
ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ ပြီးဆုံးပြီးနောက်မှာ မည်သည့်အသင်းများ (၁၆)သင်းရှုံးထွက် အဆင့်တွင် တွေ့ ဆုံကြ မလဲဆိုတာကို ပရိတ်သတ်များစိတ်ဝင်တစားနဲ့မျှော်လင့်နေကြပါတယ်။ ပထမဦးဆုံး အုပ်စု ဒုတိယနဲ့ တက် လာတဲ့ အာဆင်နယ်အသင်းကတော့ ဘိုင်ယန်မြူးနစ်၊ ခရစ်စတီယာနို၏ ရီးရဲလ်မက်ဒရစ်၊ ၂၀၀၉ နှင့် ၂၀၁၁ ချန်ပီယံလိဂ် ချန်ပီယံ ဘာစီလိုနာ နှင့် အက်လတီကို နှင့် PSG အသင်းများ စတဲ့ အသင်း များနဲ့ တွေ့ဆုံဖို့ အလားအလာရှိနေပါတယ်။ အုပ်စု ဒုတိယနဲ့ နောက်တဆင့်တက်လာတဲ့ မန်စီးတီးအသင်း ကလည်း အာဆင်နယ်အသင်းနဲ့နည်းတူ အထက်မှာဖော်ပြထားတဲ့ အသင်းများနဲ့တွေ့ဆုံနိုင်ဖွယ်ရှိနေပြီး၊ ဘိုင်ယန်မြူးနစ်နေရာမှာ ဒေါ့မွန်အသင်းဘဲအပြောင်းအလဲရှိခဲ့တာပါ။
မန်ချက်စတာယူနိုက်တက်အသင်း နှင့် ချယ်ဆီးအသင်းကတော့ အုပ်စု (ဒုတိယ) နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ အသင်းများ နဲ့တွေ့ဆုံမှာဖြစ်တာကြောင့်အနည်းငယ် သက်သာမှာပါ။ မန်ချက်စတာ အသင်းက ဂါလာတာစရေး၊ အိုလံပီယာကော့၊ ရှော်ကေး၊ ဇင်းနစ်၊ အေစီမီလန်စတဲ့ အသင်းများထဲက တသင်းသင်းနဲ့တွေ့ဆုံဖွယ်ရှိနေပြီး၊ ချယ်လ်ဆီးအသင်းကတော့ ဘိုင်ယန်လေဗာကူဆင်၊ ဂါလာတာစာရေး၊ အိုလံပီယာကော့၊ ဇင်းနစ်၊ အေစီမီလန်တို့နဲ့ တွေ့ဆုံနိုင်ဖွယ် ရှိနေပါတယ်။ ရှုံးထွက်အဆင့်မှာ တစ်နိုင်ငံတည်း ကလပ်အသင်းများ တွေ့ဆုံကြမှာမဟုတ်ပါဘူး။ အာဆင်နယ်အသင်း ၏နည်းပြ အာဆင်ဝင်းဂါးကတော့ သူ့အသင်းသည် နောက်တဆင့်တွင် အခွင့်အရေးများထပ်မံဖန်တီးနိုင်မည်ဟု ယုံကြည်ကြောင်းလည်းပြော ခဲ့ပါတယ်။ "အရင် လေး၊ ငါးနှစ်တွေတုန်းက ကျွန်တော်တို့အသင်း အရမ်းခက်ခဲတဲ့ မဲခွဲမှုရလဒ်တွေ ဖြစ် ခဲ့ပါတယ်။
ဒါကြောင့်လည်း ယခုအချိန်မှာတော့ ကျွန်တော်တို့အသင်း ဟိုအရင်အချိန်က ထက်ပိုပြီး ကံကောင်းနိုင် မယ်လို့ထင်ပါတယ်၊" ဆိုပြီး အုပ်စုခွဲဝေမှု အပေါ် မျှော်လင့်ထားမှုအားပြောပြခဲ့တာပါ. ဒါအပြင် မော်ရင်ဟို အနေကလည်း အုပ်စုပထမနေရာရထားသော်လည်း ခက်ခက်ခဲခဲကြိုးကြိုးစားစားနဲ့ ယှဉ်ပြိုင်ရမည့်အပေါ် အလွယ်တကူ လက်ခံနားလည်ထားကြောင်းကို "သေချာတာပေါ့ ကျွန်တော်တို့တတွေ အုပ်စု ပထမနဲ့ ယခုအဆင့်ကို တက်လာတဲ့အသင်းကို လေ့လာကြည့်တဲ့အခါ၊ ထိုအသင်းကို သင့်အနေနဲ့ ယခုရှုံးထွက် ပွဲစဉ်တွေမှာ အနိုင်ရဖို့ ရေပန်းစားတဲ့အသင်းတစ်သင်းလို့ မြင်လိမ့်မယ်။ ဒါပေမဲ့လည်း လက်ရှိအုပ်စု ဒုတိယနဲ့ တက်လာတဲ့အသင်းတွေမှာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပြိုင်ဖက်ကောင်းတွေ ရှိတယ်။ ပြီးတော့ လိဂ်အသီးသီးကချန်ပီယံ တွေရှိတယ်။ ရုရှားချန်ပီယံ၊ ဂရိချန်ပီယံစသဖြင့် ရှိနေ တယ်။ ပြီးတော့ အေစီမီလန် အသင်းရှိတယ်။ ပြီးတော့ ချန်ပီယံလိဂ်သမိုင်းကြောင်းမှာ ဆုဖလားတွေ အများကြီးယူနိုင်တဲ့ အသင်း ဖြစ် တာကြောင့်သူတို့အသင်းလည်း ခက်ခဲမဲ့အသင်းဖြစ်တယ်။ ရှုံးထွက်အဆင့်ကို တက်ရောက် လာတဲ့ အသင်း တိုင်း ဟာ နည်းဗျူဟာပိုင်းဆိုင်ရာအပြောင်းအလဲ တွေနဲ့အတူ တစ်ပွဲနဲ့တစ်ပွဲထက် ပိုမိုကောင်း မွန်စွာ ယှဉ်ပြိုင်ကစားကြမဲ့အသင်းတွေချည်းပါဘဲ။ ဒီအဆင့်မှာအသင်းတိုင်းက အမြဲတမ်း ခက်ခက်ခဲခဲနဲ့ အစွမ်းကုန်ကြိုးစားရမှာပါ။" ဆိုပြီး ပြောဆိုသွားပါတယ်။ ရှုံးထွက်အဆင့် မဲခွဲမှုများကို လာမည့်တနလာင်္နေ့မှာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ပထမအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီလ ၁၈ ရက် နှင့် ၁၉ ရက်နေ့တို့မှာ စတင် ကစားကြမည်ဖြစ်ပါတယ်။ ထိုနေ့မှာတော့ မဲခွဲဝေမှုရလဒ်အရ အင်္ဂလန်ပရီးမီးယားလိဂ် ကလဂ် အသင်းများ ကံကောင်းနိုင်ကြမလားဆိုတာကို စောင့်မျှော်ကြည့်ရ တော့မည်ဖြစ်၏။
Written by မိုးတိမ် (တမာမြေ)
http://www.football-cafe.com/
No comments:
Post a Comment