Thursday, December 5, 2013

သတိရှိပါမတော်တဆမှုတွင် ပရုတ်ဆီလိမ်းရုံဖြင့် သင့်အသက် ပြန်မရပါ

အင်းစိန်မြို့နယ်ရှိ ရပ်ကွက်တစ်ခု၏ လမ်းထဲတွင် ရုတ်တရက် လူများစုပြုံ ရောက်လာသည်။ ”ဟာ .. ဖြစ်မှဖြစ်ရလေ”၊  ”ဘယ် လိုဖြစ်တာလဲ”၊ ”မြန်မြန်ဆွဲထုတ်မှ ဖြစ် မယ်”၊ ”ငယ်ငယ်လေးပဲ ရှိသေးတယ်” ဆို သော အာမေဋိတ်နှင့် မေးခွန်းတွေက လူ အယောက် ၂ဝ ခန့် ရှိသော နေရာမှပေါ် ထွက်လာခြင်းဖြစ် သည်။ သူလည်း ဈေးရောင်းလက်စကိုထား ခဲ့ကာ ထိုနေရာသို့ ပြေးသွားခဲ့သည်ဟု အသီးအနှံရောင်း ချသည့် ဒေါ်သန်းသန်း က ပြန်ပြောင်းပြောကြားသည်။ ဘာဖြစ် တာလဲလို့ သူမေးကြည့်တော့ ကလေးတစ် ယောက်ကို ကားဘီးနဲ့ကြိတ်မိသွားလို့ဆို သည့် အသံကလူအုပ်ထဲက ပြောခြင်းဖြစ် သည်။
သို့နှင့် သူလည်း လူအုပ်ထဲကို တိုး ဝှေ့ကြည့်ရာ ကားဘီးအောက်ရောက်နေ သော အသက် ၁ဝ နှစ်အရွယ်ကောင်လေး တစ်ဦး။ လူအုပ်ထဲရှိ အမျိုးသားတစ်ဦးက ”ကလေးက သူ့သူငယ်ချင်းတွေ နဲ့ ဂေါ်လီ လုံးလှိမ့်တမ်း ကစားနေကြတာ။ အဲဒီနား မှာပဲ ကားကလည်း နောက်ဆုတ်နေတာ။ ကလေးရဲ့ဂေါ်လီ လုံးက ကားဘက်နားကို ရောက်သွားလို့ ငုံ့ကောက်နေတဲ့အချိန် ကားက လည်း နောက်ဆုတ်လိုက်တော့ ကားနောက်ဘီးနဲ့ ကြိတ်မိသွားတာပဲ”ဟု ပြောရင်း ကလေးကို ဆွဲထုတ်ကြသည်။ ကလေးမိဘတွေက ဆေးရုံ ပို့ဖို့ ခေါ် သွား မှပင် သူလည်း မိမိဈေးဆိုင်သို့ ပြန်ရောက် ရှိလာသည်ဟု ၎င်းကဆိုသည်။
သူသည် ယာဉ်မတော်တဆမှု ဖြစ် သည့်နေရာနှင့် ပေ ၅ဝ အကွာအဝေးတွင် ရှိသည့် ဈေးဆိုင် တွင်ဈေးရောင်းနေခြင်း ဖြစ်သည်။ ယင်းမတော်တဆမှုဖြစ်စဉ် သည် နိုဝင် ဘာ ၃ဝရက်က အင်းစိန်မြို့ နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
”ဒီနေ့ထိတော့ အဲဒီကလေးသတင်း  ဘာမှမကြားရသေးဘူး။ ဆေးရုံတင်ထား တုန်းပဲ။ အဲဒီကလေးက သူတို့အိမ်ရှေ့ နားက ကွင်းပြင်မှာဆော့နေကြရင်း ဖြစ် သွား တာတော့ စိတ်မကောင်းဘူး”ဟု ဒေါ်သန်းသန်း က လေးလံသည့် သက် ပြင်းချကာပြောသည်။ ကားများဖြင့် ရှုပ်ထွေးလှသည့် လမ်းမ ကြီးများတွင် ဖြစ်ပွား ခဲ့ခြင်း မဟုတ် သည့် အတွက် ပို၍ပင်ယူကြုံးမရဖြစ်နေကြသည် ဟု ထိုစဉ်က မြင်ကွင်းအရ သူကပြော သည်။ ”ရပ်ကွက်ထဲမှာက ဆိုင်ကယ်တွေ အရမ်းများတော့ ဆိုင်ကယ်တိုက် မှာ ပဲ ကြောက်နေရတယ်။ အခုက ကားက လည်း နောက်က လွတ်တာပဲဆိုပြီး ဆုတ် လိုက်တော့ဖြစ်သွားတာ”ဟု ဈေးရောင်း ရင်းဆိုသည်။
