Tuesday, November 26, 2013

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသွင်းနှုန်းဖြစ်သည့် ဟင်နရီ၏စံချိန်ကို အဂူရိုကျော်ဖြတ်

စပါးကို (၆)ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲတွင် (၉)မိနစ်အတွင်း (၂)ဂိုး သွင်းယူနိုင်ခဲ့သည့် မန်စီးတီး တိုက်စစ်မှူး အဂူရိုမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး တိုက်စစ်မှူးဖြစ်လာခဲ့သည်။ (၂၀၁၃)ခုနှစ်က မန်စီးတီးသို့ ရောက်ရှိလာခဲ့သည့် အဂူရိုမှာ ပရီးမီးယားလိဂ်တွင် (၅၃၇၉)မိနစ် ပါဝင်ကစားခဲ့ရာ၌ (၄၅)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၁၁၉.၅)မိနစ်တွင် တစ်ဂိုးနှုန်းသွင်းယူနိုင်ခဲ့ခြင်းကြောင့် ဟင်နရီ၊ နစ္စတယ်ရွိုင်း၊ အလန်ရှီးယား၊ မိုက်ကယ်အိုဝင်စသည့် အထင်ကရ ကစားသမားများထက် ပိုကောင်းသည့် ဂိုးသွင်းနှုန်း ရရှိခဲ့သည်။

ပရီးမီးယားလိဂ် သွင်းဂိုး(၄၀)ကျော် သွင်းယူနိုင်ခဲ့သည့် ကစားသမားများအား ပွဲကစားချိန် မိနစ်အလိုက် တွက်ချက်ခဲ့ရာတွင် အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီမှာ ၂၁၃၁၃မိနစ်ကြာ ကစားခဲ့ရာ၌ ၁၇၅ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် တစ်ဂိုးသွင်းရန် (၁၂၁.၈)မိနစ်ကြာမြင့်ပြီး မန်ယူ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းမှာ ၁၂၁၇၈မိနစ်တွင် (၉၅)ဂိုး ရရှိခဲ့ခြင်းကြောင့် (၁၂၈.၂)မိနစ်လျှင် တစ်ဂိုးသွင်းယူနိုင်ခဲ့ကာ (၁၁၉.၅)မိနစ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည့် အဂူရိုမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး ကစားသမားဖြစ်လာခဲ့သည်။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး ကစားသမား(၁၀)ဦး

၁။ ။ အဂူရို (၄၅)ဂိုး (၅၃၇၉)မိနစ် (၁၁၉.၅)

၂။ ။ ဟင်နရီ (၁၇၅)ဂိုး (၂၁၃၁၃)မိနစ် (၁၂၁.၈)

၃။ ။ နစ္စတယ်ရွိုင်း(၉၅)ဂိုး (၁၂၁၇၈)မိနစ် (၁၂၈.၂)

၎။ ။ ဗန်ပါစီ (၁၂၉)ဂိုး (၁၇၂၃၉)မိနစ် (၁၃၃.၆)

၅။ ။ စတာရစ်(၄၅)ဂိုး (၆၅၁၈)မိနစ် (၁၄၄.၈)

၆။ ။ အလန်ရှီးယား (၂၆၀)ဂိုး (၃၈၁၈၃)မိနစ် (၁၄၆.၉)

၇။ ။ ဆိုးလ်ရှား (၉၁)ဂိုး (၁၃၉၂၆)မိနစ် (၁၅၃)

၈။ ။ အိုဝင် (၁၅၀)ဂိုး (၂၃၀၃၃)မိနစ် (၁၅၃.၆)

၉။ ။ ဆွာရက်ဇ်(၄၇)ဂိုး (၇၂၄၂)မိနစ် (၁၅၄.၁)

၁၀။ ။ အီယန်ရိုက် (၁၁၃)ဂိုး (၁၇၇၈၁)မိနစ် (၁၅၇.၄)

http://yoyarlay.com/sport/football/38908-2013-11-25-18-04-42
ဇော်ထွန်း(ရိုးရာလေး)

No comments:

Post a Comment