Friday, November 29, 2013

ရွှေဘိုခရိုင်တွင် တရားမ၀င် သစ်ခုတ်မှု အမြောက်အမြား ရှိနေပြီး ထိရောက်စွာ အရေးယူနိုင်ခြင်းမရှိ

ရွှေဘိုခရိုင် အတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှစသော မြို့နယ်များတွင် တရားမ၀င် သစ်ခုတ်မှု အမြောက်အမြား ရှိနေပြီး ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ မရှိကြောင်း စုံစမ်းသိရှိရသည်။

''ချပ်သင်းကြိုးဝိုင်း ထဲမှာတော့ အမှုသုံးခု လတ်တလောရှိတယ်။ ကြိုးဝိုင်း ပြင်ပမှာတော့ သစ်ခိုးမှုတွေ အများကြီး ဖြစ်နေတာပဲ'' ဟု ချပ်သင်းဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးရဲထွန်းက ပြောကြားသည်။ တရားမ၀င် သစ်ခုတ်မှု ဖြစ်ပွားရခြင်း အဓိက အကြောင်းအရင်းများမှာ ဒေသခံများ အလုပ်အကိုင် ရှားပါးမှုနှင့် တရားဥပဒေ စိုးမိုးမှု နည်းပါးခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။

''လယ်တွေ ယာတွေက အသိမ်းခံလိုက် ရပြီဆိုတော့ စားဝတ်နေရေး ကျပ်တည်းလာတယ်။ အဲဒီတော့ ၀မ်းစာအတွက် သစ်ခုတ်ကြတာ တွေလည်းရှိတယ်'' ဟု သစ်တော ၀န်ထမ်းဟောင်း တစ်ဦးက ဆိုသည်။ ''ဒီဘက်မှာ တရားမ၀င် သစ်ခွဲစက်တွေ ပေါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ သစ်တောတာဝန်ရှိသူ ကိုယ်တိုင်ကို တရားမ၀င် သစ်ခွဲစက်မှာ အဖွဲ့ကျနေတာလေ'' ဟု ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ကျွန်းလှမြို့နယ် မော်ကယ်ရေနံမြေ တစ်ဝိုက်တွင်လည်း တရားမ၀င် သစ်ခိုးထုတ်မှုများ ရှိနေပြီး ၀န်ထမ်းအချို့၏ အကျင့်ပျက်မှုများ ပါဝင်ကြောင်း သိရသည်။

''တရားမ၀င် သစ်ခုတ်တဲ့ကားက လမ်းချော်တာ။ တာဝန်ရှိသူ အချို့က ငွေယူပြီး ကားကိုတောင် ကူညီပေး လိုက်သေးတယ်'' ဟု ဟွန်ဒါ (မြန်မာ) ရေနံကုမ္ပဏီ တာဝန်ရှိသူက ပြောကြားသည်။

အိမ်နီးချင်း တရုတ်နိုင်ငံ၏ အန္တရာယ်နှင့် လက်ရှိအစိုးရ ခွင့်ပြုထားသော ကုမ္ပဏီများကြောင့် အထက်မြန်မာပြည်တွင် သစ်တောပြုန်းတီးမှု ဆိုးရွားစွာ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

''တရားဝင်လုပ်လား တရားမ၀င် လုပ်လားတော့ မသိပါဘူး။ ဒီဘက်နယ်တွေမှာ ဘယ်နေရာ ကြည့်ကြည့် သစ်ကားတွေချည်းပဲ တွေ့နေရပါတယ်'' ဟု ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

(ရွှေဘိုခရိုင် အတွင်းရှိ သစ်တောနယ်မြေများအား တွေ့ရစဉ်)
Eleven Media Group
ရွှေဘိုခရိုင် အတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှစသော မြို့နယ်များတွင် တရားမ၀င် သစ်ခုတ်မှု အမြောက်အမြား ရှိနေပြီး ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ မရှိကြောင်း စုံစမ်းသိရှိရသည်။

''ချပ်သင်းကြိုးဝိုင်း ထဲမှာတော့ အမှုသုံးခု လတ်တလောရှိတယ်။ ကြိုးဝိုင်း ပြင်ပမှာတော့ သစ်ခိုးမှုတွေ အများကြီး ဖြစ်နေတာပဲ'' ဟု ချပ်သင်းဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးရဲထွန်းက ပြောကြားသည်။ တရားမ၀င် သစ်ခုတ်မှု ဖြစ်ပွားရခြင်း အဓိက အကြောင်းအရင်းများမှာ ဒေသခံများ အလုပ်အကိုင် ရှားပါးမှုနှင့် တရားဥပဒေ စိုးမိုးမှု နည်းပါးခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။

''လယ်တွေ ယာတွေက အသိမ်းခံလိုက် ရပြီဆိုတော့ စားဝတ်နေရေး ကျပ်တည်းလာတယ်။ အဲဒီတော့ ၀မ်းစာအတွက် သစ်ခုတ်ကြတာ တွေလည်းရှိတယ်'' ဟု သစ်တော ၀န်ထမ်းဟောင်း တစ်ဦးက ဆိုသည်။ ''ဒီဘက်မှာ တရားမ၀င် သစ်ခွဲစက်တွေ ပေါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ သစ်တောတာဝန်ရှိသူ ကိုယ်တိုင်ကို တရားမ၀င် သစ်ခွဲစက်မှာ အဖွဲ့ကျနေတာလေ'' ဟု ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ဒေသခံ တစ်ဦးက ပြောကြားသည်။

ကျွန်းလှမြို့နယ် မော်ကယ်ရေနံမြေ တစ်ဝိုက်တွင်လည်း တရားမ၀င် သစ်ခိုးထုတ်မှုများ ရှိနေပြီး ၀န်ထမ်းအချို့၏ အကျင့်ပျက်မှုများ ပါဝင်ကြောင်း သိရသည်။

''တရားမ၀င် သစ်ခုတ်တဲ့ကားက လမ်းချော်တာ။ တာဝန်ရှိသူ အချို့က ငွေယူပြီး ကားကိုတောင် ကူညီပေး လိုက်သေးတယ်'' ဟု ဟွန်ဒါ (မြန်မာ) ရေနံကုမ္ပဏီ တာဝန်ရှိသူက ပြောကြားသည်။

အိမ်နီးချင်း တရုတ်နိုင်ငံ၏ အန္တရာယ်နှင့် လက်ရှိအစိုးရ ခွင့်ပြုထားသော ကုမ္ပဏီများကြောင့် အထက်မြန်မာပြည်တွင် သစ်တောပြုန်းတီးမှု ဆိုးရွားစွာ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

''တရားဝင်လုပ်လား တရားမ၀င် လုပ်လားတော့ မသိပါဘူး။ ဒီဘက်နယ်တွေမှာ ဘယ်နေရာ ကြည့်ကြည့် သစ်ကားတွေချည်းပဲ တွေ့နေရပါတယ်'' ဟု ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ ကျေးရွာမှ ဒေသခံ တစ်ဦးက ပြောကြား သည်။

(ရွှေဘိုခရိုင် အတွင်းရှိ သစ်တောနယ်မြေများအား တွေ့ရစဉ်)
Eleven Media Group

No comments:

Post a Comment