Thursday, December 19, 2013

ထိုင်းအမျိုးသမီးအသင်းကို မြန်မာအသင်း ရှုံးနိမ့်မှုနဲ့ အားပေးစကားတချို့

 
 မနေ့က မြန်မာ- ထိုင်း အမျိုးသမီး ဘောလုံးပွဲ အပြီးမြင်ကွင်းတခု၊ ဓာတ်ပုံ- မြန်မာဘောလုံး အဖွဲ့ချုပ် စာမျက်နှာ
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ မနေ့က ထိုင်း-မြန်မာအမျိုးသမီး ဘောလုံးပွဲမှာ ထိုင်းက ၁၁- မြန်မာက ၁၀ ဂိုး နဲ့ မြန်မာ အမျိုးသမီးအသင်း ရှုံးနိမ့်ခဲ့ပါတယ်။
  ကြေးမုံက ဒီသတင်းကို အခုလို ဖော်ပြပါတယ်။ 

မြန်မာ အမျိုးသမီးဘောလုံးအသင်းနှင့် ထိုင်းအမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ရာတွင် မြန်မာအသင်း အားနည်းချက် အချို့ရှိသော်လည်း အားကြိုးမာန်တက်ကစားခဲ့ကာ ချေပဂိုးများ ပြန်လည်သွင်း ယူပေးခဲ့ သည်။ 

အချိန်ပို မိနစ် ၃၀ တွင်လည်း မြန်မာအသင်း ချေပဂိုး ပြန်လည်သွင်းယူကာ ပရိသတ်များ ရင်ခုန်စွာဖြင့် အားပေးခဲ့ကြသည်။ 

အချိန်ပိုတွင်လည်း တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့၍ ပင်နယ်ဒီဖြင့် အဆုံးအဖြတ် ကန်သွင်းကြရာ မြန်မာ အသင်း အတွက် ၅ လုံး မြောက်တွင် အခွင့်အရေးရရှိခဲ့သော်လည်း ဘောလုံးမှာ တိုင်ထိပြီး အပြင်ကို ပြန် ထွက်လာခဲ့သည်။ 

နောက်ထပ် ၅ ဂိုးဆက်လက်ကန်သွင်းခဲ့ရာတွင် ထိုင်းအသင်းက ၅ ဂိုးစလုံးဝင်သွားခဲ့သော်လည်း မြန်မာ အသင်း ကမူ နောက် ဆုံး ၅ လုံးမြောက်တွင် ကန်သွင်းရာ ထိုင်းဂိုးသမားကာကွယ်နိုင်ခဲ့၍ မြန်မာအသင်း ၀မ်းနည်းစွာဖြင့် ဗိုလ်လုပွဲနဲ့ လွဲသွားခဲ့ရပေသည်။ 

မြန်မာအသင်းသည် မလေးရှားအသင်းနှင့် တတိယနေရာလုပွဲ ဆက်လက်ကစားမည်ဖြစ်သည်။ 

ဒီလို မြန်မာအမျိုးသမီး ဘောလုံး အသင်း ရှုံးနိမ့်ခဲ့ရပေမယ့် အလှမယ် နန်းခင်ဇေယျာက အခုလို ရေးသား 
ဖော်ပြ ထားပါတယ်။ 

ကျွန်ုပ်တို့ကျခဲ့ရတဲ့မျက်ရည်များသည် တစ်ချိန်မှာ ရွှေတံဆိပ်ဆုများဖြစ်ပါစေသား။ မငိုပါနဲ့လို့ မပြောရက် ပါဘူး။ ခုလို ရလဒ်ကို ရခဲ့ရပြီး ရှုံးခဲ့ရပေမယ့် မြန်မာအားကစားသမားလေးတွေ စိတ်ဖြူစင်တယ်။ ကြိုးစား တယ် ။ ဇွဲရှိရှိနဲ့ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ 

ဒီ့အတွက် မြန်မာပရိသတ်တွေ ဝမ်းနည်းကြစိတ်မကောင်းကြပေမယ့် ဂုဏ်ယူနေကြပါတယ်။ ဒါဟာ အရှုံးထဲကအမြတ်ပါပဲ။ နောက်တစ်ပွဲမှာ အနိုင်ရအောင်လုပ်ကြပါ။ နောက်နှစ် နောက်နှစ်တွေမှာ အနိုင်ပြန် ရဖို့ အောင်မြင်မှုရဖို့ ကြိုတင်ပြင်ဆင်လေ့ကျင့်ထားကြရအောင်နော်။ ဆုရရင် ဂုဏ်ယူတယ်။ 

ဆုမရရင်လည်း ဂုဏ်ယူတယ် အားပေးတယ် ဘာလို့လဲဆိုတော့ မြန်မာ့လက်ရွေးစင်ထိ တက်လှမ်း လာ ခဲ့တဲ့ အရည်အချင်းက နည်းတဲ့အရည်အချင်းမှမဟုတ်ကြတာ။ ကြိုးစားနေတဲ့သူ အတွက် အောင်မြင်မှု ဆိုတာရှိနေပါတယ်။ ဆက်လက်ကြိုးစားကြပါ စို့နော် ရွှေမြန်မာ ညီအစ်ကိုမောင်နှမ များတို့ --- 

နန်းခင်ဇေယျာ 

နန်းခင်ဇေယျာလိုပဲ မြန်မာပရိသတ်က မြန်မာအမျိုးသမီး ဘောလုံး အသင်းကို အားပေးစကားတွေ ပြော ကြပါတယ်။ 

မနေ့က ဘောလုံးပွဲမှာ ဒိုင်ဘက်ကမှားယွင်းမှု ရှိတယ်ဆိုတဲ့ ပြောဆိုဝေဖန်မှုတွေ ရှိခဲ့ပြီး ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မှတ်တမ်းတွေနဲ့ တကွ FIFA ကို တင်ပြသွားမယ်လို့ ဆိုထားပါတယ်။ 

ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း မျက်ရည်တွေကြားက ငိုကြွေးနေကြတဲ့ အမျိုးသမီး ဘောလုံး အသင်းသားတွေကို အားပေးနှစ်သိမ့်စကားပြောကြားခဲ့ပါသေးတယ်။ 

မြန်မာပရိသတ်တွေကတော့ အားကြိုးမန်တက် ကြိုးစားခဲ့တဲ့ မြန်မာအမျိုးသမီး အသင်း ရှုံးနိမ့်သွားပေမယ့် အထူးအားပေးခဲ့ကြပြီး ဂရုဏာသက်ခဲ့ကြပါတယ်။



အိမ့်သံစဉ် ~

ဧရာဝတီ

No comments:

Post a Comment