Wednesday, November 20, 2013

"ရှစ်နှစ်ကျော်မှ ပြန်လည် ပြသခွင့် ရခဲ့သော ဆန်ခါတင် အကယ်ဒမီ စာရင်းဝင် မော်ကင်းဥဒါန်း ရုပ်ရှင် ဇာတ်ကားကြီး"

ဆင်ဆာ ပိတ်ပင်ထားခံ ရတာကနေ ရှစ်နှစ်ကျော် ကြာမြင့် ပြီးနောက် မှ ပြန်လည် ပြသ ခွင့်ရခဲ့တဲ့ “မော်ကင်းဥဒါန်း” ရုပ်ရှင် ဇာတ်ကားကြီး အကြောင်း ကို တင်ပြမှာဖြစ်ပါတယ်။ ယင်းဇာတ်ကားကြီးကို ၂ဝဝ၃ ခုနှစ်လောက်က ရိုက်ကူး ဖန် တီးခဲ့ကြတာ ဖြစ်ပါတယ်။

Lucky Seven ရုပ်ရှင် ထုတ်လုပ်ရေး အတွက် “မော်ကင်းဥဒါန်း” ရုပ်ရှင် ဇာတ်ကားကြီး ဒါရိုက်တာ ဝေမှိုင်းညို က ရိုက်ကူး ဖန်တီးပေးခဲ့ တာ ဖြစ် သလို၊ ဒါရိုက် တာ ဝေမှိုင်းညို ကိုယ်တိုင်ပဲ ဇာတ်ညွှန်း ရေး သားခဲ့တာ ဖြစ်ပါ တယ်။ တနင်္သာရီတိုင်း ၊မကြုံ အလက် ကျေးရွာမှာ အခြေပြုပြီး ပင်လယ်ပြင် နဲ့ မြိတ်ကျွန်းစု ရဲ့ ကျွန်းများ မှာ လှည့်လည်ကာ တစ်လ ကြာမြင့်တဲ့ အထိ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကား ကြီးတစ် ကားဖြစ်ပြီး ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေ ကတော့ အကယ်ဒမီ ညွန့်ဝင်း၊ အကယ်ဒမီ ကျော်ဟိန်း၊ အကယ်ဒမီ လူမင်း၊ နိုင်းနိုင်း၊ သူထူးစံ၊ အကယ်ဒမီ နန္ဒာလှိုင်၊ နန္ဒ၊ ဗျိုက် တို့က အဓိက သရုပ် ဆောင် များအဖြစ် ပါဝင် သရုပ်ဆောင် ခဲ့ကာ “မော်ကင်းဥဒါန်း” ရုပ်ရှင် ဇာတ်ကားကြီးကို အသက် သွင်းခဲ့ကြ ပါတယ်။

ဆလုံဘာသာ စကားအရ “မော် ကင်း” ဆိုတာက “ရေငုပ်နိုင်တဲ့သူ”၊ “ဥဒါန်း” ဆိုတာက “ဟစ်ကြွေးမှု”လို့ သိရပါတယ်။ ၂ဝဝ၃ ခုနှစ်လောက်က တည်းက ဖန်တီးခဲ့တဲ့ ရုပ်ရှင် ဇာတ် ကားကြီးဖြစ်တာမို့ ရုပ်ပိုင်း ကွာလတီ နဲ့ အသံပိုင်း ဆိုင်ရာတို့ဟာ အနည်း ငယ်ခေတ် နောက်ကျနေပြီ ဖြစ်ပေမယ့် ယခုနှစ်၂ဝ၁၂ ခုနှစ် အကယ်ဒမီ ဆန် ခါ တင် စာရင်းတော့ ဝင်နေပြီဖြစ် ပါတယ်။

