သက်ဆိုင်ရာဒေသအလိုက် ဖွံ့ဖြိုးရေးဆောင်ရွက်ရန် ကြန့်ကြာ
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သုံးနှစ်တာကာလ၀န်းကျင်သို့
ရောက်ရှိချိန်အထိ တိုင်း၊ ပြည်နယ် လွှတ် တော်များနှင့်
ဒေသအုပ်ချုပ်ရေးအဖွဲ့များအကြား ချိတ်ဆက် ဆောင်ရွက်နိုင်မှု
အားနည်းနေ ဆဲဖြစ်ကာ အကောင်အထည်ပေါ်မှု နည်းပါးသေးသည်ဟု တိုင်းပြည်နယ်၊
လွှတ်တော် ဥက္ကဋ္ဌများ ၊ ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊
လွှတ်တော်ကိုယ်စားလှယ်များက မဇ္ဈိမကို ပြောသည်။
အထူးသဖြင့်
ဒေသဆိုင်ရာ လွှတ်တော်၊ အစိုးရတို့နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်များ
ချိတ်ဆက် ဆောင်ရွက်မှုတွင် အားနည်းချက်များရှိနေခြင်း၊ ဒေသတွင်း
ဥပဒေပြုသူနှင့် စီမံခန့်ခွဲသူ များ အကြား လုပ် ငန်းဆိုင်ရာ ဆက်ဆံရေး
နားလည်မှုလွဲနေဆဲ ဖြစ်သည်ဟု ၎င်းတို့က သုံးသပ်ကြသည်။
“တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်ထောင်စုနဲ့ သေချာ ချိတ်ဆက်ထားတာ မရှိဘူးလို့
မြင်တယ်။ အစိုးရ အဖွဲ့အနေနဲ့ တိုင်းဒေသကြီးအဆင့်မှာ တာဝန်ယူပြီး
ပြည်ထောင်စုအဆင့်ထိ ချိတ်ဆက်ပေးရမှာကို သ ဘောမပေါက်ဘူးလို့ ကျွန်မအနေနဲ့
ထင်ထင်ရှားရှား သိလိုက်ရတယ်”ဟု ရေကြည်မဲဆန္ဒနယ်၊ ဧရာဝတီ တိုင်း
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ဆိုသည်။
ပြီးခဲ့သည့်
ဧရာဝတီတိုင်းလွှတ်တော် အစည်းအဝေးတွင် ၎င်းတင်သွင်းခဲ့သည့်
“ကိုင်းပင် စိုက်ပျိုးသည့် တောင်သူများ စိုက်ပျိုးစရိတ်ရယူခွင့်ဆိုင်ရာ”
အဆိုကို ရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်သည်။
တိုင်း၊စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက ဆွေးနွေးလိုက
ဆွေးနွေးနိုင်သော်လည်း ပြည်ထောင်စုအဆင့် ကသာ အဆုံးဖြတ်ပေးနိုင်မည်ဟုသာ
ပြန်လည် ရှင်းလင်းခဲ့ပြီး မည်သို့ ချိတ်ဆက် ဆောင်ရွက် မည်ကို
ပြောဆိုခဲ့ခြင်းမရှိဟု ဒေါက်တာလှမြတ်သွေးက ပြောသည်။
တိုင်းလွှတ်တော်၏ မေးခွန်းများ၊ အဆိုများကို ဆုံးဖြတ်ချက်ချနိုင်ရန်
အခက်အခဲများ အမှန်တကယ်ရှိနေ သည်ကို ဧရာဝတီတိုင်းလွှတ်တော်၊
ကတိက၀တ်ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ကလည်း ထောက်ခံပြောဆို ခဲ့သည်။
“မေးခွန်းတွေ၊ အဆိုတွေကို ဆုံးဖြတ်ချက်ချဖို့က ဒေသဆိုင်ရာ
အစိုးရပိုင်းကလည်း အထက်ကို အဆင့် ဆင့် တင်ပြနေရတော့ အကောင်အထည်မဖော်ဘူး
ဖြစ်ခဲ့တယ်”ဟု ၎င်းက သုံးသပ်သည်။
ထို့ပြင် လွှတ်တော်က ပြဋ္ဌာန်းပြီးသည့်
ဥပဒေများကို အုပ်ချုပ်ရေးအဖွဲ့များက အကောင် အထည်ဖော် ဆောင်မှုသည်လည်း
အားနည်းသည်ဟု ဦးလှမြင့်က ဆိုသည်။
အစည်းအဝေး ရှစ်ကြိမ်
ကျင်းပပြီးခဲ့သည့် ဧရာဝတီတိုင်းလွှတ်တော်သည် ဥပဒေကိုးခု ပြဋ္ဌာန်းနိုင်ခဲ့သော်
လည်း ၂ ခုကိုသာ အစိုးရအဖွဲ့က အကောင်အထည် ဖော်ဆောင်ရသေးခြင်း ဖြစ်သည်။
“ဥပဒေတွေ အသက်ဝင်လှုပ်ရှားအောင် အကောင်အထည်ဖော်နိုင်ဖို့ အားနည်းနေသေးတယ်။
