Wednesday, January 22, 2014

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်းတွင် ရခိုင်တိုင်းရင်းသားအများ ပိုင်ကုမ္ပဏီ (၁၁ )ခုနှင့် အခြားတိုင်းရင်းသား ကုမ္ပဏီတစ်ခုပါဝင်

Photo: ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်းတွင်
ရခိုင်တိုင်းရင်းသားအများ ပိုင်ကုမ္ပဏီ (၁၁ )ခုနှင့် အခြားတိုင်းရင်းသား ကုမ္ပဏီတစ်ခုပါဝင်
Wednesday, January 22, 2014

ကျောက်ဖြူ အထူးစီးပွားရေး ဇုန်အကောင်အထည်ဖော်ဆောင် ရွက်ရန် မြန်မာနိုင်ငံမှလုပ်ငန်းရှင် များက ၅၁ ရာခိုင်နှုန်းရင်းနှီးမြှုပ်
နှံရမည်ဖြစ်ရာ ရခိုင်အများပိုင် ကုမ္ပဏီ(၁၁)ခုနှင့် အခြားတိုင်းရင်း သားကုမ္ပဏီတစ်ခုတို့မှ ရှယ်ယာ ရှင်များဖွဲ့စည်းကာ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရခိုင် ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းမှ သိရသည်။ 

ကျောက်ဖြူအထူး စီးပွားရေးဇုန် သည် သီလဝါနှင့် ထားဝယ်အထူး စီးပွားရေးဇုန်များကဲ့သို့ အစိုးရ အချင်းချင်းရင်းနှီးမြှုပ်နှံမှု (Govern- ment to Government) မဟုတ်ဘဲ ပုဂ္ဂလိကအများပိုင်ကုမ္ပဏီအချင်း ချင်း(Business to Business)ရင်း နှီးမြှုပ်နှံမှုဖြစ်သောကြောင့် အများ ပိုင်ကုမ္ပဏီများကို တင်ဒါခေါ်ဆောင် ရွက်ရခြင်းဖြစ်ရာ နည်းပညာနှင့် အတတ်ပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရန် အတွက် အများပိုင်ကုမ္ပဏီ(၁၂)ခု ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်းသိရသည်။ 

ကျောက်ဖြူ အထူးစီးပွားရေး ဇုန်ကို အဆင့်သုံးဆင့်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် 
SEZ Dev- elopment Plan အတွက် ပြည်တွင်း ကုမ္ပဏီ (၁၂) ခုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ၌ ဖွဲ့စည်းထားပြီး ဒုတိယအဆင့်ဖြစ်သှောနဇ အတွက် အကြံပေးအဖွဲ့တစ်ဖွဲ့ကို ပြည်ပနိုင်ငံ ပေါင်း ၁၆ နိုင်ငံရှိ အဖွဲ့ပေါင်း ၃၁ဖွဲ့မှ ရွေးချယ်သွားမည်ဖြစ်ရာ အထက်ပါအဆင့်များဆောင်ရွက် ပြီးစီးပါက တတိယအဆင့်ဖြစ်သော SEZ (အထူးစီးပွားရေးဇုန်) ပထမ အဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကျောက်ဖြူ အထူးစီးပွားရေး ဇုန်သည် အများပိုင်ကုမ္ပဏီများရင်း
နှီးမြှုပ်နှံသွားမည်ဖြစ်သော်လည်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှု
၅၁ ရာခိုင် နှုန်းတွင်အစိုးရဘက်မှလည်း ရင်း နှီးမြှုပ်နှံမှုပါဝင်နိုင်ကြောင်း၊ ပါဝင် နိုင်မည့်ပမာဏကိုမူ အတိအကျ မသိရှိရသေးချေ။ ကျန် ၄၉ ရာခိုင် နှုန်းကို ပြည်ပလုပ်ငန်းရှင်များက ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

