Thursday, December 26, 2013

အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် နိုင်ငံရေးပါတီအားလုံးနှင့် ဆွေးနွေးရန် လိုအပ်ဟုဆို

အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် နိုင်ငံရေးပါတီအားလုံးနှင့်   ဆွေးနွေးရန် လိုအပ်ဟုဆို
Thursday, December 26, 2013

အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲပြုလုပ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်ရှိမြန်မာ့နိုင်ငံရေးတွင် လှုပ်ရှားလျက်ရှိသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၄ ရက်က သမိုင်းမြို့မကျောင်းတိုက်တွင် ပြုလုပ်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးစိုင်းညွန့်လွင်က  " ကျွန်တော်တို့တွေ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ပေါင်းပြီးတော့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲလုပ်တယ်။နောက်ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်ဆိုပြီးတော့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်တယ်။ အဲဒီမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ဒီလိုလုပ်ပေးတာမရှိဘူး။ သူတို့ လုပ်ပေးတာက MPC က ကျွန်တော်တို့ကို ၁၁ ပါတီက လူ ၁၁ ယောက်ကို တွေ့ပေးတယ်။ ဆိုတော့ ကျွန်တော်ပြောချင်တာက ဒီနေ့အထိ နိုင်ငံရေးပါတီတွေဘက်ကို လှည့်လာတာမရှိဘူး။
အခုဖွဲ့စည်းပုံအခြေခံပြုပြင်ရေးဆိုလည်း ဒီလိုပါပဲ။ အစိုးရက အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့  ဆွေးနွေးပွဲတွေလုပ်သလို ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဖို့ လက်တွေ့နိုင်ငံရေးမှာကျင်လည်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း ဆွေးနွေးဖို့လိုနေတယ် " ဟု ဆိုသည်။

အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲတွင် ဦးစိုင်းညွန့်လွင်နှင့် စာရေးဆရာများဖြစ်သည့် ဦးဖေမြင့်၊ ဦးကျော်ဝင်း၊ Myanmar Peace Centre မှ ဒေါက်တာမင်းဇော်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဌေးဦးတို့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထု နှင့်အတူ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

" အခြေခံဥပဒေကတော့ ဘာပဲဖြစ်ဖြစ် ပြောင်းလဲဖို့လိုနေပါပြီ။ ဒီဟာကို ၁၀၉ ဦး သဘောထားနဲ့ပြင်မှာလား၊ လူထုသဘောထားနဲ့ပြင်မှာလား၊ ဒါက အားလုံးမေးရမယ့် သဘောဖြစ်တယ်။ အသစ်ရေးမယ်ဆိုရင် ဘယ်လိုမူတွေကို အခြေခံထားပြီးရေးမလဲ ဆိုတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒါကို ပြင်ဆင်တယ်ဆိုတာရဲ့ရှေ့မှာ နိုင်ငံရေးသဘောတူညီချက်ရဖို့ လိုတယ်။ အားလုံးပြောနေတဲ့ all inclusive ဖြစ်ဖို့ လိုတယ်။ ဒါပေမဲ့ ဒီနေ့ အထိတော့ all inclusive ဖြစ်ပြီလို့ဆိုလို့ မရသေးပါဘူး " ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးလှုပ်ရှားနေသည့် ၂၅ နှစ်အတွင်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်အစဉ်တစိုက် တောင်းဆိုခဲ့သော်လည်း ယခုထိတိုင်နိုင်ငံရေးပါတီများမှလိုလားသည့် တွေ့ဆုံဆွေးနွေးပွဲမျိုးကို အစိုးရမှ လုပ်ပေးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

@[114803668557265:274:Eleven Media Group] 

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ လူထုဆွေးနွေးပွဲ၌ ဦးစိုင်းညွန့်လွင်ဆွေးနွေးစဉ်(ဓာတ်ပုံ-ဇာလီမြင့်ဦး)  
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ လူထုဆွေးနွေးပွဲ၌ ဦးစိုင်းညွန့်လွင်ဆွေးနွေးစဉ်(ဓာတ်ပုံ-ဇာလီမြင့်ဦး)
 
အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ဆွေးနွေးပွဲပြု လုပ် သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်ရှိမြန်မာ့နိုင်ငံရေးတွင် လှုပ်ရှားလျက် ရှိ သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင် က ပြောကြားသည်။

ဒီဇင်ဘာ ၂၄ ရက်က သမိုင်းမြို့မကျောင်း တိုက်တွင် ပြုလုပ်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ ကွန်ရက်၏ ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးစိုင်းညွန့်လွင်က " ကျွန်တော်တို့တွေ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ပေါင်းပြီးတော့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲလုပ်တယ်။နောက်ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် ဆိုပြီးတော့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်တယ်။ အဲဒီမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ဒီလိုလုပ်ပေးတာမရှိဘူး။ သူတို့ လုပ်ပေး တာက MPC က ကျွန်တော်တို့ကို ၁၁ ပါတီက လူ ၁၁ ယောက်ကို တွေ့ပေးတယ်။ ဆိုတော့ ကျွန်တော်ပြော ချင်တာက ဒီနေ့အထိ နိုင်ငံရေးပါတီတွေဘက်ကို လှည့်လာတာမရှိဘူး။
အခုဖွဲ့စည်းပုံအခြေခံပြုပြင်ရေးဆိုလည်း ဒီလိုပါပဲ။ အစိုးရက အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲတွေလုပ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ လက်တွေ့နိုင်ငံရေးမှာ ကျင်လည်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း ဆွေးနွေးဖို့လိုနေတယ် " ဟု ဆိုသည်။

အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲတွင် ဦးစိုင်းညွန့်လွင်နှင့် စာရေးဆရာများဖြစ်သည့် ဦးဖေမြင့်၊ ဦးကျော်ဝင်း၊ Myanmar Peace Centre မှ ဒေါက်တာမင်းဇော်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဌေးဦးတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထု နှင့်အတူ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

" အခြေခံဥပဒေကတော့ ဘာပဲဖြစ်ဖြစ် ပြောင်းလဲဖို့လိုနေပါပြီ။ ဒီဟာကို ၁၀၉ ဦး သဘောထားနဲ့ပြင်မှာလား၊ လူထုသဘောထားနဲ့ပြင်မှာလား၊ ဒါက အားလုံးမေးရမယ့် သဘောဖြစ်တယ်။ အသစ်ရေးမယ်ဆိုရင် ဘယ်လိုမူတွေကို အခြေခံထားပြီးရေးမလဲ ဆိုတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒါကို ပြင်ဆင်တယ်ဆိုတာ ရဲ့ရှေ့မှာ နိုင်ငံရေးသဘောတူညီချက်ရဖို့ လိုတယ်။ အားလုံးပြောနေတဲ့ all inclusive ဖြစ်ဖို့ လိုတယ်။ ဒါပေမဲ့ ဒီနေ့ အထိတော့ all inclusive ဖြစ်ပြီလို့ဆိုလို့ မရသေးပါဘူး " ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးလှုပ်ရှားနေသည့် ၂၅ နှစ်အတွင်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အစဉ်တစိုက် တောင်းဆိုခဲ့သော်လည်း ယခုထိတိုင်နိုင်ငံရေးပါတီများမှ လိုလားသည့် တွေ့ဆုံဆွေးနွေး ပွဲမျိုးကို အစိုးရမှ လုပ်ပေးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment