မင်းသားကြီး
မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို
ဖျောက်ဖျက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က
ပြောကြားကြောင်း ဒီဇင်ဘာ ၂ ရက်ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၁ ရက်က ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်မြို့နယ် ခွဲမှ
ကျောင်းကုန်းမြို့နယ် အောင်မင်္ဂလာ အဆင့်မြင့်စံပြ လယ်ယာဧက ၁၀၀ တွင်
ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ထိုသို့
ပြောကြားချက်အပေါ် အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က
''အစိုးရကိုပဲဖြစ်ဖြစ်၊ လွှတ်တော်ကိုပဲဖြစ်ဖြစ်၊ တရားရေးကိုပဲဖြစ်ဖြစ်
အပြုသဘောနဲ့ ဝေဖန်တာမှန်သမျှ အားလုံးကို လက်ခံ ရမှာ ဖြစ်တယ်။ ဒါပေမဲ့
အပြုသဘော မဆောင်တဲ့ လိုက်ပြီးပြောတာ ဆောင်ရွက်တာကိုတော့
ရှုတ်ချရ မှာပေါ့နော်။ နိုင်ငံရေးမှာ အကောင်းလုပ်တာကို အကောင်းမပြောတာတော့
နိုင်ငံရေးမှာ ရှိတယ်။ ဝေဖန်တိုင်း၊ ပြောတိုင်းတော့ ပတ်မကြီး
ထိုးဖောက်တာလို့တော့ ပြောလို့မရပါဘူး။ တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ ပြောတာ
လုပ်တာ မှန်သမျှတော့ အဲလိုမဟုတ်ပါဘူး'' ဟု ပြောကြားသည်။
Eleven
No comments:
Post a Comment