Tuesday, December 31, 2013

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လေးပွင့်ဆိုင်တွေ့ဆုံခြင်းဖြင့် ပြည်သူလူထု၏ စိုးရိမ်မှုများအား ဖြေဖျောက်ပေးရန် နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့ တောင်းဆို

ပြည်သူလူထုအများစု ယုံကြည်အားထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိနေသည့် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်သူလူထု၏ သံသယစိတ်၊ စိုးရိမ်ပူပန်မှု တို့အား လျှော့ ချပေးရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ တောင်းဆိုသည့် ကြေညာချက်အား ထုတ်ပြန် ခဲ့ကြောင်း သတင်းရရှိသည်။
 မြန်မာ့နိုင်ငံရေးတွင် အရေးတကြီး ဖြေရှင်းရန်လိုအပ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးနှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရာတွင် လွယ်ကူချောမွေ့စေရန် အတွက် ဒေါ်အောင်ဆန်း စုကြည် က ရည်ရွယ်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု ယူဆသဖြင့် ထိုမေတ္တာ ရပ်ခံချက်ကို ထောက်ခံ သည် ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဖော်ပြခဲ့သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် သွေဖယ်သဖြင့် ပြင်ကိုပြင်ဆင်သင့်သည့် ဥပဒေဖြစ်ကြောင်း လည်း ဖော်ပြ ခဲ့သည်။
 ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လေးပွင့်ဆိုင်တွေ့ ဆုံခြင်းဖြင့် ပြည်သူလူထု အကြား ဖြစ်ပေါ်နေသည့် သံယသများကို ဖြေဖျောက်နိုင်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် အချိန်ကြာမြင့်မှု ကိုလည်း ကျော်လွှားနိုင်မည်ဖြစ်သဖြင့် တိုင်းပြည်အတွက် ကောင်းကျိုး သက်ရောက် မှုများ ပေါ်ထွန်း လာမည်ဟု ယုံကြည်ကြောင်းကိုလည်း ဖော်ပြထားသည်။ ၂၀၀၈ အခြေခံ ဥပဒေဖြင့် ပြည် တွင်းငြိမ်းချမ်းရေး မရနိုင်သလို၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း နှောင့်နှေးစေပြီး၊ ဒီမိုကရေစီရေး၊ လူ့အခွင့် အရေး တို့ကိုလည်း အာမခံချက်မပေးနိုင်သောကြောင့် ပြင်ဆင်ရန်ကြာမြင့်ပါက တိုင်းပြည် နစ်နာမည်ဖြစ်သောကြောင့်လည်း အမြန်ဆုံးပြင်ဆင်သင့်သည်ဟု အကြံပြုထားသည်။ 

Eleven

No comments:

Post a Comment