစ်ခုတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအတွက် သက်ဆိုင်ရာမှ ရှင်းလင်းပြောကြားနေစဉ်
No comments:
Post a Comment