စီးပွားရေးဇုန်ပထမအဆင့်ဧက ၁ဝဝဝ အကောင်အထည်ဖော်ရာ တွင် ဒေသခံများကျွမ်းကျင်သော ငါးဖမ်းလုပ်ငန်းကိုအခြေခံသည့် စက်မှုလုပ်ငန်း၊ အထည်ချုပ်လုပ် ငန်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလုပ်ကိုင်ကာ ဒေသခံ များအတွက် အလုပ်အကိုင်အခွင့် အလမ်းများကိုလည်း ဖန်တီးဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။

The Voice Weekly
ကျောက်ဖြူ အထူးစီးပွားရေး ဇုန်အကောင်အထည်ဖော်ဆောင် ရွက်ရန် မြန်မာနိုင်ငံမှလုပ်ငန်းရှင် များက ၅၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံရမည်ဖြစ်ရာ ရခိုင်အများပိုင် ကုမ္ပဏီ(၁၁)ခုနှင့် အခြားတိုင်းရင်း သားကုမ္ပဏီတစ်ခုတို့မှ ရှယ်ယာ ရှင်များဖွဲ့စည်းကာ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရခိုင် ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းမှ သိရသည်။ 
ကျောက်ဖြူအထူး စီးပွားရေးဇုန်သည် သီလဝါနှင့် ထားဝယ်အထူး စီးပွားရေးဇုန်များကဲ့သို့ အစိုးရ အချင်းချင်း ရင်းနှီးမြှုပ်နှံ မှု (Govern- ment to Government) မဟုတ်ဘဲ ပုဂ္ဂလိကအများပိုင်ကုမ္ပဏီအချင်းချင်း(Business to Business) ရင်း နှီးမြှုပ်နှံ မှုဖြစ်သောကြောင့် အများပိုင်ကုမ္ပဏီများကို တင်ဒါခေါ်ဆောင် ရွက်ရခြင်းဖြစ်ရာ နည်းပညာနှင့် အတတ်ပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် အများပိုင်ကုမ္ပဏီ(၁၂)ခုဖွဲ့စည်း ထားခြင်းဖြ စ်ကြောင်း သိရသည်။ 
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အဆင့်သုံးဆင့်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ ပထမအဆင့် အနေဖြင့် SEZ Dev- elopment Plan အတွက် ပြည်တွင်း ကုမ္ပဏီ (၁၂) ခုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ၌ ဖွဲ့စည်းထားပြီး ဒုတိယအဆင့်ဖြစ်သှောနဇ အတွက် အကြံပေးအဖွဲ့တစ်ဖွဲ့ကို ပြည်ပနိုင်ငံ ပေါင်း ၁၆ နိုင်ငံရှိ အဖွဲ့ပေါင်း ၃၁ဖွဲ့မှ ရွေးချယ်သွား မည်ဖြစ်ရာ အထက်ပါအဆင့်များဆောင်ရွက် ပြီးစီးပါက တတိယအဆင့်ဖြစ်သော SEZ (အထူးစီးပွားရေးဇုန်) ပထမ အဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
ကျောက်ဖြူ အထူးစီးပွားရေး ဇုန်သည် အများပိုင်ကုမ္ပဏီများရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သော်လည်း ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု၅၁ ရာခိုင် နှုန်းတွင်အစိုးရဘက်မှလည်း ရင်း နှီးမြှုပ်နှံမှုပါဝင်နိုင်ကြောင်း၊ ပါဝင် နိုင်မည့်ပမာဏကိုမူ အတိအကျ မသိရှိရသေးချေ။ ကျန် ၄၉ ရာခိုင် နှုန်းကို ပြည်ပလုပ်ငန်းရှင်များက ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
စီးပွားရေးဇုန်ပထမအဆင့်ဧက ၁ဝဝဝ အကောင်အထည်ဖော်ရာ တွင် ဒေသခံများကျွမ်းကျင်သော ငါးဖမ်းလုပ်ငန်းကို အခြေခံသည့် စက်မှုလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလုပ်ကိုင်ကာ ဒေသခံများ အတွက် အလုပ်အကိုင်အခွင့် အလမ်းများကိုလည်း ဖန်တီးဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
The Voice Weekly

No comments:

Post a Comment