Monday, December 30, 2013

ပရိသတ် နှစ်သောင်းကျော် လာရောက်ရန် ခန့်မှန်းထားသည့် Hppy New Year Grand Royal 2013 ဖျော်ဖြေပွဲ

Happy New Year Grand Royal 2013ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ရက်တွင် ကျိုက္ကဆံမြင်းပြိုင်ကွင်း အရှေ့ဘက် ရွှေထွဋ်တင်ကွင်း၌ ကျင်းပမည်ဖြစ်ရာ လက်မှတ်စောင်ရေ ၁၈,၂၀၀ကျော် ရောင်း ချပြီးဖြစ်ကြောင်း ပွဲစီစဉ်သူဂျွန်လွင်က မဇ္ဈိမကိုပြောသည်။ ယင်းဖျော်ဖြေရေးအစီစဉ်ကို ညနေ၆နာရီတွင် စတင်ကျင်းပမည်ဖြစ်သည်။
“ဒီနှစ်က ပွဲတွေကလည်း အရမ်းများတယ်လေ။ နောက်ပြီး ကျွန်တော်တို့ရဲ့ Grand Royal ပရိတ်သတ်တွေအတွက် တစ်ကယ်ကိုထိထိမိမိ ပျော်စေချင်လို့ လိုအပ်တာတွေအများကြီးထည့်ထားတယ်။ ပြည်ပဖျော်ဖြေရေးပွဲတွေလည်း ထည့်ထားပါတယ်။” ဟုဂျွန်လွင်ကပြောသည်။

ယင်းဖျော်ဖြေရေးတွင် ပရိတ်သတ်တိုင်းဝယ်ယူရရှိနိုင်ရန်အတွက် လက်မှတ်တစ်စောင်လျှင် ကျပ်၅၀၀၀ဟု သတ်မှတ်ထားခြင်းဖြစ်ရာ လာရောက်ကြမည့် ပရိသတ် ၂၀၀၀၀ကျော်အထိ မျှော်မှန်းထားပြီး ယခင်နှစ်ကမူ ပရိတ်သတ်၅၀၀၀လာရောက်ခဲ့သည်ဟု ဂျွန်လွင်ကပြောသည်။ ဖျော်ဖြေရေးတွင် ပေ၆၀၊၄၀ အကျယ်ရှိသည့် စတိတ်စင်သုံးမျိုးကို ဆောက်ထားမည်ဖြစ်ပြီး ယင်းစတိတ်စင်များသည် ယခင်နှစ်ကထက် များစွာ ကြီးမားသည်ဟု ဆိုသည်။ ယခုနှစ်ဖျော်ဖြေရေးပွဲတွင် LEDမီးများဖြင့် ပရိတ်များကိုကစားပြ မည်ဖြစ်ပြီးဖျော်ဖြေမှုအပြီးတွင် count down ရေတွက်ရန်အတွက် လေးငါးဆင့် ပစ်ဖောက်နိုင်သည့် မီးရှုးမီးပန်းများကို အသုံးပြုရန် ၀ယ်ယူခဲ့သော်လည်း ခွင့်ပြုချက်မရရှိသဖြင့် မီးအလင်းရောင်ခပ်ကြီးကြီး များကို ပရိတ်သတ်များကြားတွင် ဖြတ်သန်းသွားစေရန် လုပ်ဆောင်မည်ဖြစ်သည်။

အဆိုပါ GrandRoyalဖျော်ဖြေပွဲတွင် ပရိသတ်များလုံခြုံရေးအတွက် လုံခြုံရေးအင်အား ၁၈၀ကျော်ကို အသုံးပြုသွားမည်ဖြစ်သည်။ ယင်းဖျော်ဖြေရေးတွင် အမေရိကန်နိုင်ငံသားတစ်ဦးက ထူးဆန်းသည့် မီး များဖြင့်  ကပြဖျော်ဖြေမည်ဖြစ်ပြီး ခေတ်ပေါ်အကအဖွဲ့များ၏ ဖျော်ဖြေမှုများ၊ မျက်လှည့်နှင့် စတိတ် ရှိုးဖျော်ဖြေမှု များလည်း ပါဝင်မည်ဖြစ်ကာ DJသော်သော်က သူ၏လက်စွမ်းဖြင့်တီးခတ်ဖျော်ဖြေ ဖြစ်သွားမည်ဖြစ်သည်။

၎င်းဖျော်ဖြေပွဲတွင်Big Bag ၊ Wanted ၊ Idiots ၊ Reasons ၊ ဖူးဖူး ၊ဂျီလတ် ၊ ဇွဲပြည့် ၊ အောင်မြင့်မြတ် ၊ အေသင် ချိုဆွေ၊ ရတနာမိုင်၊ အိုင်းရင်ဇင်မာမြင့်တို့၏ သီဆိုမှုကို Immrotedနှင့် SIRတီးဝိုင်းတို့က တီး ခတ် ဖျော်ြေ ဖ မ ည်ဖြစ်ပြီး အက ပိုင်းတွင် ၀တီစိုး ၊ လင်းလင်း ၊ ဟန်ဇော် ၊ Little Jade Dragon အဖွဲ့တို့ ပါဝင်ဖျော်ဖြေမည်ကြဖြစ်သည်။

ယခင်ကျင်းပခဲ့သည့်၂၀၁၂ ခုနှစ်HappyNewYearGrandRoyal2012ဖျော်ဖြေပွဲတွင်အမေရိကန်အမျိုးသမီး တစ်ဦး မီးကွင်း အက၊ ခန္ဓာကိုယ်ကို ကွင်းဖြင့်လှည့်သည့်ဖျော်ဖြေသည့်အကသည် လူကြိုက်များခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment