Tuesday, December 10, 2013

ခုတ်မောင်းလာသော မီးရထားကို ခရီးသည်တင် ဘတ်စ်ကား ဝင်တိုက်

မန္တလေး ၊ ဒီဇင်ဘာ ၉ ။ ။ မီးရထား နှင့် ကားလမ်းဆုံရာတွင် ရထားလာချိန်၌ ကားလမ်းမောင်း တံ ပိတ်ထားခြင်း မရှိသဖြင့် မောင်း လာသည့်ရထားကို ခရီးသည် တင်ယာဉ်မှ ဝင်ရောက်တိုက်မိ သည့်ဖြစ်ရပ်တစ်ခုဒီဇင်ဘာ ၉ ရက် နံနက် ၆ နာရီခန့်က အမရ ပူရမြို့နယ် ရွှေဂဲလမ်းတွင်ဖြစ် ပွားကြောင်း သိရသည်။ မန္တလေးမြို့ ကားရပ်နား ကွင်းမှ နံနက်၅နာရီတွင် ရွှေဘို မြို့သို့ ခရီးသည်တင်ထွက်ခွာလာ သည့် ရန်နိုင်မန်းမော်တော်ယာဉ် အသင်းမှ ယာဉ်မောင်း ကိုဌေးဝင်း မောင်းနှင် လာသည့် ယာဉ်အမှတ် ၆/က ----လူ စီးသီးသန့်ယာဉ် မှာ မြို့ပတ်ကမ်းနားလမ်း ယာဉ် လမ်းကြောင်းအတိုင်း မောင်းနှင် လာရာ အမရပူရမြို့အဝင် ရွှေဂဲ ဖြတ်လမ်းအရောက်မှာ မြစ်ကြီး နား-မန္တလေးလူစီးအစုန်ရထား (၅၆)ကို ဝင်ရောက် တိုက်မိခြင်း ဖြစ်သည်။ 

ရွှေဂဲလမ်းတွင်မီးရထားနှင့် ကားလမ်းအဆုံဂိတ်ရှိရာကား ရောက်ချိန်အထိ မီးရထားမောင်း တံဂိတ်မှာ ပိတ်ထားခြင်းမရှိသ ဖြင့် ခရီးသည်တင် ရန်နိုင်မန်း ဘတ်စ်ကားမှ ဖြတ်သန်းမောင်း နှင်ရာ ရုတ်တရက်ဝင်လာသော မြစ်ကြီးနား-မန္တလေးမီးရထားကို တွေ့သဖြင့် ကားမှာအရှိန်မထိန်း နိုင်တော့ဘဲ ဦးခေါင်းပိုင်းဘယ် ဘက်ခြမ်းဖြင့် ဝင်ရောက်တိုက် မိသည်။ 

''မောင်းတံဂိတ်ဖွင့်ထား လို့ မောင်းရတာပါ။ ရထားလမ်း ကလဲ မျက်ကွယ်ဖြစ်နေတော့ ရထားလာတာ မမြင်ရဘူး။ ရထားကလဲ ဥဩမဆွဲတော့ အသံမ ကြားရဘူး။ မောင်းလာတဲ့အချိန် မှာ အရှိန်မထိန်းနိုင်တဲ့ အတွက် ကားကို ညာဘက်ဆွဲချ လိုက်ရ တယ်။ ဒါကြောင့် ဘယ်ဘက် ခြမ်းရှေ့ပိုင်းနဲ့တိုက်မိသွားတာ ပါ'' ဟုယာဉ်မောင်းကိုဌေးဝင်းက ပြောသည်။ မီးရထားဖြင့်တိုက်မိ၍ ကား ရှေ့ပိုင်းအခြမ်းပျက်စီးမှုရှိသော် လည်း ကားပေါ်မှ ခရီးသည်များ လုံးဝထိခိုက်မှုမရှိကြောင်း သိရ သည်။ 

''ရွှေဘိုနံပါတ်ဝမ်းကားဆို တော့ ခရီးသည်သုံး၊ လေးဦးပဲ ပါတယ်။ ကားကတော့တစ်စီး လုံးပြန်ပြင်ရမယ့် အခြေအနေ ပါ။ သူတို့မောင်းတံမပိတ်လို့ ဖြစ်ရတာဆိုပေမယ့် ကားအတွက် တော့ နစ်နာမှုရှိတာပေါ့ဟု ၆က/ ---- ယာဉ်ပိုင်ရှင်က ပြောသည်။ မီးရထားအားဝင်ရောက် တိုက်မိသည့်နေရာသို့ အမရပူ ရမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ များ နံနက်၈နာရီခန့်တွင် လာ ရောက်စစ်ဆေးရာ ယာဉ်တိုက် မိသည့်ဖြစ်စဉ် အား ပြစ်မှု ပုဒ်မ ၂၇၉၊ ယာဉ်မဆင်မခြင် မောင်း နှင်မှုဖြင့် တရားစွဲဆိုအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ထွေးအောင်
Yangon Media Group

No comments:

Post a Comment