Sunday, November 3, 2013

ခြောက်လမ်းသွား လမ်းမများနှင့် လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားသည့် ယာဉ်များအား ကရိန်းယာဉ်ဖြင့်ဆွဲပြီး အရေးယူမှု ယခုလအတွင်း စတင်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် လမ်းမကြီးများပေါ်တွင် စည်းကမ်း မဲ့စွာ ရပ်နားနေသည့် မော်တော်ယာဉ်များအား ယခုလအတွင်း ကရိန်းယာဉ်ဖြင့် ဆွဲပြီးဖယ်ရှား အရေးယူမည့် အစီစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်း ဒုတိယ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းများအဖြစ် သတ်မှတ်ထားသည့် လမ်းပေါင်း ၂၆ လမ်းရှိပြီး အဆိုပါ လမ်းမများပေါ်တွင် ယာဉ်မရပ်ရန် အတွက်လည်း အများပြည်သူကို လွန်ခဲ့သော တစ်လခန့်၌ အသိပေး ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူတွေ အနေနဲ့ ကားတွေမရပ်ရတဲ့ လမ်းမပေါင်း ၂၆ လမ်းကို ထုတ်ပြန်ထားပြီးဖြစ်တယ်။ အခုလည်း မရပ်ရဘူးလို့ ပြောတဲ့နေရာတွေမှာ ရပ်တဲ့ယာဉ်တွေကို ကရိန်းယာဉ်တွေနဲ့ ဖယ်ရှားပြီး အရေးယူဖို့အတွက် မကြာမီ ရက်ပိုင်းအတွင်းမှာ ထပ်ပြီးတော့ ထုတ်ပြန်သွားမယ် . . . . .
ယာဉ်မရပ်ရသည့် လမ်းများမှာ ပြည်လမ်းတစ်လျှောက်၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးဒေါင့်ကန်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့/   အနောက်ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီလမ်း၊ ဗားကရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်းလမ်းနှင့် အောက်ပုဇွန်တောင် လမ်းမကြီးတို့တွင် ယာဉ်များခေတ္တရပ်နားခြင်းမှအပ ရပ်နားခွင့် မပြုကြောင်း သိရသည်။
"တာဝန်ရှိသူတွေ အနေနဲ့ ကားတွေမရပ်ရတဲ့ လမ်းမပေါင်း ၂၆ လမ်းကို ထုတ်ပြန်ထားပြီးဖြစ်တယ်။ အခုလည်း မရပ်ရဘူးလို့ ပြောတဲ့နေရာတွေမှာ ရပ်တဲ့ယာဉ်တွေကို ကရိန်းယာဉ်တွေနဲ့ ဖယ်ရှားပြီး အရေးယူဖို့အတွက် မကြာမီ ရက်ပိုင်းအတွင်းမှာ ထပ်ပြီးတော့ ထုတ်ပြန်သွားမယ်။ အခုဒါနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနေတယ်။ ဒီလအတွင်းမှာ စီမံချက် စတင်သွားမယ်။ အဓိကကတော့ စည်းကမ်းမဲ့ယာဉ်ကို ကရိန်းနဲ့ဆွဲတဲ့ အခါမှာ မော်တော်ယာဉ်က ထိခိုက်မှု မရှိဖို့ကလည်း အရေးကြီး ပါတယ်" ဟု အမှတ် (၂)ယာဉ်ထိန်း ဒုတိယ တပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ဆက်လက်ပြော ကြားသည်။
ကရိန်းဖြင့် ဆွဲခဲ့သည့် မော်တော်ယာဉ်များကို  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အနီးရှိ အလုံ သစ်တောဝင်းအတွင်း ကားရပ်နားဝင်း အတွင်းတို့တွင် ထိန်းသိမ်းထားရှိ သွားမည်ဖြစ်ကြောင်း သိရ သည်။
Eleven

No comments:

Post a Comment