”အဲဒီကားသမား ဘာဖြစ်မလဲတော့ မသိဘူး။ လူကြီးတွေလာပြီးတော့ စစ် ဆေးသွားတာတော့တွေ့တယ်။ ကျွန်မ အထင်တော့ ကလေးကလည်း သူ့ဂေါ်လီ လုံး ကားေ အာက်ဘက် ရောက်မှာစိုးတဲ့ စိတ်နဲ့။ ကားသမားကလည်း လူရှင်းနေတာပဲဆိုပြီး နောက်ဆုတ်လိုက်လို့ ဖြစ် သွားတာလို့ထင် တယ်”ဟု ဒေါ်သန်း သန်း ဈေးဆိုင် တွင် ဈေး လာဝယ်သည့် အသက် ၄ဝ ကျော်အမျိုးသားတစ်ဦးကပြောသည်။
ယာဉ်တိုက်မှုကြောင့် တစ်မိနစ်လျှင် ၁၂ ဦးသေဆုံးပြီး ကလေးငယ်များမှာ သုံး မိနစ်လျှင်တစ်ဦး သေ ဆုံးနေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။ ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုသည် အခြား သော နာ မကျန်းရောဂါများထက် ပိုများ ပြီး သေဆုံးမှုတွင် ဒုတိယနေရာရှိသည်။ ကမ္ဘာပေါ်တွင် ယာဉ် စီးရေ တစ် သိန်းလျှင် တစ်နှစ်ပျမ်းမျှလူသေနှုန်းမှာ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်နှင့် အင်ဒို နီးရှားတို့၌ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသည် ပဉ္စမနေရာတွင်ရှိသည်။ခရီးသည်တင် အထူးယာဉ် လိုင်းမှ စပယ်ယာတစ်ဦးက”ယာဉ်တိုက်မှုတွေ က နေ့တိုင်းလိုလို တွေ့နေရတာပဲ။ တစ်နေ ရာမဟုတ် တစ်နေရာမှာ တိုက်နေကြတာ ပဲ။ ကျွန်တော်တို့ စပယ်ယာတွေက လမ်း ပေါ်မှာပဲတစ်နေကုန် အချိန်ပြည့်ရှိနေ တော့ ယာဉ်တိုက်မှုမဖြစ်ဖို့ကိုပဲဆုတောင်း နေရတယ်”ဟု ဆိုသည်။ ယာဉ်မတော်တဆမှု လျော့ကျစေ ရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် အတွက် လမ်းအသုံးပြုကြသည့် ယာဉ်နှင့် လူအများ စည်းကမ်းလိုက်နာ ရမည်ဖြစ် သည်လူတစ်ဦးတစ်ယောက် စည်းကမ်း လိုက်နာရုံနှင့် ယာဉ်မတော် တဆမှု လျော့ ကျမည်မဟုတ်ဘဲ လူတိုင်းသည်ပင်လျှင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိပြီး လိုက်နာဆောင် ရွက်ရမည်ဖြစ် သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာလ ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် ယာဉ်နှင့်ယာဉ်ချင်း တိုက် မှု ၈ဝ၊ ယာဉ်မှလူ ၇၅ မှု၊ ယာဉ်မှ ဆိုက်ကား ၈ မှု၊ ယာဉ်မှ စက်ဘီး ၁၂ မှု၊ ယာဉ် မှအရာဝတ္ထု ၂၅ မှု၊ စက်ဘီးမှ လူ ၁ မှုနှင့် ယာဉ်တိမ်းမှောက်မှု ၁၃ မှု ရှိကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူး (ရန်ကုန်) မှသိရသည်။ လမ်းပေါ် တွင် စည်းကမ်းဖောက်ဖျက် သောယာဉ်များကို နေ့စဉ်တွေ့နေရကြောင်း၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ ယာဉ်နှစ် ထပ်မရပ်ရသည့်နေရာ၌ ရပ်ခြင်းစသည့် တစ်နည်း မဟုတ် တစ်နည်းဖြင့် စည်းကမ်း ဖောက်ဖျက်သည့်ယာဉ်များကို စစ်ဆေး တွေ့ရှိကြောင်း ယာဉ်စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံ၌ ယာဉ်မတော်တဆ ဖြစ်ပွားမှုနှင့် ယာဉ်ကြောကျပ်မှုများတွင် ယာဉ်မောင်းမကျွမ်းကျင်ခြင်း တို့ကြောင့် အဓိကဖြစ်ပြီး လမ်းဖြတ်ကူးသူများ၏ပေါ့ ဆမှုကြောင့် လည်းဖြစ်နိုင်သည်ဟု ဝါရင့် ယာဉ်မောင်း လုပ်သက်ရှိသူများက သုံး သပ်သည်။ ယာဉ်မောင်းလုပ်သက် ၁၆ နှစ်ရှိသူ ဦးလေးမင်းက ”မြန်မာနိုင်ငံက လိုင်းကား အကုန်လုံး က တစ်စီးနဲ့တစ်စီးလုယက် ကျော်တက်ပြီး မောင်းနေရတာ။ အဲဒီလို လိုင်းကားတွေ စည်းကမ်းဖောက်ပြီး လု ယက်ကျော်တက်ပြီး မောင်းစားနေရတာ လေ”ဟု ဆိုသည်။
ယခင်က မိမိနေအိမ်မှ လုပ်ငန်းခွင် သို့ ရောက်ရှိရန် ကြာမြင့်သည့်အချိန် ထက် တစ်နာရီဝန်းကျင်ပိုမို ကြာမြင့်လာ သည်မှာ မှတ်တိုင်စိပ်သည်အထိ ယာဉ် ကြော ကျပ်ေ နခြင်းနှင့် သတ်မှတ်ယာဉ် ကြော အတိုင်း မောင်းနှင်မှုမရှိခြင်းကြောင့် ဖြစ်သည်ဟု နေ့စဉ်ခရီးသွားများကဆိုသည်။ ”လိုင်းကားတွေက မှတ်တိုင်မှာ အတိ အကျမရပ် ဘူး။ မှတ်တိုင်မှာအကြာကြီးရပ် ထားတော့ နောက်ကားတွေက လမ်းပိတ် တာပေါ့။ ကားပြိုင် လာရင်လည်း လမ်းအ လယ်မှာ လူတင်လူချလုပ်တယ်”ဟု တာ မွေမြို့နယ်မှ မယဉ်နွယ် က ပြောသည်။
ယာဉ်မောင်းများအနေဖြင့် ယာဉ် စည်းကမ်းများကို လိုက်နာသကဲ့သို့ လမ်း အသုံးပြုသူများအနေဖြင့်လည်း လမ်း စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။ သို့သော် လည်း မိမိသွားလိုသော ခရီးကို မြန်မြန်ရောက် လိုသည့် စိတ်ကိုသာ အာရုံ စိုက်သွားလာနေကြရာ သူလည်းမမှန် ကိုယ်လည်းမှား အခြေအနေပင်ဖြစ် သည်။ခရီး သည် များနှင့် ယာဉ်မောင်းများ ၏ ပေါ့ဆမှုများကြောင့် ယာဉ်မတော် တဆမှုများမှာ တစ်နှစ်ထက်တစ်နှစ်ပိုများ လာပြီး ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ် ယာဉ်မတော် တဆ မှုကြောင့် လူပေါင်း ၂ ဒသမ ၃သန်း သေဆုံးနေခြင်း၌ မဖွံ့ဖြိုး သေးသောနိုင်ငံများတွင် ၉ဝ ရာခိုင်နှုန်း အထိဖြစ်ပွားကြောင်း ယာဉ်ထိန်းရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးကြီးကျော်ေ ထွးက ပြော သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီး သည်တင် ယာဉ်မတော်တဆဖြစ်ပွားမှု သည် ဇန်နဝါရီလမှ အောက်တို ဘာလ အထိ ၂၁၇ မှုဖြစ်ပွားပြီး ၇၃ ဦးသေဆုံး ကာ ၇၁၉ဦးဒဏ် ရာရရှိခဲ့ကြောင်း မထသ (ဗဟို) ထုတ်ပြန်ချက်အရ သိရသည်။ ယာဉ်မတော်တဆဖြစ်ပွားရသည့် အကြောင်းရင်းများတွင် ယာဉ်စက်ချို့ ယွင်းခြင်း၊ လမ်းမကောင်းခြင်း၊ မဆင် မခြင်မောင်းခြင်း၊ လမ်းကူးသူပေါ့ဆခြင်း၊ ရာသီဥတုဆိုးရွားခြင်း၊ ယာဉ်မောင်း မကျွမ်းကျင်ခြင်း၊ ခရီးသည်ပေါ့ဆခြင်း၊ အနှေးယာဉ်ကြောင့်ဖြစ်ပွားမှု၊ ယာဉ် မောင်း လိုင်စင် မရှိမှု၊ စည်းကမ်းချိုးဖောက် မှု၊ အရက်သောက် မောင်းနှင်မှုနှင့် အရှိန် ပြင်းမောင်းနှင်မှုတို့ကြောင့်ဖြစ်သည်။
၁၂၄ ယာဉ်လိုင်းမှ ယာဉ်မောင်း လုပ်သက် ၁ဝ နှစ်ရှိသူဦးသန်းဝင်းက ”ယာဉ်ကြောကျပ်တော့ အချိန်ကကြာသွား တယ်။ ရတဲ့အချိန်မှာ အရှိန်ပြင်းမောင်း တယ်လေ။ ဒီလိုမှ မမောင်းရင် ခေါက် ရေမရဘူး”ဟု အရှိန်ပြင်းမောင်းနှင်ရခြင်း အခြေအနေကို ပြောကြားသည်။ ခရီးသည် တင် ယာဉ်များ လမ်း၏ ညာဘက်တွင် မောင်းနှင် ရမည်ဆိုသော် လည်း အိမ်စီးကားနှင့် တက္ကစီကားများ ဝင်ရောက်မောင်းနှင်ခြင်းကြောင့် မိမိ လမ်းကြောင်း မဟုတ်သည့် ယာဉ်ကြော ကိုကျော်တက်မောင်းနှင် ရကြောင်း သိရ သည်။ ဦးသန်းဝင်းက ”လိုင်းကားရဲ့ လမ်း ကြောက ကျပ်လို့အပေါ်ကြောက တင် မောင်းရင် ယာဉ်မောင်းကျော်တက်ဆိုပြီး ဖမ်းတယ်၊ ဖမ်းရင်လည်း မတတ်နိုင်ဘူး လစ်ရင် လစ် သလို မောင်းရတော့ တာပဲ။ ဒီဥပဒေကြီးထုတ်ထားတာ ဘာလို့အပေါ် တက်မောင်းမှာလဲ။ မဖြစ်သာလို့ မောင်း နေရတာ”ဟု ဆို သည်။ မိမိယာဉ်ကြော အ တိုင်း ပြေး ဆွဲ မည် ဆိုပါက တစ်နေ့တာအတွက် သတ်မှတ် ထားသည့်ေ ခါက်ရေ လျော့ကျလာနိုင် ကြောင်း ပြေးဆွဲမှု ခေါက်ရေလျော့ကျ လာသည်နှင့် ဝင်ငွေ ရရှိမှု နည်း လာ ပါက ယာဉ်ပိုင်ရှင်မှ ငြိုငြင်မှုရှိကြောင်း၊ ယင်း ကြောင့် မိမိတို့ စားဝတ်နေရေးကိုပါ ထိ ခိုက်လာမည်ဖြစ် သည်။
