Wednesday, November 13, 2013

မြန်မာနိုင်ငံသို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားလှယ်များ လာရောက်မည့် ခရီးစဉ်ကို ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြ၊ စစ်တွေမြို့၌ ရဲများက ဟန့်တားသဖြင့် ဆန္ဒပြမည့် အစီအစဉ် ပျက်ပြယ်

C.13-11
နိုဝင်ဘာ ၁၂ ရက်က OIC လာရောက်မည့် အစီအစဉ်အား ကန့်ကွက်ဆန္ဒပြသူများ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ စတင် ထွက်ခွာလာသည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံသို့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) လာရောက်မည့် ခရီးစဉ်ကို နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြခဲ့ပြီး စစ်တွေမြို့၌ ရဲများက ဟန့်တားသဖြင့် ဆန္ဒပြမည့် အစီအစဉ် ပျက်ပြယ်ခဲ့ကြောင်း သိရသည်။

OIC ၏ အထွေထွေ အတွင်းရေးမှူး Ekmeleddin İhsanoğlu နှင့် OIC အဖွဲ့ဝင် အစ္စလာမ်မစ် ခုနစ်နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်၌ စစ်တွေမြို့သို့ သွားရောက်ရန် ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ဆန္ဒပြမှုများမှာ အင်းစိန်မြို့နယ်တွင် နံနက် ၁၁ နာရီခန့်က လည်းကောင်း၊ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားရှေ့တွင် မွန်းလွဲ ၂ နာရီခန့်က လည်းကောင်း ပြု လုပ် ခဲ့ခြင်း ဖြစ်သည်။  
ဆန္ဒပြသူများသည် OIC GET OUT စာတန်းပါ ဗီနိုင်းများ ကိုင်ဆောင်ခြင်း၊  မြန်မာပြည်၏ မည်သည့်နေရာမဆို အိုအိုင်စီရုံး စိုက်ခွင့်မပြု၊ မြန်မာပြည်၏ ပြည်တွင်းရေးကို မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်းများမှ ၀င်ရောက် စွက်ဖက်ခွင့်မပြု၊ ခိုးဝင် ဘင်္ဂါလီများအား ရခိုင်ဒေသမှ အစ္စလာမ်မစ် နိုင်ငံများသို့ ခေါ်ဆောင်သွားရန် စသည်တို့ကို ကြွေးကြော် တောင်းဆို မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်တွင် ပြုလုပ်သည့် ဆန္ဒပြမှုကို ဗဟိုလမ်းတစ်လျှောက် သံဃာနှင့် ပြည်သူ ၃၀ ခန့် လမ်းလျှောက် ဆန္ဒပြခဲ့ပြီး "မလာပါနဲ့ OIC ၊ သွားခွင့်မရှိ ရခိုင်ပြည်" စသည့် ကြွေးကြော်သံများနှင့် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ကြေးသွန်းဘုရားရှေ့တွင် သံဃာနှင့် ပြည်သူ စုစုပေါင်းအင်အား ၁၀၀၀ ခန့်သည် OIC  မြန်မာပြည်သို့ ၀င်ရောက်ခြင်း၊ လေ့လာခြင်းများကို လုံးဝသဘောမတူ၊ မလိုလားကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့သည်။                
ဆန္ဒပြမှုကို မကွေးပရိယတ္တိ စာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခမှ ဦးဆောင်ပြီး မွန်းလွဲ ၂ နာရီတွင် ကြေးသွန်းဘုရားမှ စတင် ထွက်ခွာလာကာ ဆူးလေစေတီ၊ မြို့တော်ခန်းမရှေ့သို့ လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
D.13-11
နိုဝင်ဘာ ၁၂ ရက်က OIC လာရောက်မည့် အစီအစဉ်အား ကန့်ကွက် ဆန္ဒပြသူများကို ရန်ကုန်မြို့တော် ခန်းမရှေ့တွင် တွေ့ရစဉ်
ဆန္ဒပြမှုကို ဗဟန်းမြို့နယ်၊ ကျောက်တံတားမြို့နယ် ရဲစခန်းတို့၏ တရားဝင် ခွင့်ပြုချက်ဖြင့် ပြု လုပ်ခြင်းဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
ရန်ကုန်မြို့တွင် ပြုလုပ်သည့် ယင်းဆန္ဒပြမှုကို ရန်ကုန်တိုင်း ဒေသကြီး၊ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်ကလည်း ဆန္ဒပြသူများနှင့် လာရောက် စကားပြောဆိုခဲ့ကြောင်း သိရသည်။
"ကျွန်တော်က အခြေအနေကို လာပြီးကြည့်တဲ့သဘောပါ။ ပြည်သူတွေရဲ့ဆန္ဒကို တရားဝင် ခွင့်ပြုချက်ရ ယူပြီး ဆန္ဒပြတာဖြစ်တဲ့အတွက် ကောင်းပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ အသံ ဖြစ်ပါတယ်" ဟု ဦးဇော်အေးမောင်က ပြောကြားခဲ့သည်။         
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက OIC ကိုယ်စားလှယ်များ လာရောက်မည့် ခရီးစဉ်ကို ကန့်ကွက် ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ဟန့်တားသဖြင့် ဆန္ဒထုတ်ဖော်မည့်သူများ လူစုခွဲခဲ့ရကြောင်း သိရသည်။

