Saturday, November 9, 2013

ဘောလုံးကွင်းထဲ ရေကူးလို့ သတိပေးခံရသူ ကစားသမား

ဆွမ်စီးအလယ်တန်း ကစားသမား ဂျွန်ဂျိုရှယ်ဗေးသည် ကာဒစ်ဖ်နှင့်ကစားခဲ့သည့် ဝေးလ်ဒါဘီပွဲစဉ်တွင် ကာဒစ်ဖ် ပရိသတ်များအား ရေကူးသည့် ပြုအမူ ပြုလုပ်ပြခဲ့သော်လည်း အက်ဖ်အေ၏အရေးယူခြင်း ခံရမည့် အရေးမှ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ 
အသက်(၂၁)နှစ်ရှိလီဗာပူးကစားသမားဟောင်းသည် ကာဒစ်ဖ်အား (၁-၀)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲအပြီးတွင် ကာဒစ်ဖ်ပရိသတ်များရှိရာဘက်သို့ ရေကူးသည့်အမူအရာ လုပ်ပြကာ လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ရှယ်ဗေးသည် သတိပေးခြင်းသာ ခံရပြီး ပြစ်ဒဏ်ချမှတ်ခံရမည့်အရေးမှ လွတ်မြောက်သွား ခဲ့သည်။ 
၎င်းသည် (၁၉၈၈)ခုနှစ်က ဆွမ်စီးနှင့်ကာဒစ်ဖ်တို့၏ဝေးလ်ဒါဘီပွဲစဉ် အပြီးတွင် ကာဒစ်ဖ်ပရိသတ်(၃၀)တို့ ဆွမ်စီးပရိသတ်များ လိုက်ရိုက်မှု ကြောင့် ပြေးစရာနေရာမရှိဘဲ ပင်လယ်ထဲသို့ ဆက်ပြေးကာ ရေကူးပြေး သည့် အဖြစ်အပျက်အား ရည်ရွယ်ကာ ယခုကဲ့သို့ ကာဒစ်ဖ်ပရိသတ်များ ရှိရာဘက်သို့ ရေကူးသည့်အပြု အမူဖြင့် လှောင်ပြောင်ခဲ့ခြင်းလည်းဖြစ်သည်။ 
ရှယ်ဗေးသည် ပြီးခဲ့သည့်ကြာသပတေးနေ့က ခရက်စနိုဒါနှင့်ယူရိုပါလိဂ် ပွဲစဉ်တွင် ပါဝင်ခဲ့ခြင်းမရှိဘဲ တနင်္ဂနွေနေ့တွင် ကစားမည့် စတုတ်စီးတီး နှင့်ပွဲတွင် ပါဝင်လာဖွယ်ရှိနေသည်။
By Goal Myanmar

No comments:

Post a Comment