Wednesday, November 20, 2013

ပြုံးနေတဲ့ သူကို သတိထားကြပါ

လတ်တလော မြန်မာနိုင်ငံရေး ပတ်ဝန်းကျင်မှာ သောင်းသောင်းပျပျ အသံလွင်နေ တာတဲ့ ခြေဥ ပြင် မလား သစ်မလားဆိုတဲ ပြင်သစ်ကိစ္စပဲဖြစ်သည်။တိုင်းရင်းသား ပါတီတွေနဲ့နိုင်ငံရေး ပညာ ရှင်တွေ ကတော့ ခြေ/ဥ ပြင်ဆင်ဖို့လိုတယ် လို့ဆိုပါသည်။အမှန်တကယ်လဲ လိုပါသည်။ ပြည်သူ အကျိုး စီးပွားအတွက် ပိတ်ဆို့ နေသော ခြေ/ဥပါအချက်တွေကိုပြင်ဆင်ဖို့လိုပါသည်။ပြင်ဆင်ဖို့ရာအတွက်လည်း
လွှတ်တော်မှာ တရားဥပဒေနဲ့အညီကော်မရှင် ဖွဲ့စည်းပေးထားပြီး ပြင်ဆင်လိုတဲ့ အချက်တွေကို ဒီဇင် ဘာလကုန်မှာ တင်သွင်းကြဖို့ ခွင့်ပြုထားပါသည်။သို့သော် NLD ပါတီ အနေနဲ့ လွှတ်တော် ကလည်း ပြင်ဆင်ဖို့ ကော်မရှင် ဖွဲ့စည်း ပေးထားပါလျှက် ပြည်သူ့အသံ ၊ ပြည်သူဆန္ဒ ဆိုတဲ့ စကားလုံးတွေနဲ့ ပွဲအစကို ကဆုန်ပေါက် ထွက်လာတာဟာ ဘာရည်ရွယ်ချက်လဲဆိုတာ သူကိုယ်တိုင်တော့ ကောင်းကောင်း သိနေမှာပါ။
 
အခုဆိုရင် NLD ရဲ့ ပြည်သူဆန္ဒကောက်ခံပွဲဆိုတာ ဟာ မြန်မာနိုင်ငံရဲ့ နေရာတော်တော် များများ မှာ ပြုလုပ် ပြီးစီး နေပြီလို့သိရပါသည်။သို့သော် ဘယ်နေရာမှာ ဘယ်သူတွေ ဘယ်လိုတက်ရောက်ပြီး ဘယ်လို ဆန္ဒပေးခဲ့ သလဲဆိုတာတော့ မှတ်တမ်းမှတ်ရာ တွေ မရှိသလို ပွင့်လင်းမြင်သာမှုလည်း မရှိပါဘူး။ တကယ် တမ်းတော့ ပြည်သူ ဆန္ဒကောက်ခံတယ်ဆိုတာ NLD က နားလည်ပါးရိုက်လုပ်တာပါ။ ဘာကြောင့် ဒီလိုပြော ရသလဲဆိုတော့ ဆန္ဒကောက်ခံပွဲ ရလာဒ်တွေကို ကြည့်ပါ။ ၈၀% နှုန်း ထောက်ခံ ၉၀% ထောက်ခံတယ်လို့ NLD က ဘယ်လိုကြေငြာချက်ထုတ်ထုတ် အဲ့ဒီဆန္ဒကောက်ခံပွဲကို တက်ရောက်ခဲ့ သူတွေ က video clips တွေ တင်လို့ NLD ရဲ့ ပေါချာချာ နဲ့ ကလေးသာသာ လုပ်ရပ်တွေ ဟာ မြန်မာနိုင်ငံ ရဲ့ အကောင်းဆုံးပါတီကြီးအနေနဲ့ အရှက်မဲ့တဲ့ လုပ်ရပ်တွေပါ။နိုင်ငံ တစ်ခုရဲ့ အခြေခံဥပဒေကိုပြင်ဖို့ လက်ထောင်/လက်ချ ဆိုတဲ့ လုပ်ရပ်နဲ့ ဆန္ဒကောက်ခံလို့ ရပါ့မလား။ ကမ္ဘာပတ်နေတဲ့ ဒီချုပ်အနေနဲ့ ဘယ်နိုင်ငံမှာ တွေ့ခဲ့ဖူးပါသလဲ။ဒါဟာ အရမ်းကို ကလေးဆန် တဲ့လုပ်ရပ်ပါ။နောက်တစ်ခု က NLD ပါတီ အနေနဲ့ တစ်နိုင်ငံလုံး ရှိ မြို့နယ် နီးပါးမှာ အခြေခံ ဥပဒေပြင် ရမယ်လို့ လိုက်လံဟောပြောနေပေမယ့် ဘယ် အချက်တွေ ပြင်ရမယ်ဆိုတာ ကို လုံးဝ(လုံးဝ) ထုတ်ဖော် မပြောခြင်းဟာ NLD ရဲ့ မရိုးသားမှုပါပဲ။ ဘာကြောင့်လဲ ? ဒါဟာ ပြည်သူလူထုကို နားလည်ပါးရိုက်လုပ်ပြီးလူလည်ကျတာပါ။ အခြေခံဥပဒေကို ပြင်ရမယ် ဆိုတာကို သမ္မတရော ၊ လွှတ်တော်ရော ၊ ၂၅% ရော ၊ နိုင်ငံရေးပညာရှင်တွေရော အားလုံး သော ဘက်စုံထောင့်စုံက လက်ခံ ပါတယ်။ ဒါဆိုပြီးပြီပေါ့လို့ ထင်စရာရှိပါတယ်။ မဟုတ်သေးဘူး။ ပြင်တော့ ပြင်ရမယ် ဘာကိုပြင်မှာလဲ ဆိုတဲ့ အချက်ဟာ အခရာကျပါတယ်။ဘယ်အချက်တွေ ပြင်မှာလဲ ၅၉ (စ)လား ၊ ပုဒ်မ ၁၈ လား ဘယ်အချက်ကိုလည်းဆိုတာ NLD ကသေသေချာချာ ထုတ်ဖော်မပြောကြားသေးပါဘူး။ ထားပါ အခု NLD ဘယ်အရွေ့ကို ဆက်ရွေ့မလဲ ကြည့်ကြမယ်။
တစ်နိုင်ငံလုံးနီးပါးလည်း ဆန္ဒကောက်ခံပွဲလုပ်ပြီးပြီ ဘာဆက်လုပ်မလဲ။ ရှင်းပါတယ် လွှတ်တော် ဆိုတဲ့ ဘူတာပဲ ပြန်ဆိုက်ပြီး ပြည်သူလူထု ၉၀% ထောက်ခံ တယ်ဆိုတဲ့ စကားလုံးနဲ့ လုပ်စား သွားမှာပါ။ ပြည်သူ လူထုက ပြင်ဖို့ထောက်ခံခဲ့ပေမယ့် NLD ကဘာတွေ ပြင်မယ်လို့ ချမပြခဲ့ပဲ (၁)အချက် ပြည်သူကို လူလည် လုပ်ခဲ့ပြီး (၂)အချက် အဲ့ဒီ ပြည်သူ ၉၀% ကထောက်ခံ တယ် ဆိုတဲ့ ၀ိတ်နဲ့အစိုးရကို ထပ်ပြီးလူလည် လုပ်မှာပါ။ ပြင်မယ့်အချက်တွေကတော့ NLD ပြည်သူတွေကို ချမပြခဲ့တဲ့ NLD စိတ်ကြိုက်အချက်တွေပဲ ဖြစ်နေမှာပါ။ အဲ့ဒီတော့ NLD ရဲ့ တစ်ချက်ခုတ် ၂ ချက်ပြတ် တဲ့ လူလည် လုပ်ကွက်ကြီးက ပေါ်လွင်ပါတယ်။ NLD အတွက်တော့ သူ့အရပ်နဲ့ သူ့ဇာတ်ဟုတ်နေပေမယ့် NLD ရုံးမှာ ပြက္ခဒိန် မရှိဘူးလို့ထင်ပါတယ်။၂၀၁၃ ရောက်နေပြီဆိုတာကို မေ့နေပုံပါပဲ။ 
ဒါကြောင့်နိဂုံး အနေနဲ့ နေပြည်တော် ဆန္ဒကောက်ခံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ စကား တစ်ခွန်းနဲ့ပဲ နိဂုံးချုပ်ချင်ပါတယ်။
“ပြုံးပြုံး ပြုံးပြုံးနဲ့ ပြည်သူတွေကိုချစ်ပါတယ် ၊ နိုင်ငံတော် ကြီးကိုချစ်ပါတယ် ဆိုတဲ့ သူတွေကို လုံးဝ မယုံကြည် ကြဖို့ပါပဲ”
မင်းတေဇော် (မြို့မ)
OppositEyE

No comments:

Post a Comment