Thursday, December 19, 2013

စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Thursday, December 19, 2013

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ် အချိန်တွင် အမှတ် (၄၁) မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်အရှေ့) မှတပ်ဖွဲ့ ဝင်များသည် မူးယစ် ဆေးဝါး သတင်းအရ သက်သေများနှင့် အတူ ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာရှေ့တွင် တွေ့ရှိသူ ဒဂုံတောင်မြို့နယ်၊ (၂၆)ရပ်ကွက်၊ အောင်ဇေယျ အိမ်ယာနေ ဇာနည်ဝင်း (၃၃) နှစ်နှင့် အတူနေ မစောနန်းခိုင် (၃၂) နှစ်တို့ (၂) ဦးအား ရှာဖွေ စစ်ဆေးခဲ့သည်။ 

ထိုသို့ရှာဖွေခဲ့ရာ ဇာနည်ဝင်း၏ လက်အတွင်းမှ ဂျာနယ်စက္ကူ ဖြတ်ပိုင်းဖြင့် ထုပ်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးဆေးပြား (၁၉၈) ပြား၊ အစိမ်းရောင် (၂) ပြား၊ စုစုပေါင်းဆေးပြား (၂၀၀) ပြား၊ လက်ကိုင်ဖုန်း (၁) လုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀) သိန်းအား သိမ်းဆည်း ရမိခဲ့သောကြောင့် ဇာနည်ဝင်းနှင့် စောနန်းခိုင်တို့အား ရန်ကင်းမြို့မရဲစခန်း၊ မယ (ပ) ၉ / ၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅ / ၁၉ (က) /၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မြ၀တီ  
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ် အချိန်တွင် အမှတ် (၄၁) မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်အရှေ့) မှတပ်ဖွဲ့ ဝင်များသည် မူးယစ် ဆေးဝါး သတင်းအရ သက်သေ များနှင့်အတူ ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာရှေ့တွင် တွေ့ရှိသူ ဒဂုံတောင်မြို့နယ်၊ (၂၆)ရပ်ကွက် ၊ အောင်ဇေယျ အိမ်ယာနေ ဇာနည်ဝင်း (၃၃) နှစ်နှင့် အတူနေ မစောနန်းခိုင် (၃၂) နှစ်တို့ (၂) ဦးအား ရှာဖွေ စစ်ဆေးခဲ့သည်။

ထိုသို့ရှာဖွေခဲ့ရာ ဇာနည်ဝင်း၏ လက်အတွင်းမှ ဂျာနယ်စက္ကူ ဖြတ်ပိုင်းဖြင့် ထုပ်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးဆေးပြား (၁၉၈) ပြား၊ အစိမ်းရောင် (၂) ပြား၊ စုစုပေါင်းဆေးပြား (၂၀၀) ပြား၊ လက်ကိုင်ဖုန်း (၁) လုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀) သိန်းအား သိမ်းဆည်း ရမိခဲ့သောကြောင့် ဇာနည် ဝင်းနှင့် စောနန်းခိုင်တို့အား ရန်ကင်းမြို့မရဲစခန်း၊ မယ (ပ) ၉ / ၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅ / ၁၉ (က) /၂၁ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment