Tuesday, December 24, 2013

မကျေပွဲနွှဲချင်သည့် မြန်မာဘောလုံးပရိသတ်များအတွက် မြန်မာကအိမ်ရှင်အဖြစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုကျင်းပမည်

မကျေပွဲနွှဲချင်သည့် မြန်မာဘောလုံးပရိသတ်များအတွက် မြန်မာကအိမ်ရှင်အဖြစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုကျင်းပမည်
Tuesday, December 24, 2013

လာမည့် ၂၀၁၄ ဆူဇူကီး ဖလား ပြိုင်ပွဲ အိမ်ရှင် အဖြစ် စကာင်္ပူနှင့် ဗီယက်နမ်တို့က ပူးတွဲ ရွေးချယ်ခြင်း ခံခဲ့ရပြီးဖြစ်သည်။

အာဆီယံ ဒေသတွင်း အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲတစ်ရပ် ဖြစ်သည့် ဆူဇူကီးဖလား ခေါ် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်တွင်မူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဆူဇူကီးဖလား ပြိုင်ပွဲမှာ ဒေသတွင်း အဆင့်မြင့်ဆုံး ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် အားလျော်စွာ အဆိုပါ ပြိုင်ပွဲကို နိုင်ငံ လက်ရွေးစင် အသင်းများသာ ၀င်ရောက် ယှဉ်ပြိုင်ရပြီး သက်တမ်းလိုက် အသင်းများ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေ။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ကို ဒီဇင်ဘာ (၂၁)ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ရွိုင်ရယ် ကုမုဒြာ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ ၁၀ကြိမ်မြောက် ကောင်စီအစည်းအဝေးမှ ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံဒေသတွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးနိုင်ရေး၊ အာဆီယံ စူပါလိဂ် ဘောလုံးပြိုင်ပွဲ ကျင်းပရေး အစရှိသည့် ကိစ္စရပ်များကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲကို လက်ခံကျင်းပနိုင်ရေး အတွက် အိမ်ရှင်နိုင်ငံ ရွေးချယ်မှုကို ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံက ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မဲခွဲမှုတွင် အိမ်ရှင်ကျင်းပခွင့်အတွက် မြန်မာနိုင်ငံအပါအဝင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အစရှိသည့် ၃နိုင်ငံက လျှောက်ထားခဲ့ကြရာ မြန်မာနိုင်ငံက (၉)မဲဖြင့် အင်ဒိုနီးရှား (၄)မဲ၊ ဖိလစ်ပိုင် (၆)မဲတို့အား အသာရကာ အိမ်ရှင်ပြုလုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ဆူဇူကီး ဖလားပြိုင်ပွဲ၏ ကျင်းပပုံအရ အုပ်စု(၂)စု ခွဲကာ ထိုအုပ်စုများကို အိမ်ရှင်နိုင်ငံ (၂)ခုတွင် သွားရောက် ကစားစေပြီး အုပ်စုအဆင့်မှ လွန်မြောက်လာသည့် အသင်းများကို ဆီမီးဖိုင်နယ် အဖြစ် အိမ်ကွင်း၊ အဝေးကွင်း ကစားစေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၁၆ ဆူဇူကီဖလား ပြိုင်ပွဲတွင် မြန်မာအသင်းမှာ မိမိတို့ ပါဝင်သည့် အုပ်စုကို အိမ်ရှင်အဖြစ် လက်ခံမည် ဖြစ်ပြီး အခြား တစ်အုပ်စုကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။

ဆူဇူကီး ဖလားပြိုင်ပွဲကို ယခင်က တိုက်ဂါးဖလား ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး ၂၀၀၇ ခုနှစ်မှ စကာ ဆူဇူကီး ဖလားအဖြစ် ပြောင်းလဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံ အနေဖြင့် ဆူဇူကီးဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် တစ်ကြိမ်မှ လက်ခံဖူးခြင်း မရှိရာ ယခုတစ်ကြိမ် အိမ်ရှင်အဖြစ် လက်ခံမှုမှာ ပထမဆုံး အကြိမ် အိမ်ရှင်လက်ခံ ကျင်းပမှု ဖြစ်လာမည် ဖြစ်သည်။ ၂၀၁၂ ကမူ ဆူဇူကီးဖလား ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံခဲ့ဖူးသည်။ ဆူဇူကီးဖလားကို စင်ကာပူ အသင်းက (၄)ကြိမ်နှင့် အများဆုံး ဗိုလ်စွဲထားပြီး ထိုင်းအသင်းက (၃)ကြိမ် ရယူထားသည်။ မြန်မာ အသင်းမှာမူ အဆိုပါ ပြိုင်ပွဲတွင် အောင်မြင်မှု ရယူနိုင်ခြင်း မရှိသေးဘဲ အမြင့်ဆုံး အောင်မြင်မှု အဖြစ် စတုတ္ထ တစ်ကြိမ်သာ ရယူထားနိုင်သည်။

