Monday, December 9, 2013

မျိုးမအောင်သော အမျိုးသားတွေအတွက် သတင်းကောင်းတစ်ခု

Photo: မျိုးမအောင်သော အမျိုးသားတွေအတွက် သတင်းကောင်းတစ်ခု
Monday, December 09, 2013

မျိုးမအောင်သော အမျိုးသားများအနေဖြင့် ဖန်ပြွန်သန္ဓေသား နည်းပညာကို အသုံးပြုခြင်းအားဖြင့် ကလေးရနိုင်မရနိုင်ကို သိရှိရန် ခွဲစိတ်စရာမလိုဘဲ သိနိုင်မည့် နည်းပညာတစ်ခုကို တွေ့ရှိခဲ့ကြသည်။ ယင်းနည်းပညာအား Toronto ရှိ Mount Sinai Hospital မှ အဖွဲ့တစ်ဖွဲ့က ဦးဆောင်တွေ့ရှိခဲ့ ခြင်းဖြစ် သည်။ ယင်းမှာ သုက်ပိုးထဲ ၌ ECM နှင့် TEX10 ၊ ပရိုတင်း နှစ်မျိုးအား ရှာဖွေခြင်းဖြစ်သည်။ ယင်းပရိုတင်း နှစ်မျိုးမှာ ရှာဖွေရ လည်း လွယ်ကူပြီး ဆက်လက်ကုသမှုများအားလည်း လျင်မြန်စွာလုပ်ဆောင်နိုင်ကြောင်း သိရသည်။ လက်ရှိသုက်ပိုးလုံးဝမရှိသောမျိုး မအောင်သော အမျိုးသားများအား ကုသရာ၌ ခွဲစိတ်၍ ရှင်သန်နိုင်သော သုက်ပိုးထုတ်ခြင်း သို့မဟုတ် အလှူရှင်ထံမှ သုက်ပိုးယူခြင်းတို့ဖြင့် ကုသလျက်ရှိသည်။ ဦးဆောင်သူ အဖွဲ့ခေါင်းဆောင် Dr.keith Jarvi က လူနာများအနေဖြင့် ယခုကဲ့သို့ သုက်ပိုးမှ ပရိုတင်းနှစ် မျိုးအား စစ်ခြင်းအားဖြင့် ခွဲစိတ်၍ ကုသခြင်းမှ ရရှိနိုင်သည့် အချက်အလက်များ အားလုံးရနိုင်သည့်အတွက် ပိုမိုအဆင်ပြေသွားသည်ဟု ပြောကြားခဲ့သည်။ 

မိုင်ကိ
ref:Netdoctor.co.uk
By Health Updates
မျိုးမအောင်သော အမျိုးသားများအနေဖြင့် ဖန်ပြွန်သန္ဓေသား နည်းပညာကို အသုံးပြုခြင်းအားဖြင့် ကလေး ရနိုင် မရနိုင်ကို သိရှိရန် ခွဲစိတ်စရာမလိုဘဲ သိနိုင်မည့် နည်းပညာတစ်ခုကို တွေ့ရှိခဲ့ကြသည်။
ယင်းနည်းပညာအား Toronto ရှိ Mount Sinai Hospital မှ အဖွဲ့တစ်ဖွဲ့က ဦးဆောင်တွေ့ရှိခဲ့ ခြင်းဖြစ် သည်။ ယင်းမှာ သုက်ပိုးထဲ ၌ ECM နှင့် TEX10 ၊ ပရိုတင်း နှစ်မျိုးအား ရှာဖွေခြင်းဖြစ်သည်။ ယင်းပရိုတင်း နှစ်မျိုးမှာ ရှာဖွေရ လည်း လွယ်ကူပြီး ဆက်လက်ကုသမှုများအားလည်း လျင်မြန်စွာလုပ်ဆောင်နိုင်ကြောင်း သိရသည်။ လက်ရှိသုက်ပိုးလုံးဝမရှိသောမျိုး မအောင်သော အမျိုးသားများအား ကုသရာ၌ ခွဲစိတ်၍ ရှင်သန်နိုင်သော သုက်ပိုးထုတ်ခြင်း သို့မဟုတ် အလှူရှင်ထံမှ သုက်ပိုးယူခြင်းတို့ဖြင့် ကုသလျက်ရှိသည်။ ဦးဆောင်သူ အဖွဲ့ခေါင်းဆောင် Dr.keith Jarvi က လူနာများအနေဖြင့် ယခုကဲ့သို့ သုက်ပိုးမှ ပရိုတင်းနှစ် မျိုးအား စစ်ခြင်း အားဖြင့် ခွဲစိတ်၍ ကုသခြင်းမှ ရရှိနိုင်သည့် အချက်အလက်များ အားလုံးရနိုင်သည့်အတွက် ပိုမိုအဆင်ပြေ သွားသည်ဟု ပြောကြားခဲ့သည်။ 

မိုင်ကိ
ref:Netdoctor.co.uk
By Health Updates

No comments:

Post a Comment