Tuesday, December 10, 2013

ဆီးဂိမ်းကာလ မန်းတွင်မီးမပြတ်ဟု တိုင်းလျှပ်စစ်ဖြန့်ဖြူးရေး ကတိပေး

မန္တလေးမြို့တွင် ဆီးဂိမ်းကာလအတွင်း လျှပ်စစ်မီးမပြတ်စေရန် ပင်မဓာတ်အားပေးစက်ရုံ သုံးခုနှင့် ချိတ် ဆက်ထားခြင်းကြောင့် မီးပျက်မည်ကို စိတ်ပူပန်ရန်မလိုတော့ဟု မန္တလေးတိုင်း မြန်မာ့လျှပ်စစ် ဖြန့်ဖြူးရေး လုပ်ငန်းမှ တိုင်းအင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ပြောသည်။
ပင်မဓာတ်အားပေးစက်ရုံများဖြစ်သည့် တံခွန်တိုင်ပင်မခွဲရုံ (သာစည်)၊ အောင်ပင်လယ်ခွဲရုံ (ကင်းတား)၊ ရွှေစာရံခွဲရုံ (ရွှေလီ)တို့မှ ဓာတ်အားလိုင်းသုံးခုကို မန္တလေးမြို့အတွက် ချိတ်ဆက်ထားပြီး လက်ရှိ လျှပ်စစ် မီးဖြန့်ဖြူးပေးနေသည့် ဓာတ်အားလိုင်းမှာ တံခွန်တိုင် ပင်မခွဲရုံ ဖြစ်သည်။

“တစ်လိုင်းပြတ်ရင် တစ်လိုင်းနဲ့ ချိတ်ဆက်လို့ရအောင် လျှပ်စစ် Source သုံးခု ထည့်ထားပါတယ်။ အဲဒီ သုံး ခုစလုံးက ဓာတ်အားကလဲ တစ်နေရာစီကနေ လာမှာဖြစ်တဲ့အတွက် ဓာတ်အားပျက်မှာ စိတ်မပူရတော့ ဘူး”ဟု ဒေါ်အေးအေးမင်းက ပြောသည်။

အမျိုးသမီးဘောလုံးပြိုင်ပွဲများ ကျင်းပမည့် မန္တလာသီရိအားကစားကွင်းတွင် လျှပ်စစ်မီးပြတ်တောက်သွား ပါက အားကစားနှင့် ကာယပညာဦးစီးဌာနမှ စီစဉ်ထားသော ၈၀၀ မဂ္ဂါဝပ် မီးစက်ဖြင့် လျှပ်စစ်ဓာတ်အား ရရှိအောင် လုပ်ဆောင်ပေးမည်ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်း မန္တလေးခရိုင် ခုနစ်မြို့နယ်၏ လျှပ်စစ်သုံးစွဲမှုပမာဏသည် ၁၅၀ မဂ္ဂါဝပ်ခန့်ရှိခဲ့သော် လည်း ယခုနှစ်တွင်မူ ၂၀၀ မဂ္ဂါဝပ်နီးပါး တက်လာသည်။
 Mizzima

No comments:

Post a Comment