Soccer Myanmar
လာမည့် ၂၀၁၄ ဆူဇူကီး ဖလား ပြိုင်ပွဲ အိမ်ရှင် အဖြစ် စကာင်္ပူနှင့် ဗီယက်နမ်တို့က ပူးတွဲ ရွေးချယ်ခြင်း ခံခဲ့ ရပြီးဖြစ်သည်။

အာဆီယံ ဒေသတွင်း အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲတစ်ရပ် ဖြစ်သည့် ဆူဇူကီးဖလား ခေါ် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်တွင်မူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။ ဆူဇူကီးဖလား ပြိုင်ပွဲမှာ ဒေသတွင်း အဆင့်မြင့်ဆုံး ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် အားလျော်စွာ အဆိုပါ ပြိုင်ပွဲကို နိုင်ငံ လက်ရွေးစင် အသင်းများသာ ၀င်ရောက် ယှဉ်ပြိုင်ရပြီး သက်တမ်းလိုက် အသင်းများ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေ။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ကို ဒီဇင်ဘာ (၂၁)ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ရွိုင်ရယ် ကုမုဒြာ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ ၁၀ကြိမ်မြောက် ကောင်စီ အစည်းအဝေးမှ ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံဒေသတွင်း လူငယ်ပြိုင် ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးနိုင်ရေး၊ အာဆီယံ စူပါလိဂ် ဘောလုံးပြိုင်ပွဲ ကျင်းပရေး အစ ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲကို လက်ခံ ကျင်းပနိုင်ရေး အတွက် အိမ်ရှင်နိုင်ငံ ရွေးချယ်မှု ကို ပြုလုပ် ခဲ့ရာ မြန်မာနိုင်ငံက ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မဲခွဲမှုတွင် အိမ်ရှင်ကျင်းပခွင့်အတွက် မြန်မာနိုင်ငံအပါအဝင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အစရှိသည့် ၃နိုင်ငံက လျှောက်ထားခဲ့ကြရာ မြန်မာနိုင်ငံက (၉)မဲဖြင့် အင်ဒိုနီးရှား (၄)မဲ၊ ဖိလစ်ပိုင် (၆)မဲတို့အား အသာရကာ အိမ်ရှင်ပြုလုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ဆူဇူကီး ဖလားပြိုင်ပွဲ၏ ကျင်းပပုံအရ အုပ်စု(၂)စု ခွဲကာ ထိုအုပ်စုများကို အိမ်ရှင်နိုင်ငံ (၂)ခုတွင် သွားရောက် ကစားစေပြီး အုပ်စုအဆင့်မှ လွန်မြောက်လာသည့် အသင်းများကို ဆီမီးဖိုင်နယ် အဖြစ် အိမ်ကွင်း၊ အဝေးကွင်း ကစားစေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၁၆ ဆူဇူကီဖလား ပြိုင်ပွဲတွင် မြန်မာအသင်းမှာ မိမိတို့ ပါဝင်သည့် အုပ်စုကို အိမ်ရှင်အဖြစ် လက်ခံမည် ဖြစ်ပြီး အခြား တစ်အုပ်စုကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။

ဆူဇူကီး ဖလားပြိုင်ပွဲကို ယခင်က တိုက်ဂါးဖလား ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး ၂၀၀၇ ခုနှစ်မှ စကာ ဆူဇူကီး ဖလားအဖြစ် ပြောင်းလဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် ဆူဇူကီးဖလား ပြိုင်ပွဲကို အိမ်ရှင် အဖြစ် တစ်ကြိမ်မှ လက်ခံဖူးခြင်း မရှိရာ ယခုတစ်ကြိမ် အိမ်ရှင်အဖြစ် လက်ခံမှုမှာ ပထမဆုံး အကြိမ် အိမ်ရှင်လက်ခံ ကျင်းပမှု ဖြစ်လာမည် ဖြစ်သည်။ ၂၀၁၂ ကမူ ဆူဇူကီးဖလား ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံ ခဲ့ဖူးသည်။ ဆူဇူကီးဖလားကို စင်ကာပူ အသင်းက (၄)ကြိမ်နှင့် အများဆုံး ဗိုလ်စွဲထားပြီး ထိုင်းအသင်းက (၃)ကြိမ် ရယူထားသည်။ မြန်မာ အသင်းမှာမူ အဆိုပါ ပြိုင်ပွဲတွင် အောင်မြင်မှု ရယူနိုင်ခြင်း မရှိသေးဘဲ အမြင့်ဆုံး အောင်မြင်မှု အဖြစ် စတုတ္ထ တစ်ကြိမ်သာ ရယူထားနိုင်သည်။

Soccer Myanmar

No comments:

Post a Comment