Tuesday, September 23, 2014

အင်္ဂလန်သို့  ပန်ကန်ပြားပျံ တစ်စင်း ရောက်လာခဲ့သလား

UFO
ပို့စ်မောက် ကောင်းကင်ယံတွင် တွေ့လိုက်ရသည့် ပန်းကန်ပြားပျံဟု ယူဆရသည့် အရာဝတ္ထု။ (ဓာတ်ပုံ - ဒေးလီးမေးလ်)
အင်္ဂလန်နိုင်ငံ တောင်ဖက်ကမ်းခြေ ကောင်းကင်ယံတွင်  အရှိန်နှုန်း လျင်မြန်စွာ ပျံသန်းသွားသော အမျိုးအမည်မသိ အရာဝတ္ထု တစ်ခုကို တွေ့ရှိလိုက်ကြရာ သိပ္ပံနှင့် ဆိုင်ရာ နယ်ပယ်များမှ ပညာရှင်များ အပြင် မြို့ နေ ပြည်သူများ အကြား မည်သည့် အရာဝတ္ထု ဖြစ်မှန်းကို ဒွိဟပွား အတွေးခက်နေစေသည်။“



ပို့မောက်စ် ကောင်းကင်ယံတွင် CD ပြား သဏ္ဍန်ကဲ့သို့ အရာဝတ္ထု တစ်ခု  ဒေသစံတော်ချိန် စက်တင်ဘာ ၂၃ ရက် ညနေ ၇ နာရီခန့် က အလျင်နှုန်း မြင့်စွာဖြင့် ဖြတ်ပျံသွားခဲ့ခြင်းကို လူအများ တွေ့ရှိခဲ့ကြခြင်း ဖြစ် သည်။
ယင်းအရာဝတ္ထုနှင့် ပတ်သက်ပြီး လူအများက Twitter တွင် တိမ်တိုက် တစ်ခုသာ ဖြစ်မည်ဟု ကိုယ်ထင်ရာမြင်ရာ ထင်ကြေးများ ပေးကြသည်။ သို့ သော် မိုးလေဝသနှင့် ဇလဗေဒ ဌာန အရာရှိ တစ်ဦးက တိမ်တိုက် တစ်ခု ဖြစ်နိုင်သည် ဟူသော ထင်မြင်ချက်များ အပေါ် လက်မခံ ငြင်းပယ်သည်။
မိုးဇလဌာနမှ အရာရှိ လော်ရာယန်းက တိမ်တိုက် မဖြစ်နိုင် ကြောင်းကို "ရိုက်ယူထားတဲ့ အဲဒီ အရာဝတ္ထုပုံကို ကြည့်ရ သလောက်တော့ ဒါဟာ မိုးလေဝသနဲ့ ဘာမှမဆိုင်တဲ့ အရာ ဆိုတာကိုတော့ ပြောနိုင်တယ်။ ဒါက တိမ်တိုက်တစ်ခု မဟုတ်ပါဘူး"ဟု ပြောခဲ့သည်။
ထို့အပြင် ယင်းအရာကို မြင်တွေ့ခဲ့ရသူ လူငယ်တစ်ဦး ကလည်း "ပန်ကန်ပြားပျံ တွေနဲ့ ပက်သက်ရင် ကျွန်တော်က ယုံတာ မဟုတ်ဘူး။ ဒါပေမယ့် ခုတွေ့ ခဲ့ရတဲ့ အရာကတော့ ဘာမှန်းကို ခွဲရ ခက်တယ်။ တိမ်တွေလည်း မဟုတ်ပါဘူး။ မီးခိုးရောင် ရှိပြီး ခပ်ပြားပြား သဏ္ဍာန် ရှိတယ်။ ရွေ့ လျား သွားတာ တော်တော် လေးလည်း မြန် တယ်" ဟု ဆိုသည်။
ယင်းသို့ အငြင်းပွားမှုများ ဖြစ်ပွားနေသော်လည်း ရိုက်ယူထားသည့် ဓာတ်ပုံတွင်မူ ထိုအရာမှာ ပုံသဏ္ဍာန်အားဖြင့် ထူးခြားနေသော်လည်း တိမ်တိုက်တစ်ခု နှင့်လည်း အတော်ပင် ဆင်တူနေ သည်ကို တွေ့ရသည်။

Mizzima

No comments:

Post a Comment