ဒါ အစိုးရ အဖွဲ့က လုပ်ရမယ့် လုပ်ငန်းစဉ်ပေါ့”ဟု ဦးလှမြင့်က ဆိုသည်။
တိုင်း ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းများဘက်ကမူ သတင်းအချက်အလက်ရရှိမှု
အားနည်းခြင်း၊ ဘဏ္ဍာငွေ အခြေအနေနှင့် ပြည်ထောင်စုအဆင့်နှင့်
ချိတ်ဆက်ဆောင်ရွက်ရာတွင် ကြန့်ကြာခြင်းကြောင့် ခက်ခဲနေခြင်းဖြစ်သည်ဟု
ပြောသည်။
ချင်းပြည်နယ်၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက
“ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရအဖွဲ့က သတင်းအချက်အလက်ရတာ နောက်ကျတယ်။
ချိတ်ဆက်မှု နည်းနေတယ်”ဟု ၀န်ခံပြောဆိုသည်။ လွှတ်တော်၏ ဆုံးဖြတ်ချက်အချို့သည်
တိုင်း၊ ပြည်နယ်ဘတ်ဂျက်နှင့် လုံလောက်မှုမရှိသည်က များနေ ၍
ပြည်ထောင်စုအဆင့်သို့ တင်ပြရခြင်းများသည်ဟု ၎င်းက ဆက်ပြောသည်။
“ပြည်ထောင်စုဝန်ကြီးအဆင့်က ပြန်ချပေးတာ စောင့်ဆိုင်းနေရတော့
အချိန်ကြာနေတာတွေ ရှိ တယ်။ နောက် ဘတ်ဂျက်မလုံလောက်တာတွေရှိတယ်။
လုပ်မပေးဘူးဆိုတာတော့ မရှိပါဘူး”ဟု ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်
စိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာခင်ခင်စီက ဆိုသည်။
ထိုသို့ ကြုံတွေ့နေရခြင်းများအပြင် ဥပဒေပြုရေးဆိုင်ရာအတွေ့အကြုံ အားနည်းနေခြင်းကလည်း အခက် အခဲတစ်ခုအဖြစ် ရှိနေသည်ဟု ၎င်းတို့က ဆိုသည်။
ထိုသို့ စွမ်းဆောင်နိုင်မှုများ အားနည်းနေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ
တိုင်းနှင့်ပြည်နယ် ဥပဒေပြု ခွင့်အတိုင်းသာ အကောင်အထည်ဖော်ရ၍
ဖြစ်သည်ဟုလည်း သုံးသပ်သည်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်း၊
ပြည်နယ် ဥပဒေပြုစာရင်းတွင် အားနည်းချက်များ၊ ပြည်ထောင်စု ဥပဒေပြု စာရင်း
နှင့် ရောထွေးမှုများ ရှိနေသည်ဟု ဝေဖန်သူတို့က ပြောသည်။
“ဇယား၂
(တိုင်း၊ ပြည်နယ် ဥပဒေပြုစာရင်း)က ဥပဒေကို ပိုမိုတိုးချဲပေးဖို့နဲ့ ဥပဒေက
ပိုမို အာဏာ သက် ရောက်မယ်ဆိုရင် ကျွန်တော်တို့ဘက်က လုပ်နိုင်တဲ့ အနေအထားတွေ
များလာမှာပါ”ဟု ဦးလှမြင့် ကသုံး သပ်သည်။
ဥပမာအားဖြင့်
စိုက်ပျိုးရေးချေးငွေ၊စုငွေဆိုင်ရာ ဥပဒေပြဋ္ဌာန်းခွင့်ကို တိုင်း၊ ပြည်နယ်
ဥပဒေပြု စာရင်းတွင် ဖော်ပြထားသော်လည်း ပြည်ထောင်စုဥပဒေပြုစာရင်းတွင်
ပါဝင်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အရင်းအနှီးဆိုင်ရာ
ဥပဒေပြုခွင့်စသည်တို့နှင့် မည်သို့ကွဲပြားသည်၊ မည်သို့ဆောင် ရွက်နိုင်သည်
ဆိုသည် တို့မှာ ရှင်းလင်းမှုမရှိသေးဟု သုံးသပ်ကြသည်။
Mizzima
Screen
နှစ်ခုပါသည့် YotaPhone ကို ဒီဇင်ဘာလတွင် ဖြန့်ချိ ဖွယ်ရှိ - See more at:
http://www.myanmarinternetjournal.com/content/9443#sthash.IrES5aJy.dpuf
Screen
နှစ်ခုပါသည့် YotaPhone ကို ဒီဇင်ဘာလတွင် ဖြန့်ချိ ဖွယ်ရှိ - See more at:
http://www.myanmarinternetjournal.com/content/9443#sthash.IrES5aJy.dpuf
No comments:
Post a Comment