Tuesday, December 10, 2013

ဆိးဂိမ်းပြီးပါက မြန်မာရေကူးနည်းပြ နှုတ်ထွက်မည်


မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်နှင့် လက်ရှိ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် မြန် မာနိုင်ငံလက်ရွှေးစဉ်ရေကူး အသင်းတွင် နည်းပြချုပ် တာဝန်ထမ်းဆောင်လျက်ရှိသော ဂျပ န်နို င်ငံ သား ခါ့ဇူရှီနာကာယာမသည် ယခုဆီးဂိမ်းကာလပြီးပါက ဂျပန်နိုင်ငံသို့ပြန်တော့ မည်ဖြစ်ေ ကြာင်း မြန် မာနိုင် ငံရေကူး အဖွဲ့ချုပ်မှ သိရသည်။


၎င်းအနေဖြင့် မြန်မာလက်ရွေးစဉ် လူငယ်ရေးကူး အသင်းအား နည်းပြပြုလုပ်ပေးနေခြင်းများအား ပျော် ရွှင်နေရသော်လည်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ခွင့်ဗီစာနှင့် နည်းပြသက်တန်း စာချုပ်အရ တစ်နှစ်ပြည်တော့ မည်ဖြစ်သောကြောင့် ဂျပန်နိုင်ငံသို့ ပြန်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရေးကူးအဖွဲ့ချုပ်မှ
နည်းပြချုပ်ခါ့ဇူရှိနာကား မြန်မာ့ခေတ်မီဒီယာသို့  ဒီဇင်ဘာလ ၁၀ ရက်နေ့ကပြောသည်။

“ကျွန်တော်အမှန်အတိုင်းပြောမယ်ဆိုရင် ဒီက ကလေးတွေနဲ့ လည်း လက်တွဲလာတာ ကြာပြီဆိုတော့ သံယောဇဉ်တွေက လည်းဖြစ်နေပြီ မြန်မာနိုင်ငံရေကူးနည်းပြအဖွဲ့က နေပြီးတော့ ခေါ်လို့ ဒီကိုလာခဲ့တယ် ဒါပေမယ့် ဟိုဘက်မှာလည်း ကျွန်တော်ရဲ့ လုပ်ငန်းတွေကလည်း ရှိသေးတယ်” ဟို ခါ့ဇူရှီနာကာယာမက ဆိုသည်။

မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် အနေဖြင့်လည်း ခါ့ဇူရှီနာကာယာမ အား စာချုပ်သက်တမ်းတိုးရန် ယခုအချိန် အထိ မဆုး ဖြတ်ရသေးကြောင်း သိရသည်။

“စာချုပ်သက်တမ်းတိုးဖို့ကိစ္စနဲ့ပတ်သက်လို့  ကျွန်တော်ကိုဘာမှတော့ မပြောသေးဘူး။ ဒီဆီးဂိမ်းကာလ ပြီးတာ နဲ့ ဂျပန်ကိုပြန်ရမှာ နောက်ပြီးတော့ ဒီမှာလုပ်ရတာနဲ့  ဟိုမှာလုပ်ရတာက အရမ်းကွာတယ် ဒီက ကလေးတွေကို ဂျပန်ကိုခေါ်ပြီးတော့ သင်ပေးခြင်တယ် ဒါပေမယ့် စားရိတ်တွေက ကြီးတဲ့အခါ ကျတော့ ခေါ် မသင်ဖြစ်ပဲနဲ့  ကျွန်တော်ကိုယ်တိုင် ဂျပန်ကနေလာပြီးတော့ ဒီမှာလာသင်ပေးဖြစ်တယ်”ဟု ခါ့ဇူရှီနာ ကာယာမ ကထပ်လောင်း ပြောဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၏ ရေကူးအားကစားနည်းဘက်တွင် နည်းစနစ်ပိုင်း အရမ်းအားနည်းနေပြီး ယင်းကြောင့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရေးနည်း အားကစားနည်းတွင် ဆုတံဆိပ်များမရ ရှိဖြစ်ကြောင်း ခါ့ဇူရှီနာကာယာမ ဆက်လက်ပြောဆိုသည်။

“ဟိုးအရင်ကနည်းစနစ်တွေအတိုင်း ဒီအတိုင်းပဲ ကူးနေတော့ ကျွန်တော်တို့နိုင်ငံရဲ့ရေကူး အဆင့်က အခုထက်ထိ နိမ့်နေတယ်။ ကျွန်တော်ဆိုရင်၁၉၈၉ မှာရေကူးလောက အနားယူတယ်၊ ကျွန်တော် ရဲ့ မြန် မာပြည်စံချိန်ကို အခုထိ မချိုးသေးဘူး။ အဓိပ္ပါယ်က အနှစ်သုံးဆယ်နီးပါးလောက် နောက်ကျနေတယ်။” ခါ့ဇူရှီနာကာယာမ ပြောကြားခဲ့သည်။

အားကစားနည် ဗဟုသုတများသည် ဂျပန်နိုင်ငံတွင် အလယ်တန်း ကလေးများမှ စ၍ အသိညဏ်ပြည့်ဝ လျက်ရှိပြီး ရေကူးပညာနဲ့ ပက်သက်ပြီးတော့ မြန်မာနိုင်ငံမှာ သိတယ့်လူတောင် မရှိသလောက်ဖြစ်ေ နကြောင်း မြန်မာနိုင်ငံရေးကုးအဖွဲချုပ်မှ တာန်ရှိသူ၏ပြောပြချက်အရ သိရသည်။

နှင်းနွယ်
The Myanma Age

No comments:

Post a Comment