Tuesday, December 24, 2013

မန္တလေး မစိုးရိမ်တိုက်သစ်သံဃာတော်များ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို မတိုက်ခိုက်ဟုဆို

မန္တ လေးတိုင်း မဟာအောင်မြေမြို့ နယ်ရှိ မစိုးရိမ်တိုက်သစ်မှသံဃာတော်များ ဦးဆောင်ပြီး ဒေါ် အောင်ဆန်း စုကြည်နှင့် ၎င်း၏ NLD ပါတီအား တိုက်ခိုက်နေ သည်ဆိုသည်မှာ လုံးဝမဟုတ် ကြောင်း မစိုးရိမ်တိုက်သစ်မှ ဆရာတော်များက ပြည်သူများ အား အသိပေးကြေညာခဲ့သည်။
ဖေ့စ်ဘွတ်အကောင့်တစ်ခုတွင် ''မစိုးရိမ်တိုက်သစ်မှဘုန်း ကြီးများ ဦးဆောင်ပြီး NLD ပါတီနှင့် အမေစုအား တိုက်ခိုက် တဲ့ စာတွေဝေနေပါသည်''ဟု ရေးသားထားသောကြောင့် မစိုး ရိမ်တိုက်သစ်မှ ဆရာတော်များ က ၎င်းတို့၏ဖေ့စ်ဘွတ်စ်စာ မျက်နှာ တွင် အသိပေးကြေညာ ခဲ့ခြင်းဖြစ်သည်။

''ဦးဇင်းတို့က ကိုယ့်ပရိ ယတ္တိအလုပ်နဲ့ ကိုယ့်ဘာသာ လည်ပတ်နေကြတာပါ။ ဒီလိုမျိုး ရေးသား တာက ကျောင်းကိုအ သုံးချပြီး လုပ်ဆောင်နေတာဖြစ် တယ်။ ဒါကြောင့် ပြည်သူတွေ ရှင်းရှင်း လင်းလင်း သိရအောင် လို့ အသိပေးလိုက်တာပါ။ မစိုး ရိမ်တိုက်သစ် က ဆရာတော်ကြီး ရဲ့ဖေ့စ်ဘွတ်မှာ ဒါနဲ့ပတ်သက် ပြီးထုတ်ပြန်ထားတယ်''ဟု မစိုး ရိမ်တိုက်သစ် နာယကဆရာ တော်က မိန့်ကြားသည်။

မစိုးရိမ်တိုက်သစ်သည် ပရိယတ္တိ သာသနာ့တာဝန်ကို အချိန်ပြည့် ထမ်းဆောင်နေ သော စာသင်တိုက်တစ်တိုက် ဖြစ်ကြောင်း၊ ပြည်သူများအတွက် မဖြစ်မနေ လိုအပ်လျက်ရှိသော အချိန်အခါမှလွဲ၍ နိုင်ငံရေးတွင် ပါဝင်ပတ်သက်လေ့မရှိကြောင်း၊ မြန်မာနိုင်ငံ ၏ ခေတ်တစ်ခေတ် ကို ပြောင်း လဲရောက်ရှိစေခဲ့ သော ကမ္ဘာနှင့် မြန်မာကပါ လေးစားတန်ဖိုးထားသော စေ တနာလည်း မှန်၍ အရည်အ ချင်းပြည့်ဝ၍ နိုဘယ်ငြိမ်းချမ်း ရေးဆုရှင် ဒေါ်အောင်ဆန်းစု ကြည် ခေါင်းဆောင်သော NLD ပါတီအား ဝေဖန်ရှုတ်ချခြင်း လုံးဝပြုလုပ်မည် မဟုတ်ကြောင်း၊ သို့ဖြစ်ပါ၍ မစိုးရိမ်တိုက်သစ် ဘုန်းကြီးများ ဦးဆောင်ပြီး NLD ပါတီနှင့် အမေစုအား တိုက်ခိုက်တဲ့ စာတွေဝေနေပါ သည်ဟူသောသတင်းမှာ လုံးဝ မဟုတ်ပါကြောင်း အတိအလင်း အသိပေး ကြေညာအပ်ပါသည် ဟု မစိုးရိမ်တိုက်သစ်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်၍ ဆရာတော်ဦးဝီရသူက ''ခွန်ဒီ ယမ်းဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့် မှာ မစိုးရိမ် တိုက်သစ်က သံဃာ တော်တွေကို တိုက်ခိုက်နေပါ တယ်ဆိုပြီး စွပ်စွဲရေးသားထား တဲ့အတွက် ကျောင်း က ဒီလို ပြန်ထုတ်ပြန်တယ် ကြားတယ်။ ဦးဇင်း အနေနဲ့ပြောရရင်တော့ ဦးဇင်းတို့က ဒီလိုခိုးကြောင်ခိုး ဝှက်အလုပ်တွေမလုပ်ဘူး။ အ ပြုသဘောဆောင်တဲ့ ဝေဖန်မှု မျိုးပဲလုပ်တယ်။ အခုလို လုပ်တာ က အစွဲနဲ့တိုက်ခိုက်တယ်လို့ပဲ ယူဆတယ်''ဟု မိန့်ကြားသည်။

ရွှေရည်မဉ္ဇူ
Yangon Media Group

No comments:

Post a Comment