”အရေးကြီးတာက ကျွန်တော်တို့ရဲ့ စားဝတ်နေရေးပဲ။ ကျွန်တော်တို့မှာ ကိုယ် ပိုင်ကားမရှိဘူး။ ဒီအခု သတ်မှတ်ထားတဲ့ စည်းကမ်းကိုလိုက်နာမလား၊ Owner စကားကို လိုက်နာမလား၊ ဥပဒေစည်းကမ်း ကို မလိုက်နာတာမဟုတ်ဘူး။ သူဌေးက ကျေနပ်မှ ကျွန်တော်တို့က ကားမောင်းရ တာအဆင်ပြေမှာ”ဟု ဦးသန်းဝင်းက ဥပဒေ စည်းကမ်းထက် စာဝတ်နေရေးက ပိုမိုအရေးကြီးခြင်းကြောင့် ယာဉ်/လမ်း စည်းကမ်းမလိုက်နာမှုများရှိသည်ကို ပြော သည်။ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချ မှတ်ထား သည့်အပေါ် ခရီးသည်တင်ယာဉ်များ လိုက်နာမှုအားနည်းသည်ကိုသာ မြင် ကြပြီး အိမ်စီးယာဉ်နှင့် တက္ကစီယာဉ်များ ၏ စည်းကမ်းဖောက်မှုကို မမြင်ကြကြောင်း ခရီး သည်တင်ယာဉ်မောင်းများက ပြောသည်။ ယာဉ်မောင်းလုပ်သက် ၁ဝ နှစ် ဝန်း ကျင်ရှိသည့် ကိုဘိုမြင့်က ”စည်းကမ်းတကျ မောင်းနေရင်တော့ အရင် ဦးဆုံး ခရီးသည် မရရင် စပယ်ယာက ငြိုငြင် မယ်။ အဲဒီတော့ကျွန်တော်တို့ကို မမောင်း ခိုင်းချင်တော့ဘူး။ ညကျရင် Owner  နဲ့ ရှင်းရမယ်။ အဲဒီအခါ အသက်မွေး ဝမ်း ကျောင်း အလုပ် ကိုထိခိုက်တယ်”ဟု ယာဉ် စည်းကမ်းလမ်းစည်းကမ်း မလိုက်နာရ ခြင်း အကြောင်းရင်းတစ်ခုကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသည်တင်ယာဉ်များ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက် မှုသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာ လအထိ မှတ်တိုင် မရောက်ရပ်မှု ၁ဝ၃၂ မှု၊ ဝတ်စုံမဝတ်မှု ၉၄၇ မှု၊ ယာဉ်စီးခ နှုန်းထားမပါမှု ၆၄၈ မှု၊ တံခါးဖွင့် မောင်း ၅၅ဝ မှု၊ လိုင်စင်/လိုက်ခွင့်မပါမှု ၃၂၂ မှု၊ မှတ်တိုင်မရောက်မီခရီးသည် တင်/ချ မှု ၂၇၇ မှု၊ စစ်ဆေးစဉ် ကားမရပ်မှု ၁ဝ၈ မှုနှင့် အခြားသော စည်းကမ်းဖောက်ဖျက် မှု စုစုပေါင်း ၆ဝ၅၁ မှုရှိခဲ့ကြောင်း မထသ (ဗဟို) စည်းကမ်းထိန်းသိမ်းရေးဌာနမှ သိရသည်။ ယာဉ်လိုင်းများ၏ စည်းကမ်းဖောက် ဖျက်သော ယာဉ်လုပ်သားများကို ၂ဝ၁၁ ခုနှစ်တွင် ၂၃၃ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၄၁ဝ ဦးနှင့် ၂ဝ၁၃ ခုနှစ်အောက်တိုဘာလ အထိ ၂ဝ၇ ဦးထုတ်ပယ်ခဲ့သည်။