“မော်ကင်းဥဒါန်း” ဇာတ်ကား ကို ကိုယ်တိုင် ဇာတ်ညွှန်း ရေးသား ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဝေမှိုင်းညို ဟာ အခုအချိန်မှာ ကွယ်လွန် သွားခဲ့ပြီ ဖြစ်သလို၊ တွဲဖက် ဒါရိုက်တာ အဖြစ် ပါဝင်ဖန်တီးခဲ့သူ တစ်ဦးလည်း ဖြစ်၊ တည်းဖြတ်အပိုင်း ကိုလည်း တာ ဝန်ယူလုပ်ပေးခဲ့တဲ့ တည်းဖြတ် တာ တီးလည်း ကွယ်လွန် သွားခဲ့ပြီလို့ သိရတဲ့ အပြင် ဓာတ်ပုံ အကယ်ဒမီ ဆုများရှင် ဦးကိုကိုဌေး လည်း ကွယ်လွန်သွား ခဲ့ပြီလို့ သိရပါတယ်။

အနုပညာရှင် သရုပ်ဆောင်ထဲ ကဆိုရင် “ဗျိုက်”လည်း အခုအချိန်မှာ ကွယ်လွန် သွားခဲ့ပြီဖြစ်သလို၊ အကယ်ဒမီ ဦးကျော်ဟိန်း ဟာလည်း ယခု အချိန်မှာ သာသနာ့ဘောင် အတွင်း ကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

ထို့ကြောင့်လည်း ယခုနှစ် အကယ်ဒမီ ဆန်ခါတင် စာရင်းဝင် တဲ့ ဇာတ်ကား ခုနစ်ကား အနက် “မော်ကင်း ဥဒါန်း” ဇာတ်ကား ဟာ ထူးခြားဆုံး ဆန် ခါတင်စာရင်းဝင် ရုပ်ရှင် ဇာတ် ကား ကြီး တစ်ကားပဲဖြစ်ပါတယ်။

ဒါ့ကြောင့် “မော်ကင်းဥဒါန်း” ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ အနုပညာ ရှင်များဖြစ် တဲ့ အကယ်ဒမီ လူမင်း၊ သူထူးစံ၊ နန္ဒတို့အပြင် Lucky 7 ထုတ်လုပ်ရေး၊ အသံပိုင်းဆိုင်ရာ အတတ်ပညာရှင် ဦးစံလှိုင်တို့ အကယ်ဒမီ ရင်ခုန်သံနဲ့ အတူ ဇာတ် ကားရိုက်ကူးစဉ်က အတွေ့အကြုံ အမှတ်တရ များကို မေးမြန်းဖော်ပြ ပေးလိုက်ပါတယ်။

ဦးစံလှိုင် (အသံပိုင်းဆိုင်ရာပညာရှင်)

“လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်း ကဆိုတော့ အဲဒီတုန်းက အသံဖမ်း ရတာ Mono အဆင့်ပဲရှိ သေးတယ်။ ကျွန်တော် အဲဒီတုန်းက Nagra 4.2 အသံ ဖမ်းစက် နဲ့ ဖမ်းခဲ့ တာ။ အဲဒီတုန်း က Nagra 4.2 က နာမည်ကြီးပဲ။ အခုနောက်ပိုင်းမှ ဒစ်ဂျစ်တယ် တွေပေါ်လာပြီးတော့ တိုးတက်လာ တာ။ ပြီးတော့ အဲဒီတုန်းက အသံဖမ်း ရတာက အခက် အခဲတွေ အများကြီး ရှိခဲ့တယ်။ ပင်လယ်ပြင် ဆိုတော့ အသံဖမ်းရာမှာ အခက်အခဲရှိတာ ပေါ့ ။လေသံ၊လှိုင်းသံတွေ လွတ် အောင်ပေါ့။ တချို့နေရာတွေ ဆိုရင် မိုက်တွေကို ဖွက်ပြီးတော့ ဖမ်းခဲ့ရ တယ်။ အဲဒီ ခေတ်က FM မိုက်က မရှိသေးဘူး။ မရှိတော့ ရိုးရိုးမိုက် ကိုပဲ ဖွက်ပြီး၊ ကြိုးတွေကို သဲတွေနဲ့ ဖုံးဖိပြီးတော့ ဖြစ်အောင် ဖမ်းခဲ့ရ တာပေါ့။ အထူးသဖြင့် အဲဒီတုန်းက မိုက်တွေရဲ့ Wind Shikd မလုံ တော့ သပွတ်အူ တို့ ဘာတို့မှာ ဗမာ့ နည်း၊ ဗမာ့ဟန်နဲ့ တဘက်အမွေး ပွတွေကို စွပ်ပြီးတော့ ဖမ်းခဲ့ ရတာ ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ပင်လယ်ပြင်ရှုခင်း ကိုအသားပေးရိုက် တော့ မိုက်တွေက အဝေးကနေပဲ ဆွဲ ဖမ်းရတယ်။ 
အဲဒီတုန်းက အသံ ဖမ်းရ တာမှာ အခက်အခဲဆုံး နဲ့ အမှတ်ရ ဆုံးအခန်းကတော့ “မော်ကင်းဥဒါန်း” စစချင်းမှာ ကိုလူမင်း ပင်လယ်ကို မီး ရှို့တဲ့အခန်းပဲ။ အဲဒီမှာ ပြဿနာ တက်ကြတာပဲ။ မနည်းကို အသံ ရ အောင် ဖမ်းရတယ်။ အဝေးက နေရအောင် ဖမ်းယူရတယ်။ အဲဒီမှာ ပင်လယ် မီးလောင်အောင် မနည်းရှို့ ရတယ်။ ချက်ချင်း မီးမလောင်ဘူး လေ။ အဲဒီ အသံကို ရအောင် မနည်း လုပ်ရတယ်။ အဲဒီ မှာရသလောက် အသံလေးကို ယူပြီး ရန်ကုန်ပြန် ရောက်မှ အသံပြန် သန့်စင်ပြီးတော့ အကုန်ပြန် လုပ်ရတယ်။ ရုပ်ရှင်မှာ အသံက အရေး ကြီးတယ်လေ။ အသံ မပီရင် ဇာတ်လမ်း ဇာတ်ကွက် လည်း ထိရောက်မှု မရှိနိုင်ဘူးလေ။ ကျွန်တော်တို့ အဲဒီမှာ ရတုန်းက တောင် တိုက်ရိုက် အသံရအောင် မနည်း ယူခဲ့ ရတယ်။ ဒါတောင်မှ သဘာဝအတိုင်း ဖြစ်အောင် ရီဟာဇယ် လုပ်ရင်းနဲ့ တစ်ခါတည်း အရယူ ရတယ်။ တိုက် ရိုက် အသံတွေကိုလည်း ရအောင် ယူခဲ့ရ တယ်။ နောက် ပြီး အဲဒီတုန်းက Mono ခေတ်ကိုး။ အခုခေတ် နဲ့ကျ တော့ အဆင့် မမီတော့ဘူး။ အဲဒီတုန်း က ပြခဲ့မယ် ဆိုရင်တော့ ဒီကားက အသံ အကောင်းဆုံးပဲ။ ဒီဘက် Stero ခေတ်ရောက်တော့ အသံကို မယှဉ် နိုင်တော့ဘူး။ ရိုက်ပြီးခါစ Trial Show ပြသပြီးတော့ အပိတ်ခံလိုက်ရတယ်။ ပိတ်ခံရတော့ လည်း အကောင်း ဆုံး လုပ်ထား တာလေး တစ်ခု သွား ပါပြီလို့ ခံစားရတာပေါ့။ ဒီကား ကြီးက အမှတ်တရ အဖြစ်ဆုံးပဲ။ တခြား ကားတွေနဲ့ မတူဘူး။ ရိုးရိုး သာမန်ကားတွေ ထက် ခဲရာ ခဲဆစ်ရှိ ခဲ့တယ်။ အကယ်ဒမီ ကို အသံဆု အတွက် နဲ့တော့ မမျှော်လင့်ပါဘူး။ အသံ အကယ်ဒမီဆု ဆိုတာ ရခဲတဲ့ ဆုတစ်ဆုပါ။ ဒီ “မော်ကင်းဥဒါန်း” ရုပ်ရှင် ဇာတ်ကားကြီးထဲ မှာ ပါဝင်တဲ့ အနုပညာရှင်တွေရော၊ စက်အဖွဲ့ ရော၊ အသံအဖွဲ့တွေရော တကယ် ကို ကြိုးကြိုးစားစား နဲ့ လုပ်ခဲ့ကြရ တယ်။ အကယ်ဒမီ ကိုတော့ မမျှော် လင့်ထားပါဘူး”

