ကောင်းကင်ဂြိုလ်တုစနစ်ကို အခြေခံတည်ဆောက်ထားသည့် Google Street View တွင် ကွယ်လွန်ခဲ့ပြီး သော အဖွားဖြစ်သူကို အရှင်လတ်လတ် မြင်ခဲ့ရသဖြင့် မြေးဖြစ်သူမှာ အံ့သြခြင်းကြီး စွာဖြစ်ခဲ့ရပြီး Google ထုတ်ကုန် Street View သည်လည်း နာမည်ပျက်မည့်အရေးဖြင့် ရင်ဆိုင်ရလျက် ရှိကြောင်း သိရှိရသည်။
၎င်း၏ အဖွားဖြစ်သူမှာ သတင်းစာများ ဖတ်ရှုခြင်းကို မနှစ်သက်တတ်သလို သူမ သေဆုံးသွားခဲ့သည်မှာ လည်း အချိန်အတော်ကြာသွားခဲ့ပြီဖြစ်ကြောင်း မိုးရ်မှ တီဗီအစီအစဉ်တစ်ခုကို ရှင်းပြခဲ့ပါသည်။
အဆိုပါပုံရိပ်သည် ဒပ်စတင်မိုးရ် အဖွားဖြစ်သူ အသက်ရှင်စဉ်က ပုံရိပ်ဖြစ်နိုင်ပြီး Google Street View ၏ မပြုလုပ်ရသေးသော update များကြောင့် ဒိတ်အောက်နေခြင်း ဖြစ်နိုင်ကြောင်းနှင့်နာမည်ကြီး ကုမ္ပဏီ ၀န်ဆောင်မှုအနေဖြင့် ထိုသို့မဖြစ်သင့်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါသည်။
မဇ္ဈိမသတင်းဌာန
No comments:
Post a Comment