Friday, December 6, 2013

အမြတ်အစွန်း ရရှိရေး ကုန်းရုန်းနေ ရသည့် မြန်မာနိုင်ငံမှ ပုဂ္ဂလိက သတင်းစာများ

ပုဂ္ဂလိ က သတင်းစာ များ အပေါ် အစိုးရက နှစ် ငါးဆယ်ကျော်ကြာ ပိတ် ပင်မှုကို ရုပ်သိမ်း ပေးလိုက်သည့် အခါ မြန်မာ သတင်းစာ ဆရာ များအဖို့ ယခု နှစ်သည် အထိမ်း အမှတ် နှစ်တစ်နှစ် ဖြစ်လာသည်။
သို့ရာတွင် တစ်ဒါဇင် မျှသော နေ့ စဉ် သတင်းစာ များကို တက်သုတ်နှင် ထုတ်ဝေပြီး ခြောက်လခန့် အကြာမှာ စစ် အစိုးရ၏ အမျက် ဒေါသနှင့် ရက် စက်မှု အောက်မှာ ကြံ့ကြံ့ ခံနေသား ကျသည့် မြန်မာ သတင်းစာ ဆရာများသည် အများသူငါ ကြုံတွေ့နေကျ ဖြစ်သော ဈေးကွက် ပြိုင်ဆိုင်မှုတွေနှင့် ရုန်းကန်နေ ကြရပေသည်။ အနှစ်နှစ် အလလက မျိုသိပ်ခဲ့ ရသည့် ခံစားချက် များကို ထုတ် ဖော်ဖွင့်ချလို သည့် မျှော်လင့်ချက်များ ရှိနေသော် ငြားလည်း ကြော်ငြာ ရရှိမှု နည်းပါးခြင်း နှင့် အတူ Internet ရဲ့ ပခုံးချင်း ယှဉ်မှုကိုလည်း ခံစားနေကြောင်း ထုတ်ဝေသူများ က ဆိုကြ သည်။ နေ့စဉ် သတင်းစာ တစ်စောင် ထုတ်ဝေနေသည့် ”မဇ္ဈိမ သတင်းစာ” Mizzima Media Group ၏ CEO ဦးဆန်နီဆွေ က ”ထုတ်ဝေသူ တွေတိုင်း ဖြူကာပြာကာကျနေကြတယ်” ”ခင်ဗျားတို့ တိုက်ပွဲဝင်ဖို့ အသင့်ပြင်ကြ၊ ပြီးတော့ ဆုံးရှုံးမှု ကိုလည်း ပြင်ဆင် ထား” ဖို့ သတိပေး သည်။

ယခုနှစ်တွင် စတင် ထုတ်ဝေသည့် သတင်းစာ ၁၂ စောင် အနက် သတင်း စာ သုံးစောင် ရပ်သွားပြီး ကျန်သတင်း စာကိုးစောင် မှာလည်း အမြတ်အစွန်း ရရှိနိုင်သည့် အလား အလာမရှိသေး ကြောင်း ထုတ်ဝေသူများ က ပြောကြ သည်။

ကမ္ဘာနှင့် အဝန်း သတင်းမီဒီယာ လုပ်ငန်းတွင် ပုံနှိပ် မီဒီယာများ ဖတ်ရှု သူ ကျဆင်းလာသည် ကို ထိပ်တိုက် ရင် ဆိုင်နေကြရသည့် နည်းတူ ပုဂ္ဂလိက မြန်မာ့နေ့စဉ် သတင်းစာ များသည်လည်း စိန်ခေါ်မှု အချို့နှင့် ရင်ဆိုင်နေကြရ သည်။ တစ်ဆက်တည်း မှာပဲ မြန်မာနိုင်ငံ တစ်နံ တစ်လျား စစ်အုပ်ချုပ်မှု အမွေ အနှစ် နေရာတကာ ပျံ့နှံ့ လျက်ရှိပြီး  ဆင်းရဲ တွင်းနက်နေဆဲ နိုင်ငံတွင် မြန်မာ့ နေ့စဉ် သတင်းစာ များ လည်ပတ်နေကြ ရသည့် ပုဂ္ဂလိက သတင်းစာ များသည် သတင်း လုပ်ငန်းတွင် နေမြဲဖြင့် အသား ကျနေသည့် အစိုးရပိုင် သတင်းစာများ နှင့်လည်း ယှဉ်ပြိုင်နေကြရသည်။