မအေးအေးဝင်း

( Lucky Seven Flim &Video Production & Distribution)

“ဒီဇာတ်ကားရဲ့ အဓိက ရည် ရွယ်ချက်က တိုင်းရင်းသား လူမျိုး စု တွေပေါ့နော်။ မော်ကင်း ဆိုတာ လူ တော်တော် များများ မသိကြ ဘူး။ မော်ကင်း ဆိုတာ ဆလုံ လူမျိုး ကိုခေါ်တာပေါ့။ ဒီနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကြားထဲမှာ သူတို့ ရဲ့ စွမ်းအင်ပေါ့နော်။ သူများနဲ့ မတူ ကွဲပြားတဲ့ စွမ်းအားတွေ ရှိတယ်။ ဆလုံ လူမျိုးတွေ က ရေထဲ မှာ အကြာ ကြီးနေနိုင်တယ်။ သူတို့ရဲ့ သဘာဝ က ရေထဲမှာ နာရီပေါင်း မြောက်မြား စွာ နေနိုင်တယ်ပေါ့။ တစ်မူထူးခြား တဲ့ လူမျိုး တစ်မျိုးပေါ့။ လူဦးရေ က လည်း အင်မတန် နည်းပါတယ်။ သူ တို့ရဲ့ ဘဝ ဇာတ်ကြောင်းတွေကို ရိုက်ချင်တယ်။ အဲဒီကနေ တစ်ဆင့် ပရိသတ်တွေ အနေနဲ့ သူတို့ဘဝ အခြေအနေ ကို ထင်ထင် ရှားရှား ပေါ်ပေါ် လွင်လွင် သိစေချင်တယ်။ ငယ်ငယ်တုန်း ကသာ ကျောင်းတွေမှာ ဆလုံ လူမျိုးဆိုပြီး သင်ရတာ ရှိတယ်။ ထဲထဲဝင်ဝင် မသိကြဘူး။ ဒါကြောင့် ဒီ သူတို့ရဲ့ စွမ်းအင်တွေ အကြောင်း၊ သူတို့ရဲ့ အလေ့အထတွေ အကြောင်း သိသင့် တယ် ထင်လို့ ဒီဇာတ်ကားကို ရိုက်ဖြစ်သွားတာ။ ဒီဇာတ်ကားက လွန်ခဲ့တဲ့ ၁ဝနှစ်လောက် က ပြသမှု ကို ဆိုင်းငံ့ ခံထားရတယ်။ တိုင်းရင်း သားတွေ ရဲ့ဘဝ၊  စရိုက်တွေကို ဖော်ကျူး ရိုက်ကူးထားတာ ဆိုတော့ အဲဒီတုန်းက သက်ဆိုင်ရာတွေ အနေ နဲ့ တိုင်းရင်း သား တချို့ အပေါ် အမြင် မကြည် တာမျိုးတွေ ရှိခဲ့တာပေါ့။ အခုကျတော့ တိုင်းရင်းသားတွေ ကို ဖော်ထုတ် ကြတယ်။ တန်းတူ ညီတူ လုပ်ခွင့်ပေးတာပေါ့နော်။ အခု ကုမ္ပဏီ အနေနဲ့ အထက်ကို အသနား ခံတင် လိုက်တဲ့အချိန်မှာ သူတို့က ခွင့်ပြုချက် ပေး ခဲ့တာပေါ့။ ဒီဇာတ် ကားကို အဓိက ရည်ရွယ်တဲ့ Main Theme က နယ်စပ်တွေ မှာ နေ ထိုင်တဲ့ လူတွေ၊ ရေပိုင်နက်တွေမှာ နေထိုင်တဲ့ တိုင်းရင်းသား လူမျိုးစုတွေ က ကျူးကျော်လာတဲ့ သူတွေကို ခုခံ ကာကွယ်တဲ့ တကယ့် အမှန်တရား တစ်ခုကို တည်ပြီး ရိုက်ကူး ခဲ့တယ်။ ဒီဇာတ်ကားထဲမှာ ဆိုရင် ကျွန်းထဲမှာ အလုပ် လာလုပ်တဲ့ ဟာကို ရွာခံ လူတွေက မောင်းထုတ်ပြီးတော့ ဆ လုံ လူမျိုးခေါင်းဆောင် တစ်ယောက် က မခံ မရပ်နိုင်ဖြစ်ပြီး တွန်းလှန်ခုခံ တဲ့ ဇာတ်ပေါ့နော်။ 

