Friday, December 27, 2013

ယခုအချိန်မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သည့်အချိန်ဖြစ်သည့်အတွက် ကြက်မွေးမြူရေးလုပ်ငန်းရှင်များ သတိရှိရှိဖြင့် ကာကွယ်မှုများ လုပ်ထားသင့်

DSC 0049
ရန်ကုန်တိုင်းဒေသကြီး၊  မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ   ကြက်၊ ဘဲဈေးအား တွေ့ရစဉ်
ယခုအချိန်အခါသည် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သည့် အချိန်အခါ ဖြစ်သည့်အတွက် ကြက်မွေးမြူရေး လုပ်ငန်းရှင်များမှာ သတိရှိရှိဖြင့် ကာကွယ်မှုများလုပ်ထားသင့်သည်။
အဆိုပါ ကြက်ငှက်တုပ်ကွေးရောဂါသည် ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ တို့တွင် ဖြစ် ပွားလေ့ ရှိကြောင်း သိရှိရပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ တို့မှ မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိ လာသည့် ဆောင်းခို ငှက်များမှ တစ်ဆင့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နိုင်ကြောင်း မွေးမြူရေး ၊ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာခင်ဇော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
“ ဒီအချိန်က ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားလေ့ရှိတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ဖြစ် ပွားတာမရှိသေးဘူး။ ကြက်ငှက်တုပ်ကွေးရောဂါ က ဆောင်းခိုငှက်တွေက တစ်ဆင့် ဖြစ် ပွားလေ့ရှိပါတယ်။ ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ သတိရှိရှိ ကြိုတင်ကာကွယ်သင့်ပါတယ်။အဓိကကတော့ ဇီဝလုံခြုံရေးကို ပိုပြီးရမယ်။ကိုယ့်ရဲ့ ကြက်ခြံတွေကို ရောဂါဝင်မလာအောင် လုပ်ထားသင့်တယ်။ ငှက်ရိုင်းတွေ ၀င် မလာအောင် သတိထားသင့်တယ်။ တွေ့ရှိခဲ့ရင်လည်း သက်ဆိုင်ရာကို အကြောင်းကြား ဖို့လိုပါတယ်” ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော် က ပြောကြား သည်။
ကြက်ငှက်တုပ်ကွေးရောဂါသည် ပြီးခဲ့သည့် ၂၀၀၆ခုနှစ်အတွင်းက မြန်မာနိုင်ငံရှိ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းတို့တွင် စတင်ဖြစ်ပွားခဲ့ကြောင်းသိရှိရပြီး ကြက်များစွာသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒေါက်တာလှလှသိန်းက “ အခုအချိန်က ကြက်ငှက် တုပ်ကွေးရောဂါဖြစ် ပွားတဲ့ အချိန်ဖြစ်ပါတယ်။ကြက်မွေးမြူရေးလုပ်ငန်းရှင်များအနေနဲ့ ဆုံးရှုံးနစ်နာမှုများ မရှိရအောင် သတိပြုသင့်တယ်။ဒီကြက်ငှက်တုပ်ကွေးရောဂါက ဆောင်းခိုငှက်တွေက တစ်ဆင့် ကူးစက်လေ့ ရှိတဲ့ အတွက် သတိပြုသင့်တယ် ” ဟု သုံးသပ်ပြောကြားသည်။
လက်ရှိမြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ မပြန့်ပွားရန်နှင့် ကြိုတင်ကာကွယ်မှုများကို  နှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့တို့နှင့် ပူး ပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Eleven

No comments:

Post a Comment