Saturday, December 21, 2013

လွှတ်တော်ကိုယ်စားလှယ်ရန်ပုံငွေသည်ကျေးလက်လူထု၏ဖွံ့ဖြိုးရေး လုပ်ငန်းအတွက်မပြည်စုံနိုင်ဟုဆို

Photo: လွှတ်တော်ကိုယ်စားလှယ်ရန်ပုံငွေသည်ကျေးလက်လူထု၏ဖွံ့ဖြိုးရေး
လုပ်ငန်းအတွက်မပြည်စုံနိုင်ဟုဆို
Saturday, December 21, 2013

ကချင်ပြည်နယ်မိုးညှင်းမြို့နယ်တွင် နိုင်ငံတော်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရန်ပုံငွေကို ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် ခွင့်ပြုငွေသိန်း၁ထောင်ချမှတ်ပေးခဲ့သဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖေါ်ရေး အဖွဲ့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မီတီမှတဆင့် ရပ်ကွက်ကျေးရွာ အုပ်စုများသို့ ဒေသ၏ လိုအပ်ချက်များကို တင်ပြတောင်းဆိုရန် အကြောင်းကြားထားခဲ့သည်ဟု မိုးညှင်းလွှတ်တော်ရုံးမှသိရသည်။

ဒေသအသီးသီးမှ လွှတ်တော်ရုံးသို့ တင်ပြချက်များအရ လုပ်ငန်းပေါင်း(၁၅၂)ခုရှိပြီး ကျပ်သိန်းတစ်သောင်းကျော်ခန့်နေကြောင်း၊ ဒီဇင်ဘာ၁၈ရက်နေ့ စာရင်းဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာ အုပ်စုများ
အတွက် လုပ်ငန်းများခွဲဝေပြီး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မိုးညှင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးတာဝန်ခံ ဒေါ်မြင့်မြင့်ကြည်က
ပြောသည်။

“၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေသိန်းတစ်ထောင်ပဲ ခွင့်ပြုထားပါတယ်၊ အခုဒေသအသီးသီးမှတင်ပြ တောင်းဆိုလာတာ ခွင့်ပြုရန်ပုံငွေထက်ဆယ်ဆလောက် ရှိနေပါတယ်၊ မြို့နယ်အတွင်း
သောက်သုံးရေရရှိရေး၊ လမ်းတံတားတည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့အခြားလုပ်ငန်းများအတွက် အခြေခံကျေးလက်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကများနေပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ပြည်သူတွေလိုအပ်ချက်များကို အမြန်ဆုံး ပြည်စုံနိုင်ဖို့ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါတယ်”ဟု မိုးညှင်းမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်စိုးလေးက ပြောသည်။

“ဒေသဖွံ့ဖြိုးရေးကိုမြို့နဲ့ နီးတဲ့နေရာတွေထက်လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့တဲ့ရွာတွေကို ဦးစားပေးစေချင်တယ်၊ လုပ်ဆောင်မှုတိုင်းကို
ပြန်လည်စစ်ဆေးဖို့လည်း လိုအပ်ပါတယ်ဒါမှ လုပ်ပြီးပြီးရော မဟုတ်ဘဲ အမှန်အကန်နဲ့ရေရှည် တည်တံ့နိုင်မှာပါ၊ အမှန်တကယ်
စေတနာထားပြီး ဆောင်ရွက်ပေးရင် စေတနာအကျိုးပေးကြမှာပါ”ဟု အင်းတော်ကြီးဒေသခံတစ်ဦးက ပြောသည်။

ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြထားကြသည့် လုပ်ငန်း များနေသောကြောင့် ကျေးရွာအုပ်စုတစ်စုကို လုပ်ငန်းတစ်ခုစီ
ဦးစားပေး၍ အဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
လွှတ်တော်ခွင့်ပြုငွေ သိန်း၁ထောင်နှင့် ညီမျှအောင် စိစစ်ရေး
ကော်မတီတွေဖွဲ့စည်း၍ မျှမျှတတဖြစ်အောင်ဆောင်ရွက်
ပေးနေပါကြောင်း လွှတ်တော်ကိုယ်စားလှယ်တွဲဘက် တာဝန်ခံဒေါ်ဝါ၀ါလွင်က ပြောသည်။

သီဟအောင်(ကချင်)
မြန်မာ့ခေတ်
ကချင်ပြည်နယ်မိုးညှင်းမြို့နယ်တွင် နိုင်ငံတော်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရန်ပုံငွေကို ဒေသ ဖွံ့ဖြိုးရေးေ ဆာင်ရွက်နိုင်ရန် ခွင့်ပြုငွေသိန်း၁ထောင်ချမှတ်ပေးခဲ့သဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင် အထည်ဖေါ်ရေး အဖွဲ့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မီတီမှတဆင့် ရပ်ကွက်ကျေးရွာ အုပ်စုများသို့ ဒေသ၏ လိုအပ်ချက်များကို တင်ပြတောင်းဆိုရန် အကြောင်းကြားထားခဲ့သည်ဟု မိုးညှင်း လွှတ်တော် ရုံးမှသိရသည်။
ဒေသအသီးသီးမှ လွှတ်တော်ရုံးသို့ တင်ပြချက်များအရ လုပ်ငန်းပေါင်း(၁၅၂)ခုရှိပြီး ကျပ်သိန်း တစ်သောင်းေ ကျာ် ခန့်နေကြောင်း၊ ဒီဇင်ဘာ၁၈ရက်နေ့ စာရင်းဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာ အုပ်စုများအတွက် လုပ်ငန်း များခွဲဝေပြီး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မိုးညှင်းမြို့နယ်လွှတ်တော် ကိုယ်စား လှယ်ရုံးတာဝန် ခံ ဒေါ်မြင့်မြင့်ကြည် က ပြောသည်။

“၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေသိန်းတစ်ထောင်ပဲ ခွင့်ပြုထားပါတယ်၊ အခုဒေသအသီးသီးမှ တင်ပြ တောင်းဆိုလာတာ ခွင့်ပြုရန်ပုံငွေထက်ဆယ်ဆလောက် ရှိနေပါတယ်၊ မြို့နယ် အတွင်း သောက် သုံးရေ ရရှိရေး၊ လမ်းတံတားတည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့အခြားလုပ်ငန်းများအတွက် အခြေခံကျေးလက်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကများနေပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ပြည်သူတွေလိုအပ်ချက်များကို အမြန်ဆုံး ပြည်စုံနိုင်ဖို့ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါတယ်”ဟု မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်စိုးလေးက ပြောသည်။

“ဒေသဖွံ့ဖြိုးရေးကိုမြို့နဲ့ နီးတဲ့နေရာတွေထက်လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့တဲ့ရွာတွေကို ဦးစားပေးစေချင် တယ်၊ လုပ်ဆောင်မှုတိုင်းကို ပြန်လည်စစ်ဆေးဖို့လည်း လိုအပ်ပါတယ်ဒါမှ လုပ်ပြီးပြီးရော မဟုတ်ဘဲ အမှန်အကန်နဲ့ရေရှည် တည်တံ့နိုင်မှာပါ၊ အမှန်တကယ် စေတနာ ထားပြီး ဆောင်ရွက်ပေးရင် စေတနာ အကျိုးပေးကြ မှာ ပါ”ဟု အင်းတော်ကြီးဒေသခံတစ်ဦးက ပြော သည်။

ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြထားကြသည့် လုပ်ငန်း များနေသောကြောင့် ကျေးရွာအုပ်စုတစ်စုကို လုပ်ငန်းတစ်ခုစီ ဦးစားပေး၍ အဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်ခွင့်ပြုငွေ သိန်း ၁ထောင်နှင့် ညီမျှအောင် စိစစ်ရေးကော်မတီတွေဖွဲ့စည်း၍ မျှမျှတတဖြစ်အောင်ဆောင်ရွက် ပေးနေ ပါကြောင်း လွှတ်တော်ကိုယ်စားလှယ်တွဲဘက် တာဝန်ခံဒေါ်ဝါ၀ါလွင်က ပြောသည်။

သီဟအောင်(ကချင်)
မြန်မာ့ခေတ်

No comments:

Post a Comment