ဖြန့်ချိရေးသည် မြို့ကြီး များတွင် အထူးသဖြင့် မိုးတွင်းကာလ များမှာ အားမကိုးရ၊ စိတ်မချ ရသော အခြေ အနေတွင် ရှိနေဆဲ ဖြစ်သည်။ နယ်မြို့ ငယ် များနှင့် ကျေး လက်ဒေသများတွင်မူ မရှိသလောက် ဖြစ်သည်။ ပုဂ္ဂလိက သတင်းစာ တစ်စောင်လျှင် ကျပ်နှစ်ရာသည် စာဖတ်သူ အများစု အတွက် ဈေးနှုန်း အတော်မြင့်မား လျက်ရှိ သည်ဟု ထုတ်ဝေသူများ က သုံးသပ်သည်။ အစိုး ရထုတ် သတင်းစာ တစ်စောင်လျှင် ငါး ဆယ်ကျပ် အောက်တွင် ရှိသည်။
၁၉၆ဝ ခုနှစ် များတွင် စစ်အစိုးရ က ပုဂ္ဂလိက သတင်းစာများကို ပိတ်ပင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အာဏာ သိမ်းပြီး တက်လာသည့် စစ်အစိုးရ က အပတ်စဉ် သတင်းစာစောင် အချို့ကို တင်းကျပ်သော ဆင်ဆာ စည်းကမ်း များနှင့် ခွင့်ပြုခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် အာဏာ ရရှိလာသည့် အရပ်သား အစိုးရ က စာပေ စိစစ်ရေး အဖွဲ့ကို ယခင်နှစ်က ဖျက်သိမ်းပေးခဲ့ပြီး ယမန်နှစ် ဧပြီလတွင် ပုဂ္ဂလိက သတင်းစာ များကို ခွင့်ပြုခဲ့ သည်။

”The 7Day Daily” သတင်းစာ ၏ အမှုဆောင် အယ်ဒီတာ တစ်ဦးဖြစ်သူ ဒေါ်ငြိမ်းငြိမ်းနိုင် က သတင်းထောက် ကောင်း တစ်ယောက် ရရှိဖို့ ခက်ခဲ ကြောင်း၊ သူ၏ သတင်းထောက် အချို့ သည် Facebook စွဲနေသူများ ဖြစ်ပြီး သက်ဆိုင်ရာ အယ်ဒီတာ များထံ သတင်း များ ရေးသားပေးပို့သည် ထက်  မိမိတို့၏ Facebook စာမျက်နှာ များတွင် သာ မကြာခဏ ရေးကြလေ့ ရှိကြောင်း ပြောဆိုသည်။ သတင်းတိကျ မှန်ကန်မှု ထက် အုတ်အော်သောင်းတင်း လှုပ်လှုပ်ရွရွ သတင်းများ ဖော်ပြလေ့ ရှိသည့် နေ့စဉ် ထုတ် သတင်းစာနှင့် အပတ်စဉ်ထုတ် ဂျာနယ်များကိုသာ စာဖတ်သူ အများစု ပိုမို နှစ်သက်လာ ကြကြောင်းနှင့် ”ပြည်သူ တွေဟာ အရည်အသွေး ကို မဝယ်ကြဘူး” ဟု ပြောဆိုပါသည်။