“မော်ကင်းဥဒါန်း” ကို ရုံတင်တော့ ပရိသတ် စိတ်ဝင် စားမှု ခံရတယ်။ ပရိသတ် ကြိုက်နှစ် သက်မှုကို ခံရတယ်။ ဗီဒီယို အနေနဲ့ မဖြန့်သေး ဘူးပေါ့နော်။ အကယ်ဒမီ ပေးပြီးမှ ဖြန့်မယ်ဆိုလို့ ရှိရင် ပရိသတ် က အခုကတည်း က မေးနေကြပြီ။ ဒါကတော့ အဓိက ပီတိဖြစ် သွား တာ ပေါ့နော်။ အကယ်ဒမီ ကျတော့ ကိုယ့် ရဲ့ ပျော်ရွှင်မှု တစ်ခုအနေနဲ့ပဲ သက် ဆိုင်လိမ့်မယ်။ အကြီးအကျယ် မမျှော် မှန်းထားဘူး။ ဒါပေမဲ့ အဲဒီ ဆလုံဒေသ အထိ သွားပြီး အပင်ပန်းခံ ကြိုး ကြိုးစားစား ရိုက်ကူးခဲ့တဲ့ သရုပ် ဆောင်တွေကိုတော့ ရစေချင်တယ်။ နေပူထဲမှာ နေ့ပေါင်း များ စွာ နေခဲ့ ရတယ်။ အဲဒီက ပြန်ရောက်လာ တော့ မှတ်တောင် မမှတ်မိကြ ဘူး။ လူတွေ အကုန်လုံးက မည်းသည်းနေ ကြတယ်။ ကိုလူမင်း၊ ဦးကျော်ဟိန်း တို့က တအား ကြိုးစားထားကြတယ်။ ဇာတ်ပို့ပိုင်း မှာဆိုရင် သူထူးစံ၊ ညီနန္ဒ တို့လည်း ကြိုးစား ထားတာပဲ။ ရ မယ်ဆို ဒီအုပ်စု ထဲကပဲ ရသွားလိမ့် မယ်လို့ ထင်တယ်။ ဘယ်လို ပဲဖြစ်ဖြစ် ဒီကားအပေါ် အားရ ကျေနပ်မှုရှိပါ တယ်”

လူမင်း

“အကယ်ဒမီက နှစ်တိုင်း သတင်းကြီး သလို ဖြစ်နေတယ် ။နှစ်တိုင်းလည်း လွဲတာပဲ ။ ဒီနှစ်လည်း စပြီး ကြီးပြန်ပြီ။ လွဲဦးမှာပဲလား ဆိုတော့ စောင့်ကြည့် ရဦးမှာပဲ။ ဒီနှစ် အကယ်ဒမီ က သိပ် ရင်မခုန် ဖြစ်ပါဘူး။ ဒီကား ရိုက်တုန်း ကလည်း နာမည်ကြီးတဲ့ အခန်းကို ကြိုက်တယ်။ ကိုယ့် အဖေ ပင်လယ်ထဲ မှာသေလို့ ပင်လယ်ကြီး ကို ပေါက်ကွဲ ပြီး မီးရှို့တဲ့အခန်းပေါ့။ အဲဒီကားလေး က အခက်အခဲတွေ အများကြီးဖြစ်ခဲ့တယ်”