ဆန္ဒပြသူများသည် OIC GET OUT စာတန်းပါ ဗီနိုင်းများ ကိုင်ဆောင်ခြင်း၊  မြန်မာပြည်၏ မည်သည့်နေရာမဆို အိုအိုင်စီရုံး စိုက်ခွင့်မပြု၊ မြန်မာပြည်၏ ပြည်တွင်းရေးကို မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်းများမှ ၀င်ရောက် စွက်ဖက်ခွင့်မပြု . . .
သို့ရာတွင် နိုဝင်ဘာ ၁၅ ရက်တွင် စစ်တွေ၊ ကျောက်ဖြူ အပါအ၀င် အခြားမြို့များ၌ OIC ကိစ္စ ဆန္ဒပြကန့်ကွက်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
" OIC အဖွဲ့ လာတာကိုတော့ ဦးဇင်းတို့အနေနဲ့ ကန့်ကွက်စရာ မရှိဘူး။ သူတို့ ဘာသာဝင်တွေကို လာကြည့်တာ၊ ထောက်ပံ့တာ လုပ်တာမျိုးတော့ လက်ခံပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အစိုးရက ရုံးဖွင့်ခွင့်ပေးတာ၊ အမျိုးဘာသာ သာသနာကို ထိပါးတဲ့ တောင်းဆိုချက်တွေ လိုက်လျောတာ ရှိလာရင်တော့ ပခုက္ကူ သံဃာတော်တွေ ကန့်ကွက်ဆန္ဒပြသွားမယ်" ဟု ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင်ကျောင်း တိုက် မှ ဦးလက္ခဏက မိန့်ကြားသည်။
" OIC ကိုယ်စားလှယ်အဖွဲ့ မိတ္ထီလာမြို့ကို ရောက်လာရင်တော့ ကျွန်တော်တို့ မြို့လူထုအနေနဲ့ ကန့်ကွက် ဆန္ဒထုတ်ဖော်ဖို့ အသင့်ပြင်ထားတယ်" ဟု မိတ္ထီလာမြို့ခံ ကိုအောင်မြင့်ကို က ပြောကြား သည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက OIC ရုံးများ မြန်မာနိုင်ငံတွင် အခြေစိုက်ခွင့် မပြုရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။        
သို့သော် OIC ရုံး ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
OIC ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် မရှိကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က နိုဝင်ဘာ ၁၂ ရက်တွင် The Daily Eleven သို့ ပြောကြား ခဲ့သည်။
"နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံရန် အစီအစဉ် မရှိပါဘူး။ ဒီခရီးစဉ်ဟာ OIC ရုံးဖွင့်ရေးနဲ့လည်း မဆိုင်ပါဘူး။ အဓိကက ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေး၊ ပြန်လည်ထူထောင်ရေး အခြေအနေ များကို လေ့ လာနိုင်ဖို့သာ ဖြစ်ပါတယ်။ နောက်ပြီး အစ္စလာမ် ဘာသာဝင်များနဲ့သာ တွေ့ ဆုံမှာ မဟုတ်ပါဘူး။ ရခိုင် တိုင်းရင်းသားများနဲ့လည်း တွေ့ဆုံပြီး အဓိကက ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေး၊ ပြန်လည် ထူထောင်ရေး အခြေအနေများကို လေ့လာနိုင်ဖို့သာ ဖြစ်ပါတယ်" ဟု ဦးရဲထွဋ်က ဆိုသည်။ ဦးရဲထွဋ်သည် ယခင်က OIC အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး ကြားဝင် ဖျန်ဖြေပေးရန် မလိုအပ်ဟု ပြောဆိုခဲ့ဖူးသူ ဖြစ်သည်။
OIC သည် အဖွဲ့ဝင် နိုင်ငံ ၅၇ နိုင်ငံပါဝင်သည့် နိုင်ငံတကာ အစ္စလာမ်မစ်အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂပြီးလျှင် ဒုတိယအကြီးဆုံး နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၁၉၆၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် Organization of Islamic Conference အဖြစ် စတင်တည်ထောင်ခဲ့ပြီး အဓိက ရည်ရွယ်ချက်မှာ အစ္စလာမ်မစ်များ၏ လူမှုရေးနှင့် စီးပွားရေး အကျိုးစီးပွားများကို ကာကွယ် ထိန်းသိမ်းပေးရန် ဖြစ်သည်။