၎င်းကပဲ ဆက်လက်ပြီး ”နေ့စဉ် သတင်းစာ တစ်စောင် ထုတ်ခွင့်ရဖို့ ကျွန်မတို့ အိပ်မက် မက်ခဲ့တယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ ကျွန်မ စဉ်းစားမိတယ်။ နေ့စဉ် သတင်းစာ တစ်စောင် လုပ်ခွင့်ရ တာ စောများ စောနေသလားလို့။ ကျွန်မတို့က စာဖတ်သူတွေကို အကောင်းဆုံး အရည်အသွေးတွေ မပေးနိုင်ဘူး။ ကျွန်မတို့ အဆင်သင့် မဖြစ်ခဲ့ တာ ဖြစ်ပါလိမ့် မယ်။ အထူးသဖြင့် လူအင်အား အရင်း အမြစ်ဘက်မှာပါ”
ဂိုဏ်းဂဏစွဲ အကြမ်းဖက်မှု များနှင့် မေးခွန်းထုတ်စရာ ဖြစ်နေသည့် စစ်တပ်၏ သြဇာ အာဏာ လွှမ်းမိုးမှု များကြောင့် အခက် အခဲတွေ့နေ ရပြီး သေချာမှု မရှိ သေး သည့် မြန်မာနိုင်ငံ၏ အနာဂတ် အဖို့ နိုင်ငံ တစ်ဝန်းမှ တိကျသေချာသော အဆင့်မြင့် သတင်းပေး ပို့မှုများ လိုအပ် လျက် ရှိကြောင်း အယ်ဒီတာ များက ပြောကြသည်။
ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် ထင်ရှားသည့် သာဓက ဖြစ်ကြောင်း နေ့စဉ်ထုတ် သတင်းစာ တစ်စောင်နှင့် အပတ်စဉ် ထုတ် ဂျာနယ်များ ထုတ်ဝေနေ သူ Eleven Media Group CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောသည်။

ယမန်နှစ် မတ်လ အတွင်း မြန်မာ နိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့တွင် ဂိုဏ်းဂဏ ပဋိပက္ခများ အုံကြွပေါ်ပေါက်စဉ် သူ၏ ဓာတ်ပုံ သတင်းထောက် တစ် ဦးမှာဒေါသ ထွက်နေသည့် လူအုပ်စု တစ် စု၏ ခြိမ်းခြောက် နှောင့်ယှက်မှု ခံခဲ့ရ သည်။ နောက်ထပ် ဓာတ်ပုံသတင်း ထောက် တစ်ဦးမှာ အနီးအနားမြို့မှ မောင်း ထုတ်ခံရသည်။ ယင်း သတင်းထောက် သည် မာန်ဖီနေသည့် လူအုပ်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ကြုံ ခဲ့ရပြီး သက်ဆိုင်ရာ ရဲစခန်းတွင် ခိုလှုံခဲ့ရသည်။ တတိယမြောက် သတင်းထောက် တစ်ဦး မှာမူကား ထိုအချိန်က ဒါဇင်ပေါင်းများ စွာသော အိမ်များ မီးလောင်ခံ ရပြီး အနည်းဆုံး လူပေါင်း ၄၄ ဦး အသတ်ခံ ခဲ့ရသည့် အဆိုပါ မြို့တွင် စီးပွားရေး လုပ်ငန်း ရှင် ဟန်ဆောင်ပြီး မြို့တွင်းမှ ဓာတ်ပုံများကို ပိပိရိရိ ရိုက်ယူခဲ့ပါသည်။ The Daily Eleven သတင်းစာမှ ဓာတ်ပုံများသည် မြို့တွင်း အကြမ်းဖက် မီးရှို့ သတ်ဖြတ်မှု ကို ဖော် ပြရာတွင် သတင်းဦး ဓာတ်ပုံများ အဖြစ် လူပြော များခဲ့သည်။