ခရီးသည်တင် ယာဉ်များကြောင့် သေဆုံးသူများ၏ အသက်အုပ်စုနှိုင်း ယှဉ်ပါက အသက် ၁၉ နှစ်မှ ၄၅ နှစ်အ တွင်း အများဆုံးဖြစ်ပြီး ဒုတိယအများဆုံး မှာ ၄၆ နှစ်မှ ၆ဝ နှစ် အထိဖြစ်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားသော ယာဉ်မောင်း များ၏ အသက်အုပ်စု နှိုင်းယှဉ်ပါက ၂၅ နှစ်မှ ၄၅ နှစ်အတွင်း အများဆုံးဖြစ်ပြီး ၄၅ နှစ်မှ ၆ဝ နှစ် အတွင်း ဒုတိယအများဆုံး ရှိကြောင်း  သိရသည်။ ယာဉ်မောင်းအများစု ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း မလိုက်နာဘဲ စည်း ကမ်းမဲ့မောင်းနှင်ကြခြင်းသည် ဥပဒေ သက်ရောက်မှု နည်းပါးခြင်းကြောင့်ဟု ယူဆရပြီး ၎င်းသည် နိုင်ငံတော်၏ အထွေထွေစီးပွားရေး ကျပ်တည်းလာ ခြင်း မှ ဖြစ်လာသည်ဟု ယူဆကြောင်း လမ်းမတော် ၂ လွှတ်ေ တ်ာကိုယ်စား လှယ်ဦးစိုးဝင်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးစိုး ဝင်းက ”တည့်ကြော၊ ကွေ့ကြော၊ အမျိုး မျိုးပြောင်း၊ ခေါင်းထိုးဝင်၊ လက်ကလေး ပြပြီး မောင်းသူအချင်းချင်းနားလည်မှုယူ ဒါတွေက ယာဉ်လောကမှာ ဥပဒေကဲ့သို့ တည်နေတယ်။ ဒါတွေလည်း ပြုပြင်ရ မယ်”ဟု ယာဉ်ကြောကျပ်ပြီး စည်းကမ်းမဲ့ မောင်းနှင်သူများ၏ စရိုက်လက္ခဏာများ ကို တစေ့ တစောင်းပြောသည်။လမ်းအသုံးပြုသူတိုင်း ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းလိုက်နာရန်အတွက် ကျောင်းစာများ၏ သင်ရိုးများတွင် သင် ခန်းစာအနေဖြင့် ထည့် သွင်း သင့်ကြောင်း ၎င်းက သုံးသပ်သည်။
ခရီးသည်တင် ယာဉ်မောင်းများက အိမ်စီးယာဉ်နှင့် တက္ကစီယာဉ်များ စည်း ကမ်းမလိုက်နာခြင်းကြောင့် ယာဉ်ကြော ကျပ်ခြင်းဖြစ်ပြီး ယင်းယာဉ်များကြောင့် မိမိတို့စား ဝတ်နေရေးအတွက် ဝင်ငွေ လျော့ကျမ ခံလိုခြင်းကြောင့် စည်းကမ်း ဖောက်ဖျက်မောင်းနှင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဘတ်စ်ယာဉ်မောင်း ဦးလေးမင်း က”မြန်မာနိုင်ငံက ယာဉ်လိုင်းတွေက ယာဉ် မောင်း၊ ယာဉ်လုပ်သားတိုင်းဟာ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းနားလည်ကြ တယ်။ သိကြတယ်။ ယာဉ်ကြောကျပ်လို့ ပိုက်ဆံ လိုချင်လို့ တစ်စီးနဲ့တစ်စီး ဖိုက်ပြီး မောင်းရင်သာမောင်းကြမှာ” ဟု ပြော သည်။၎င်းက ”အိမ်ကားတွေ၊ တက္ကစီတွေ က ယာဉ်စည်းကမ်း လမ်းစည်းကမ်းမှာ ဘယ် လိုမောင်း ရင် ဘယ်လိုဥပဒေရှိတယ် ဆိုတာ သိလားလို့ မေးကြည့်၊ သူတို့မှာ လိုင်စင်ရှိတာတစ်ခုပဲ”ဟု မြန်မာနိုင်ငံ၌ ယာဉ်မောင်းလိုင်စင်ထုတ်ပေးမှုတွင် အား နည်းချက် များရှိ သည်ကို ထိုကဲ့သို့ပြောသည်။ ကားလမ်းပိတ်သည်ကို အကြောင်းပြ ပြီး လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ သတ် မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင် ခြင်းနှင့် အရှိန်ဖြ င့်မောင်းနှင်ခြင်းတို့ ပိုမို တွေ့လာရကြောင်း ခရီးသည်များက ပြောသည်။
တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးမောင်မောင်အေးက ”အခုက လမ်း ပိတ်တာက တချို့ကားတွေဆို စည်းကမ်း ကိုမသိကြတော့ဘူး။ လိုင်းကားတွေရော၊ အချို့ တက္က စီတွေရော ခရီးသည်ရဖို့ပဲ ကြည့်တော့တယ်။ ကားမောင်းမကျွမ်း ကျင်တဲ့သူတွေများလာတာ ဒီနှစ်ထဲမှာ ပို တွေ့လာရတယ်”ဟု ပြော သည်။ ယာဉ်မတော်တဆမှု အဖြစ် အများ ဆုံးသော မြို့နယ်များမှာ လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင် မြို့နယ်၊ မြောက်ဒဂုံ၊ တာမွေ၊ သင်္ဃန်း ကျွန်း၊ တောင်ဥက္ကလာပနှင့် မြောက် ဥက္ကလာ ပတို့တွင် အများဆုံးဖြစ်ပွား ကြောင်း သိရသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့် ယာဉ်များကို ယခင်က မော်တော်ယာဉ်ဥပဒေအရ အရေးယူ ပြီး ယခုအချိန်တွင် ကရိန်းဆွဲကာ အရေးယူမှု များ ပြု လုပ်ကြောင်း၊ လူကူးမျဉ်းကြားမှ မကူးသည့်ခရီးသွား ပြည်သူများကိုလည်း ပညာပေးမှုများပြုလုပ်ပေးကြောင်း အမှတ် (၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှရဲ အုပ် ဇော်မျိုးထွန်းက ပြောသည်။ လူကူးမျဉ်းကြားပေါ်ရှိ ခရီးသည်နှင့် ယာဉ်များယာဉ်တိုက်မှု မရှိစေရန်အတွက် ယာဉ်များအနေဖြင့် အရှိန်လျှော့ပြီးေ မာင်း နှင် သ င့်ကြောင်း၊ ခရီးသည်အနေဖြင့် လမ်းကူးမည်ဆိုပါက ဘယ်ကြည့်၊ ညာ ကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့်စနစ် ကျင့်သုံးကာ ယာဉ်များရှင်းလင်းမှ ဖြတ် ကူးသ င့်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