OIC သည် အစ္စလာမ်မစ် နိုင်ငံများအကြား စည်းလုံးညီညွတ်ရေးကို မြှင့်တင်၍ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ရည်ရွယ်သည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ခံခြင်းမရှိဘဲ ၁၉၉၀ ခုနှစ် သြဂုတ် ၅ ရက်နေ့တွင် ရှရီယာ ဥပဒေနှင့်အညီ ကိုင်ရို လူ့အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်၍ လိုက်နာကျင့်သုံးခဲ့သည်။
T-13-11
OIC ကိုယ်စားလှယ်များ လာရောက်မည့် ခရီးစဉ်ကို ကန့်ကွက်ဆန္ဒ ပြနေကြသူများ ကမ္ဘာအေးစေတီ လမ်းအတိုင်း ဆူးလေသို့ လမ်းလျှောက်ဆန္ဒ ပြနေကြစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သို့သော် ၂၀၀၈ ခုနှစ် ဇွန်လတွင် ပဋိညာဉ်စာတမ်းအား ပြန်လည်ပြင်ဆင်၍ ကိုင်ရို လူ့အခွင့်အရေး ကြေညာစာတမ်းအား ဖျက်သိမ်းပြီး ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအား စတင် အသိအမှတ်ပြုခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန် ၂၈ ရက်တွင် လက်ရှိအမည် Organisation of Islamic Cooperation သို့ ပြောင်းလဲခဲ့သည်။
OIC သည် ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ ဝေဖန်ရှုတ်ချမှုများနှင့် လူနည်းစု မွတ်စလင်များအပေါ် ဖိနှိပ်မှုများရှိသည်ဟု စွပ်စွဲမှုများ ပြုလုပ်ခဲ့သော်လည်း OIC  အဖွဲ့ဝင် နိုင်ငံများ အကြား လူနည်းစုဝင်များအပေါ် ဖိနှိပ်မှုများအား ဖြေရှင်းရန် ပျက်ကွက်မှုကြောင့် နိုင်ငံ တကာ ဝေဖန် မှုများ ကြုံတွေ့ရလေ့ရှိသည်။ အထူးသဖြင့် ဆီးရီးယားရှိ Kurds လူမျိုးစုဝင်များ၊ အီရန်ရှိ Ahwz လူမျိုးစုဝင်များ၊ အာဖဂန်နစ္စတန်ရှိ Hazars လူမျိုးစုဝင်များ၊ ပါကစ္စတန်ရှိ Baluchis လူမျိုးစုဝင်များနှင့် ရီမင်ရှိ Al-Akhdam လူမျိုးစုဝင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် OIC ကို နိုင်ငံ တကာမှ ဝေဖန်မှုများ ရှိနေသည်။
OIC သည် ရှရီယာဥပဒေကို မူတည် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် ၎င်းတို့၏ ရည်ရွယ်ချက်များတွင် ကမ္ဘာ့နိုင်ငံများအကြား ရှရီယာဥပဒေ သတ်မှတ် ပြဋ္ဌာန်းနိုင်ရေးသည်လည်း အဓိက ရည်ရွယ်ချက်တစ်ခု အဖြစ် ပါဝင်သည်။ ရှရှီယာ ဥပဒေဆိုသည်မှာ အစ္စလာမ် ဘာသာရေး ဥပဒေတစ်ခု ဖြစ်သည်။
အဆိုပါဥပဒေတွင် ရာဇ၀တ်မှု၊ နိုင်ငံရေး၊ စီးပွားရေးမှ အစပြု၍ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ အစားအသောက်နှင့် ဆုတောင်းခြင်း အစရှိသည့် အကြောင်းအရာများကိုပါ အစ္စလာမ် ဘာသာရေး ထုံးတမ်းအစဉ်အလာနှင့်အညီ သတ်မှတ် ပြဋ္ဌာန်းထားသည်။ ရှရီယာ ဥပဒေအရ ခိုးမှု ကျူးလွန်သူများ၊ အိမ်ထောင်ရေး ဖောက်ပြန်သူများကို ခေါင်းဖြတ်သတ်သည့် ပြစ်ဒဏ်ချမှတ်ရမည်ဟု သတ်မှတ် ထားသည့်အပြင် အစ္စလာမ်ဘာသာကို စွန့်ခွာပြီး ဘာသာပြောင်းသူများအားလည်း အပြစ်ရှိသူ ရာဇ၀တ်သားအဖြစ် ကွပ်မျက်ခြင်းခံရမည်ဟု ရေးသားထားသည်။             
ရှရီယာဥပဒေတွင် အမျိုးသမီး အခွင့်အရေးများအားလည်း လွန်မင်းစွာ ကန့်သတ် ချုပ်ချယ်ထားပြီး အမျိုးသမီးများအနေဖြင့် လင်ယောက်ျား၏ ထိန်းချုပ်မှု အောက်တွင်သာ အလုံးစုံရှိရန် သတ်မှတ် ပြဋ္ဌာန်း ထားသည်။ ရှရှီယာဥပဒေတစ်ခုလုံးသည် အစွန်းရောက်လွန်းပြီး တစ်ကမ္ဘာလုံးဆိုင်ရာ လူ့ အခွင့်ရေး ကြေညာစာတမ်းနှင့် ဆန့်ကျင်သည်ဟု သတ်မှတ်သည့်အတွက် အစ္စလာမ်မစ်နိုင်ငံ အများစုသည် ရှရီယာဥပဒေကို အလုံးစုံ ကျင့်သုံးလေ့ မရှိကြဘဲ တစ်စိတ် တစ်ဒေသလောက်သာ ကျင့်သုံးလေ့ရှိသည်။   

Eleven

No comments:

Post a Comment