The Daily Eleven သတင်းစာ စောင်ရေ ၈၅ဝဝဝ ရှိကြောင်း၊ ပမာဏ ကြီးမားသည့် ပုဂ္ဂလိက သတင်းစာ တစ်စောင် ဖြစ်သော်လည်း အမြတ် အစွန်း မရှိသေးကြောင်း ဒေါက်တာ သန်းထွဋ် အောင် က ဆိုပါသည်။
ယခု လက်ရှိ The Daily Eleven သတင်းစာသည် လက်တွေ့ အားဖြင့် လွန်ခဲ့သည့် ၁၃ နှစ် ဝန်းကျင် က Eleven Media Group မှ စတင် ထုတ်ဝေခဲ့သော အမြတ် အစွန်း ကြီးမားသည့် အပတ်စဉ် အားကစား ဂျာနယ် တစ်စောင်၏ အထောက်အပံ့ ခံ ဖြစ်သည်။

အချို့သော ပုဂ္ဂလိက သတင်းစာ ငယ်များတွင်မူ ဤကဲ့သို့သော ငွေကြေး အထောက်အပံ့ မျိုး မရှိချေ။
စစ် အာဏာရှင် လက်ထက်တွင် စိစစ်ရေးနှင့် အကြိမ်ပေါင်း များစွာ ပြဿနာ ဖြစ်ခဲ့ဖူးသည့် ဝါရင့် သတင်းစာ ဆရာ ဦးသီဟစော သည်လည်း မြန် မာနိုင်ငံတွင် အင်္ဂလိပ် ဘာသာဖြင့် ထုတ် ဝေသည့် တစ်စောင် တည်းသော Myanma Freedom Daily သတင်းစာ ကို ထုတ်ဝေလျက် ရှိသည်။ မိမိတို့ ဘာသာ အခန်းရောင်း ဘာရောင်းနှင့် ကျစ်ကျစ် ကုတ်ကုတ် စုဆောင်းပြီး လုပ်ကြတာ ဖြစ်ကြောင်း၊ ဆွေမျိုးသား ချင်းများနှင့် ခင်မင်သည့် မိတ်ဆွေ သူငယ်ချင်းများ ကလည်း ထည့်ဝင်ကြ တာ ဖြစ်ကြောင်း၊ လက်ရှိ မြန်မာ သတင်းစာဆရာ များအသင်း ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးသီဟစောက ပြောပါ သည်။ ပြင်ပမှ ရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ခေါ်ဖို့ စဉ်းစားနေ သော်လည်း ထည့်ဝင်မြှုပ်နှံငွေ များသည် နှောင်ကြိုး ဖြစ်မည်ကို စိုးရိမ်လျက် ရှိသည်။

များပြားလှသော ကြော်ငြာများနှင့် အတူ ဈေးနှုန်း ချိုသာစွာ ရောင်းချနေ သည့် ပုဂ္ဂလိက သတင်းစာများ မပေါ်မီ ကတည်းက ရှိနှင့်ပြီး ဖြစ်ကြသော အစိုးရပိုင် သတင်း စာများနှင့် မမျှမတ ယှဉ်ပြိုင် နေကြရကြောင်း ဂျာနယ်လစ် များ က ရင်ဖွင့်ကြသည်။
အင်တာနက် သတင်းများကို ကျယ်ကျယ် ပြန့်ပြန့်ဖြင့် လစဉ်ဖော်ပြ ထုတ်ဝေလျက် ရှိသည့် ”ဧရာဝတီ” အမည်ရှိ အင်္ဂလိပ် မဂ္ဂဇင်း တစ်စောင်၏ အယ်ဒီတာ တစ်ဦးဖြစ်သူ ဦးကျော်စွာမိုး က အစိုးရပိုင် သတင်းစာများသည် တိုင်းပြည်တွင်း လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့် တိုးတက် ဖွံ့ဖြိုးမှု အတွက် ခလုပ် ကန်သင်း ဖြစ်နေသည် ဟု ပြော ပါသည်။ ”ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းတွင် ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းစာ ထုတ်ဝေမည်ကို သင်မျှော်လင့်မထားပါနဲ့။ ယင်းအချက်သည် လွတ်လပ် စွာ ပြောဆိုရေးသား ထုတ်ဝေ ခွင့်၊ ပုဂ္ဂလိကနှင့် အမှီခို ကင်းသော မီဒီ ယာအုပ်စု အတွက် အဟန့်အတား တစ် ရပ်ပါပဲ”ဟု သူကပြောသည်။