သူထူးစံ 

“အဲဒီခေတ်မှာ က အဲဒီလောက်ထိ ကုန်ကျခံတဲ့ ကားတစ်ကားမှ မရှိဘူး။ ၈နှစ်လောက် ကြာမှ ထွက်လာတာ ဆိုတော့ ပရိသတ်တွေ ကြည့် ချင်တဲ့ အချိန်မှာ မကြည့်ရဘူး။ ဇာတ်လမ်း သဘော တရားက ခေတ်နဲ့ နည်းနည်း ကွာဟသွားတာ ရယ်၊ Up to date မဖြစ်တော့ဘူး။ အမှတ်တရ တွေကတော့ အများကြီးပါပဲ။ သရုပ်ဆောင်တွေ လည်း အများကြီးပါတယ်။ အဲဒီကားက အတွေ့ အကြုံတွေ အများကြီး ရှိတော့ ဘာပြောရမှန်း လဲတောင် မသိတော့ ဘူး။ အဲဒီကားနဲ့ ပတ်သက် ပြီးတော့ အစ်ကို့ဘဝ အပြောင်း အလဲ နည်းနည်း ရှိသွားတယ်။ အကယ်ဒမီ ကိုတော့ မပြောတတ် ဘူး။ အဲဒီကားမှာ ပါဝင်တဲ့ actor တွေက တအား တော်တယ်။ အတွေ့အကြုံတွေ လည်း အများ ကြီး ရခဲ့တယ်။ စိတ်ဓာတ်တွေလည်း ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ခဲ့တယ်”

နန္ဒ

“အဲဒီဇာတ်ကား ရိုက်တဲ့အချိန်မှာ ကျွန်တော့် အစ်ကို ဗျိုက်လည်း ပါတယ်။ အားလုံးက ထင်ကြတာက ဒီ ဇာတ်ကားက ၇နှစ်လောက် ရုံတင်တာ နောက် ကျသွား တဲ့ အတွက် ဗျိုက်ရဲ့ နောက်ဆုံး ဇာတ်ကားလို့ ထင်ကြတယ်။ တကယ်တမ်းတော့ မဟုတ်ဘူး။ အဲဒီတုန်းက သူ အစာအိမ် ဖြစ်နေတယ်။ ကျွန်တော်တို့ သွားရတဲ့ ခရီးက လည်းဝေးတယ်။ လူအပိုလည်း ခေါ်လို့ မရဘူး။ ဗျိုက်က အစာအိမ် အချဉ်ပေါက်တယ်။ ဆရာဝန် နဲ့ပြတော့ ခရီးသွားလို့ ရတယ် ဆိုလို့ လိုက်သွား ကြတာ။ ဦးကျော်ဟိန်း တို့ကအစ မနန္ဒာ၊ ကိုလူမင်း တို့ကအစ ဝိုင်း ဂရုစိုက်ကြပါတယ်။ ကျွန်တော် ဇာတ်ကားကြီးကို ရိုက်ပြီးတဲ့ အချိန်မှာ ပြန်ကြည့်တော့ ကျွန်တော် ကြိုက်တာ ကိုသူထူး စံပေါ့။ သူ တအားကောင်းတယ်။ သူ့ရဲ့ပုံစံနဲ့ ဇာတ်ရုပ်နဲ့ ကိုက်ညီတယ်။ ခုနစ်နှစ်ကြာမှ ရုံ တင်တော့လည်း ပြန်ကြည့်ဖြစ်တယ်။  ခုနစ် နှစ် ကြာသွားတော့ ခေတ်လည်း နည်း နည်း နောက်ကျ သွားတယ် လို့ခံစားရတယ်။ ဆလုံ လူမျိုးတွေနေတဲ့ ရွာကမ်းစပ်မှာ ရှိတဲ့ရေပြင် ပေါ်ကနေ ခြေတံရှည် အိမ်ဆောက်ပြီး တည်းခဲ့ ရတယ်။ ဆလုံ လူမျိုးတွေ နဲ့ နီးနီး ကပ်ကပ်ကို တွေ့ခဲ့တယ်။ ကျွန်တော် ကတော့ ဆလုံ လူမျိုး မလုပ်ရဘူး။ ပင်လယ်ဓါးပြလို့ ပုံစံမျိုး သရုပ် ဆောင် ရတာပေါ့။ ဒီ ဇာတ်ကားက ဘဝ မှာမေ့လို့ မရတဲ့အမှတ် တရတွေအများ ကြီး ပါ ပဲ။ တအား  ပံပိုးမှု ကောင်းလို့သာ သွား ရိုက်ဖြစ်တာပါ။

ထက်လူလူ

No comments:

Post a Comment