မထသ(ဗဟို)မှ ဥက္ကဋ္ဌဦးလှအောင် က”စစ်ဆေးရေးအဖွဲ့တွေနဲ့ လမ်းပေါ်မှာ စစ်ဆေးရင်တွေ့ရတာကတော့ ယာဉ်/လမ်း စည်းကမ်းတကျမောင်းဖို့ ဒီနေ့လုပ်ပေးခဲ့ တယ်။ နောက်နေ့ အဲဒီနေရာသွားကြည့် အရင်အတိုင်းပဲ။ အဲဒီတော့ ပြုပြင်လိုတဲ့ စိတ်ပဲလိုတယ်”ဟု ပြောသည်။ ယာဉ်ကြောကျပ်သည့် လမ်းကြောင်း ကိုကြည့်ပါက လမ်းပြောင်းပြန်မောင်းပြီး ကျော်တက်သည့်ယာဉ်စီးရေ ၃ဝ တွင် ခရီးသည်တင်ယာဉ်စီးရေ ၅ စီးခန့်သာ ရှိကြောင်း မထသ(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ပြော သည်။ယာဉ်မောင်းလုပ်သက် ၂၅ နှစ်ခန့် ရှိပြီဖြစ်သည့် ဦးမြင့်စိုးက ”အိမ်စီးကား ရော၊ တက္ကစီရော ပိုက်ဆံရှိလို့ ကားဝယ် စီးတာ၊ စည်းကမ်းအရပြောမယ် ဆိုရင် တော့ သူတို့ဘာမှ နားမလည်ဘူး။ ကား ကျတော့လည်း ပိုက်ဆံရှိလို့ ဝယ်စီးလိုက် တယ်။ လိုင်စင်ကျတော့ အဝင်ပြတာ ပေါ့။ ဘယ်လောက်ပေး လိုက် ရင် နောက် နေ့ကျ လိုင်စင် လာယူ အဲဒါမျိုးတွေ”ဟု ပြောသည်။ ယခုနှစ် အောက်တိုဘာလအတွင်း တိုင်းဒေသကြီးအလိုက်ယာဉ်တိုက် မှုမှာ ရန်ကုန် ၂၈၅ မှု၊ မန္တလေး ၁၇၅ မှု၊ ဧရာဝတီ ၁၁၂ မှု၊ ပဲခူး ၁၃၆ မှု၊ စစ်ကိုင်း ၁၂၄ မှု၊ မကွေး ၇၅မှုနှင့် ပြည်နယ်အလိုက် ယာဉ်တိုက်မှုမှာ မွန် ၆၃ မှု၊ ရခိုင် ၂၆ မှု၊ ကချင် ၁၈ မှု၊ ကရင် ၃၆ မှု၊ ရှမ်း ၈၇ မှု၊ ကယား ၈ မှုနှင့် ချင်း ၅ မှုဖြစ်ပွား ခဲ့သည်။
ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာသွားလာနိုင်ရန် ”တကယ် ပြုပြင်ဖို့လိုတာက Mind Set ပါ။ ကြီး ကြီးကျယ်ကျယ်မပြောချင်ပါဘူး။ နှမ်း တစ်လုံးတည်းနဲ့ ဆီမဖြစ်ပါဘူး”ဆိုတဲ့ စကားဟာ အားလုံးစုပေါင်းညီညာခြင်း ကို ရည်ညွှန်းတာ။ အဲဒါကို အယူအဆ တလွဲကောက်ပြီး ”ငါတစ်ယောက်တည်း ပြုပြင်လို့မရပါဘူးကွာ”ဆိုပြီး ”ဒီပုတ်ထဲက ဒီပဲ”တွေ လုပ်မနေနဲ့ကြပါနဲ့”ဟု လမ်းမ တော် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက တိုက်တွန်းပြောဆိုလိုက် သည်။
ထက်ထက်မိုးမြင့်၊ ရန်နိုင်၊ ဇေဝေယံ

Popular Myanmar News Journal

No comments:

Post a Comment