အချို့သော နေ့စဉ်ထုတ် သတင်း စာစောင် များမှာမူ ယခင်စစ် အစိုးရ၏ ကျောထောက် နောက်ခံ ပံ့ပိုးမှုများ ရှိနေ ကြသည်။ လွှတ်တော်တွင်း ကိုယ်စား လှယ် အများစု ရှိနေပြီး ယခင် စစ်အစိုးရ ဗိုလ်ချုပ်ဟောင်း များဖြင့် ဖွဲ့စည်း တည်ထောင် ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီထုတ် သတင်းစာမှာ ”ပြည်ထောင် စုနေ့စဉ် သတင်းစာ” ဖြစ်သည်။
မိမိတို့ သတင်းစာသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ မူဝါဒများကို ထင်ဟပ်ဖော်ပြလျက် ရှိ ကြောင်း သတင်းစာ အယ်ဒီတာချုပ် ယခင်တပ်မတော် အရာရှိ ဟောင်း ဦးဝင်း တင်က ပြောကြားပါသည်။
 ရေရှည်တွင် ပုဂ္ဂလိက သတင်းစာ  ရော၊ အစိုးရပိုင် သတင်းစာ များပါ အခက်အခဲတွေနှင့် ရင်ဆိုင် ကြုံတွေ့ရ မည် ဖြစ်ကြောင်း အယ်ဒီတာ များက သုံးသပ်သည်။

တိုးတက်လာသော အင်တာနက် ဆက်ကြောင်း များနှင့်အတူ ရင်းနှီးမြှုပ်နှံ ရန် အသင့် အနေအထားတွင် ရှိနေသည့် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီကြီးများ၏ မိုဘိုင်း တယ်လီဖုန်းများ တပ်ဆင်ရေး ကွန်ရက်သည် သန်းပေါင်း များစွာသော မြန်မာပြည်သူ လူထုအတွက် ပထမဦး ဆုံး on line ပေါ်ရောက်ရှိရေး ဆောင် ရွက်မှု တစ်ရပ် ဖြစ်လာပေမည်။ မိမိတို့ ၏ သတင်းများကို on line ပေါ်တွင် ကမ္ဘာ့ပြည်သူများ ကြည့်ရှုကြသည့် လမ်းကြောင်းသို့ မြန်မာ သည်လည်း အတူ လိုက်ပါလာဟန် ရှိပေသည်။
”သတင်းစာ များသည် တိုင်းပြည် အတွက် အသစ်အဆန်း တစ်ခု မဟုတ် ဒါကြောင့် လူတိုင်း ထုတ်ဝေကြခြင်း ဖြစ်ကြောင်း ”Mizzima” အကြီးအမှူး ဦးဆန်နီဆွေ က ပြောပါသည်။ ”သို့ သော်လည်း သတင်းစာတွေ ထဲမှာပဲ ၁ဝ နှစ်လောက် နေမနေပါနဲ့။ ကျွန်တော် တို့ရဲ့ အနာဂတ်က Mobile မှာရှိတယ်”ဟု ၄င်းက ဆိုပါသည်။

မောင်မြား
[ကိုးကား-  Thomas Fuller ၏ In Myanmar, Newly Free Media Struggle to turn a profit»]
Popular Myanma

No comments:

Post a Comment