Monday, December 2, 2013

လေးပွင့်ဆိုင်တွေ့ဆုံရန် သမ္မတနှင့် ကာချုပ် သဘောထားတုန့်ပြန်မှု တွေ့ဆုံပွဲကို မလိုလားခြင်းဟု ဒေါ်စုယူဆ

သမ္မတ၊ လွှတ်တော်နှင့် တပ်မတော်သို့ ကမ်းလှမ်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရန် လေးပွင့် ဆိုင် တွေ့ ဆုံ ရေးကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာ ထွက်ပေါ်လာချိန် အထိ စောင့် ဆိုင်းရန် နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က သဘောထားရှိသည်ဟု တုံ့ပြန် လိုက်သည်မှာ တွေ့ဆုံပွဲကို မလိုလားခြင်းကြောင့်ဟု ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁ ရက် ရေဒီယို သြစတြေးလျ အထူးအစီအစဉ် တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောဆိုလိုက်သည်။

“ဒါကတော့ အဲဒီလိုဟာမျိုး တွေ့ဆုံပွဲကို မလိုလားလို့လို့ပဲ ကျွန်မကတော့ ဒီလိုပဲ ပြတ်ပြတ်သားသား ပြောရ မှာပဲ ...ဘာဖြစ်လို့လဲဆိုတော့ လိုလားရင် ဒီလို မတွေ့ဆုံစရာအကြောင်း ဘာမှမရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်ထောင်စု လွှတ်တော်ကို ကျော်လွှားသွားတယ်တို့၊ မကျော်ချင်ဘူးတို့ ပြောရအောင်လို့ ဒီထဲ မှာ လွှတ်တော်ပါဝင်ပြီးသား။ လွှတ်တော်ဆိုတော့ ပြည်ထောင်စုလွှတ်တော် နာယက ပါရမှာပေါ့။

ပြည်ထောင်စု လွှတ်တော်နာယကပါပြီးမှ ပြည်ထောင်စု လွှတ်တော်ကို ကျော်မသွားချင်လို့ လို့ ပြောစရာ အကြောင်း မရှိပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုသို့တွေ့ဆုံဆွေးနွေးလိုခြင်း ရည်ရွယ်ချက်သည် လက်ရှိ ပြည်ထောင် စုလွှတ်တော်တွင် ပြုလုပ်နေသည့်အလုပ်ကို ပံ့ပိုးရန်နှင့် အလုပ်ပိုမိုချောမွေ့ရန်အတွက် ကြိုတင်ရည်ရွယ် သည့်အနေဖြင့် တွေ့ဆုံ ဆွေးနွေးပွဲကို တောင်းဆိုဖြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီတော့ ကျွန်မအနေနဲ့တော့ ဒါက ရှောင်ချင်လို့ ရှောင်တာလို့ပဲ ပြောရမှာပဲ” ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပါအ၀င် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အတွက် လေးပွင့်ဆိုင် ဆွေးနွေးပွဲပြုလုပ်ရန် သမ္မတက စွမ်းဆောင်နိုင်သူဖြစ်ရာ တောင်း ဆိုမှု ပြု လုပ်ခြင်း ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပါတီတစ်ခု၏ ဥက္ကဋ္ဌအနေဖြင့် ကမ်းလှမ်းခြင်းဖြစ်ပြီး ပါတီပေါင်း ၅၈ ခုရှိသည့်အနက် တစ်ခုတည်း တွေ့ဆုံရန် မသင့်တော်ဟူသည့် အကြောင်းပြချက် နှင့် အကြောင်းပြန်ကြား သည်က ၁၉၈၈ ခုနှစ်ကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေး အဖွဲ့ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုစဉ် ထိုသဘောမျိုးဖြင့် တုံ့ပြန်ခဲ့သည်နှင့် တူညီကြောင်း ဆိုသည်။

“ပါတီပေါင်း ၂၀၀ ကျော်ရှိရာမှာ ပါတီတစ်ပါတီတည်းနဲ့တွေ့လို့ မသင့်တော်လို့ စသဖြင့်ပေါ့နော်။ တကယ် တော့ မတွေ့ချင်လို့ မတွေ့တာလို့ပဲ ဒီလိုပဲ ကျွန်မပြောရမှာပဲ” ဟု ပြောသည်။

လေးပွင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်းက ပူးပေါင်းကော်မတီမှ အစီရင်ခံစာမတင်ခင် ကြိုတင်ဆွေးနွေး ထားမှ သာ ပိုပြီး အဆင်ပြေနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောဆိုသည်။

“ကျွန်မတို့ကတော့ လုပ်မယ်ဆိုတဲ့ ဟာတွေကိုတော့ ဆက်ပြီးလုပ်သွားမှာပဲ။ သို့သော်ငြားလဲ ဒီလိုတွေ့ ဆုံဆွေးနွေးပွဲဖြစ်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် အများကြီး ပိုပြီးတော့ အားရှိသွားမယ်လို့ ဒီလိုပဲ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ ဒါကိုတောင်းဆိုတာပါ။ အဲတော့ ကျွန်မ အနေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကနေ ပြီးတော့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလားလို့ ထင်စရာ ဖြစ်သွားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လေးပွင့်ဆိုင်တွေ့ဆုံရန် မေတ္တာရပ်ခံချက်ကို နိုဝင်ဘာ ၂၃ ရက်၌ ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ပြီး ယင်းနောက် နှစ်ရက်အကြာတွင် နိုင်ငံတော်သမ္မတထံစာဖြင့် တရားဝင် ပေး ပို့ခဲ့ခြင်း ဖြစ်သည်။

ကမ်းလှမ်းမှုအပေါ် နိုင်ငံတော် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ သဘောထားကို သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က နိုဝင်ဘာ ၂၇ ရက်တွင် မဇ္ဈိမကို ပြန်လည်ဖြေကြားခဲ့သည်။
Mizzima

No comments:

Post a Comment